Chapter 106 One Huge Sum (Z & U)

10.9K 1.7K 4
                                    

Zawgyi

C-106 One huge sum.
အခန်း ၁၀၆ များပြားလှသော ငွေလုံးပေါင်း
“ဒါတွေဘယ်သူဖော်လဲဆိုတာ အရေးမှ မကြီးတာ မှော်ဆေးလုံးဗဟိုအလုပ်ရုံက ဒါတွေကို ၀ယ်မှာလား မ၀ယ်ဘူးလား”
You XiaoMo ပြန်ဖြေမလို့လုပ်နေတုန်း Ling Xiao သူ့လက်တစ်ဖက်ကို You XiaoMoရှေ့ဆန့်ထုတ်ပြီး တားဆီးလိုက်သည်။ အဖိုးကြီးရဲ့ အရည်ပြားကို ဖြတ်သန်းပြီး မြင်ရလောက်သည်ဟု ဆိုနိုင်သော စူးရှသော အကြည့် နဲ့ မတုန်မလှုပ် လေးကို ကြည့်နေတာ သူအဖိုးကြီးကို ကြည့်နေတဲ့ မျက်လုံးတွေက အေးအေးသက်သာ ကြည့်နေတယ်လို့် ထင်ရပေမယ့် သူ့အကြည့်တွေက အဖိုးကြီးရဲ့ အရည်ပြားကို ဖြတ်သန်းပြီးမြင်နိုင်သလိုကို စူးရှလွန်းလှသည်။
အဖိုးကြီးက ချောင်းလေးတစ်ချက်ဟန့်ကာ သိချင်စိတ်ကို ဖုံးကွယ်ပြီး လေးနက်စွာဖြင့် “ ဒီမှော်ဆေးလုံးတွေက အဆင့်နှစ်ဆေးလုံးတွေပဲ ဖြစ်နေပေမယ့် သေချာတာက သာမန်တော့ မဟုတ်ဘူးလေ။ အရည်အသွေးကလဲ သာမန်ထိပ်တန်းဆေးလုံးတွေထက်တောင် နဲနဲလေး သာနေသေးတယ်။ ဒီလိုလုပ်ပါလား.. ပုလင်းသုံးလုံးက ဈေးကွက်လဲ နဲတဲ့ အများသုံးဆေးလုံးတွေ ဖြစ်နေတော့ ဆေးလုံးတစ်လုံးကို ရွှေပြား ငါးရာပေးမယ် အခြားပုလင်း နှစ်လုံးက အဆင့်နှစ်ဆေးလုံးတွေထဲမှာ အထူးတလည်ကို ထူးခြားတယ် ဆိုတော့ တစ်လုံးကို ခြောက်ရာပေးမယ် ဒီက ပုဂ္ဂိုလ်နှစ်ယောက်က ကန့်ကွက်စရာများ ရှိနေသေးလား?”
Ling Xiao ခေါင်းညိမ့်ကာ ပြောလိုက်သည် “ဒီလိုပဲ လုပ်တာပေါ့”
You XiaoMo တွက်ချက်ပြီးတာနဲ့ အရမ်းကို ကျေနပ်သွားသည်။ ရွှေပြား ငါးရာပေးမည့် သုံးပုလင်း က ခုနစ်သောင်းငါးထောင် ၊ ခြောက်ရာပေးမည့် နှစ်ပုလင်းက ခြောက်သောင်း ရမည် အားလုံးပေါင်းဆိုရင် သူရမှာက တစ်သိန်းသုံးသောင်းငါးထောင်ဖြစ်သည်။ မှော်ဆေးပင်တွေတန်ဖိုးကို နှုတ်လိုက်မည်ဆိုရင်တောင် သူအများကြီး ရနေပြီ။
သူတို့ မကန့်ကွယ်တာကို မြင်တာနဲ့ အဖိုးကြီးက ရွှေပြားထဲ့ထားသော ပိုက်ဆံအိတ်လေးလေးကြီး ထုတ်ကာ သူတို့ကို ပေးရန် ရေတွက်တော့သည်။
