Chapter 175 Shapeshifting And A New Team Member ( Z & U)

9.3K 1.5K 147
                                    

C- 175 Shapeshifting and a new team member.

အခန်း ၁၇၅ အသွင်သဏ္ဍာန်ပြောင်းလဲခြင်းနှင့် အဖွဲ့ဝင်အသစ်တစ်ကောင်

ဆယ့်ငါးရက်ကြာပြီးနောက် သုခဘုံနယ်မြေပွင့်ဖို့ သူတို့တွေဝင်ခဲ့တာ ရက်နှစ်ဆယ်ပင်ရှိပြီ။ အဆုံတော့ တစ်လဆိုသောအချိန်၏ သုံးပုံတစ်ပုံသာ ကျန်တော့သည်။

ထိုအချိန်တွင် အဖွဲ့အတော်များများက အတူတကွ စတင်ပြန်လည်နေကြပြီလည်းဖြစ်သည်။ သူတို့တွေ အားလုံးက အရပ်မျက်နှာ တစ်ခုသို့သာ ဦးတည်သွားနေကြသည်။ ထိုအရပ်မှာ သုခဘုံနယ်မြေ၏ ထိပ်ဆုံးအပိုင်း မှော်ဝင်သားရဲတောင်ထွတ်၏ ထိပ်တွင် ရှိသော ခမ်းနားထည်ဝါလှသည့် နန်းတော်ကိုပင် ဖြစ်သည်။

ထိုနန်းတော်မှာ မူလက ချိတ်ပိတ်ထားသည်ဟု ဆိုကြသည်။ သို့သော် အချို့သော အကြောင်းခြင်းရာတို့ကြောင့် အဆိုပါ နန်းတော်မှာ တစ်လတွင် တစ်ရက်ပွင့်တတ်သည်။ ထိုအချိန်ကိုက်မှာ ထုံးစံအတိုင်းပင် သူတို့၏ တစ်လအချိန်ကန့်သတ်ချက်၏ နောက်ပိုင်းအချိန်လည်းဖြစ်သည်။

ထိုထုံးစုံ ကြောင့်မို့လဲ Ling Xiao နှင့် You XiaoMoတို့ Lei Ju နှင့် ဆုံသည့်အခါက သူတို့က နန်းတော်ပွင့်ချိန်ကို လွတ်သွားမှာကို အနည်းငယ်လေးတောင် မစိုးရိပ်ကြတာ ဖြစ်သည်။ သူတို့က အဲဒိကို အလျင်အမြန် တက်သုတ်ရိုက်သွားလျှင်တောင် သူတို့က အပြင်မှာ စောင့်ဆိုင်းရလိမ့်မည်။ ပြီးတော့ သူတို့က အဲဒိ မှော်ဝင်သားရဲတောင်ထွတ်က နန်းတော် ဆီကို တောင် ရောက်နိုင်ပါ့မလားဆိုလား မသေချာလှ။

မှော်ဝင်သားရဲတောင်ထွတ်ဟု အမည်စွဲရခြင်းမှာ အဲဒိနေရာတွင် မရေမတွက်နိုင်သော အင်အားကြီး မှော်ဝင်သားရဲများစွာ တွေ့နိုင်သောကြောင့်ဖြစ်သည်။

အဲဒါတင်မကသေးပေ။ ထိုမှော်ဝင်သားရဲများအားလုံးမှာ ရှားပါးပြီး ခမ်းနားကြီးကျယ်လှသော မှော်ဝင်သားရဲများဖြစ်ကြသည်။ အနိမ့်ဆုံးအဆင့်မှာ ခြောက်ဖြစ်သည်။ အမြင့်ဆုံးကတော့ အဆင့်တစ်ဆယ်ဟု ဆိုကြသည်။ မှော်ဝင်သားရဲတောင်ထွတ်တွင် ကန့်သတ်ထားသော အမြင့်ဆုံးကန့်သတ်ဖြစ်တာကြောင့် မှော်ဝင်သားရဲများ၏ သန်မာမှု ခွန်အားက အဆင့်တစ်ဆယ်တွင် ရပ်သွားသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now