You XiaoMo ရွှေပြားတွေ ထဲ့ထားတဲ့ ပိုက်ဆံကို ယူလိုက်တာနဲ့ သူ့လက်မောင်းကအလေးဆွဲထားသလိုဖြစ်ကာ ပြုတ်ကျတော့ မတတ်ဖြစ်သွားသညါ။ သူ့ မှော်အိတ်ထဲကို ပျော်ရွှင်စွာနဲ့ သိမ်းလိုက်သည်။ အဆင့်နှစ် ဆေးဝါးတွေက အဆင့်တစ်ဆေးလုံးတွေထပ် သိသိသာသာ ပိုကောင်းသည်။ ဆေးလုံးပေါင်း နှစ်ရာ့ငါးဆယ် ကို တစ်သိန်းကျော်ရတာဖြစ်သည်။ အောက်ထပ်မှာ သူတွေ့ခဲ့တဲ့ အဆင့်လေးမှော်ဆေးပင် တစ်ဖုံစာဈေးကို သူသိချိန်က စိတ်တွေ ချက်ချင်းအကုန် ပျောက်ကွယ်သွားသည်။ သူအခုတော့ တကယ့် ကို ချမ်းသာသူတစ်ယောက်၏ လမ်းစတော့ ရောက်နေပြီဖြစ်သည်။
သူ့ရဲ့ နွေးထွေးကောင်းမွန်လှတဲ့ မှော်အိတ်ကလေးကို ကိုင်ရင်းနဲ့ You XiaoMo သူ့ရဲ့ အခြားကိစ္စတစ်ခုကိုပါ သတိရသွားသည်။ ဒါက ဆေးဝါးအလုပ်ရုံ ဆိုတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့မှာ သူလိုချင်တာ ရှိနိုင်သည်မို့ မေးလိုက်သည်။ “ဆရာကြီး တို့ဆီမှာ အဆင့်လေး ကနေ အဆင့်ခြောက်အထိ ဆေးပင် မျိုးစေ့တွေရောင်းလား”
အဖိုးကြီးက တစ်ခဏတော့ တုန့်ဆိုင်းသွားပြီး သူ့ကို ခြေဆုံးခေါင်းဆုံး တအံ့တသြကြည့်ပြီးမှ “မှော်ဆေးပင်မျိုးစေ့တွေ လိုချင်တာလား”
You XiaoMo ခေါင်းငြိမ့်လိုက်ကာ မျှော်လင့်ချက်အပြည့်နဲ့ အဖိုးကြီးကို ကြည့်ကာ “ဟုတ်.ဒီမှာ ရောင်းဖို့ ရှိလား”
ဒီလိုကြီးမားတဲ့ ဆေးဝါးဆိုင်ကြီးမှာတောင် မရှိဘူးဆိုရင်တော့ အခြားမှော်ဆေးပင်ဆိုင်သေးတွေမှာ ရှိနိုင်မှာတောင် မဟုတ်တော့
မုတ်ဆိတ်မွေးတွေကို သပ်ရင်းနဲ့ အဖိုးကြီး တစ်စိမ့်စိမ့်တွေးဆနေသည်။ သူ့မျက်လုံးထဲမှာ ထူးဆန်းတဲ့ အရိပ်ယောင်တစ်ချက် လက်သွားသည်။ အကြာကြီး ချီတုန်ချတုံဖြစ်ပြီးမှ “ရှိပေမယ့် အများကြီးတော့ မရှိဘူး ဒီက လူကြီးမင်းနှစ်ဦး သိတဲ့အတိုင်းပဲ မှော်ဆေးပင်အစေ့တွေက အဆင့်မြင့်လေလေ ၀ယ်သူနည်းလေလေပဲ ဆိုတော့ ကျုပ်တို့လို မှော်ဆေးလုံးဗဟိုအလုပ်ရုံလို ဆိုင်ကြီးမျိုးတောင် ပစ္စည်းကို အများကြီးမထားနိုင်ဘူး”
ရှိတယ်ဆိုတဲ့ စကားလုံးကြားရကတည်းက You XiaoMo စိတ်တွေ အရမ်းလှုပ်ရှားနေပြီးဖြစ်သည်။ နည်းနည်း များများ က ပြဿနာမဟုတ် “ ဆရာကြီးတို့မှာ ဘယ်လောက်ရှိတာလဲ ဘယ်လောက်လဲ”
“ဟီး ဟီး ဆိုင်မှာ အခုလောလောဆယ်တော့ အဆင့်လေးမှော်ဆေးပင် ခြောက်ဆယ့်ငါးမျိုးရှိတယ် တစ်မျိုးကို အစေ့တစ်ရာ နဲ့ ဈေးက တစ်သောင်းခွဲပါ။ အဆင့်ငါးမှော်ဆေးပင်မျိုးစေ့ က ရှစ်ဆယ့်ကိုးမျိုး တစ်မျိုးကို အစေ့ငါးဆယ်နဲ့ ဈေးက သုံးသောင်း။ အဆင့်ခြောက်မျိုးစေ့က တစ်ရာနှစ်ရှိပြီးတော့ တစ်မျိုး အစေ့နှစ်ဆယ် နဲ့ ဈေးက နှစ်ရာ.”
ခုံပေါ်လက်ချောင်းတွေနဲ့ အသာခေါက်သံက တိုးညှင်းစွာ ထွက်ပေါ်နေသည်။ အဖိုးကြီး တစ်ဆင့်ခြင်းကို ရှင်းနေတုန်းကို You XiaoMo ချွေးစေးတွေ ထွက်လာသည်။ အဆုံးသတ်ကို ကြားတဲ့အခါမှာတော့ ချွေးတွေ ပန်းထွက်လာသလိုတောင် ခံစားရသည်။
အလယ်အလတ်အဆင့် ဆေးပင်မျိုးစေ့တွေက ဒီလောက်ဈေးကြီးလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဘူး အဆင့်လေးမှော်ဆေးပင်မျိုးစေ့နဲ့တင် ခြောက်သောင်း ငါးထောင်ဖြစ်နေပြီ သူ့အိတ်ကပ်ထဲက ပိုက်ဆံတွေနဲ့ ၀ယ်ရင်တောင် တစ်ဝက်ဖိုးမပြည့်။ မျိုးစေ့တွေ အကုန်လုံးသာ ၀ယ်မယ်ဆိုရင် ရှစ်သန်းကျော်လောက် ကုန်မှာဖြစ်သည်။ မျိုးစေ့နဲနဲပဲ ပါလေလေ ဈေးကြီးလေလေဖြစ်သည်။ သူဓါးပြသွားတိုက်ရင်တောင် ကောင်းမလားပဲ
ကိုကြီး…….  You XiaoMo ခေါင်းမော့ပြီး Ling Xiaoကို ကြည့်လိုက်သည်။ Ling Xiao က သူ့ခေါင်းကို အသာပုတ်ပြီး အဖိုးကြီးကို “အစေ့တွေကို ဖယ်ပေးထားဖို့ ဒီကဆရာကြီးကို ပဲ ဒုက္ခပေးရတော့မှာပဲ ကျွန်တော်တို့ မနက်ဖြန်မှ လာယူမယ် ရတယ်မလား”
“ဟာ.. ရတာပေါ့” အဖိုးကြီး ခေါင်းငြိမ့်ပြီး ရယ်ပြလိုက်သည်
“အာ့ဆိုလဲ သွားလိုက်ပါဦးမယ်” Ling Xiao အဖိုးကြီးကို ခေါင်းတစ်ချက်ငြိမ့်ကာ နှုတ်ဆက်ပြီး You XiaoMoကို ခေါ်ကာ ဆိုင်ထဲက ထွက်ခွာလိုက်သည် အဖိုးကြီးမှာတော့ သူတို့ ထွက်ခွာသွားတာကို ကြည့်ပြီး ခြေသံတွေ တဖြည်းဖြည်းပျောက်ကွယ်သွားတာကို နားထောင်ရင်းနဲ့ နက်နက်နဲနဲကို အတွေးတွေထဲ မျောနေတော့သည်။ သူ့ရှေ့က ဆေးလုံးတွေ ထဲ့ထားတဲ့ ပုလင်းငါးလုံးပေါ်ကို အကြည့်တွေ ကျရောက်သွားပြန်သည်။ ကြည့်လေလေ သူ့မျက်လုံးရဲ့ အကြည့်တွေက ထူးဆန်းလေလေ ဖြစ်လာသည်။ ဒီလူတွေ သယ်လာတာက သူတွေးနိုင်တာထက်တောင် လွန်သွားပြီ ဖြစ်သည်
“တစ်ကြိမ်ထဲနဲ့ အဆင့်နှစ် ထိပ်တန်းအဆင့် ဆေးလုံးတွေ ငါးပုလင်းရောင်းတယ် သာမန် အဆင့်နိမ့် နဲ့ အလယ်အလတ် အဆင့်တွေလဲ မဟုတ်ဘူး အဆင့်မြင့် ဆေးပင် အဖုံ ကိုးရာထက် မနည်းတော့ လိုမှာပဲ ဒီလောက် အရေအတွက်များများတစ်ခါမှ မမြင်ခဲ့ဘူးဘူး ဘယ်လိုပဲ ကြည့်ကြည့် လူငယ်လေးကလဲ ဆယ့်ခွန် ဆယ့်ရှစ် ထပ်လဲ ပိုမှာမဟုတ်ဘူး လွန်ရောကျွန်ရော အဆင့်နှစ်မှော်ဆရာပဲ ဖြစ်မှာ ဒီလောက်ဆေးလုံး အများကြီးကို သူဖော်တာလဲ မဖြစ်နိုင်တာပဲ ဒါပေမယ့် သူ့ပုံ ကြည့်ရတာတော့ သူဖော်…..” တစ်ယောက်ထဲ တိုးတိုးပြောနေပြန်သည်။ ထိတ်လန့်ဟန်တွေ မျက်လုံးတဲ ပေါ်လာပြန်သည်။ ပြီးတော့ သူ့ခေါင်းသူ ခါကာ ကိုယ့်ကိုကိုယ် နှစ်သိမ့်သလို လုပ်နေပြန်သည်။
ဒါပေသိ တကယ်တမ်း သူ့ကို အံ့သြစေတာက မှော်ဆရာရဲ့ လုပ်နိုင်စွမ်းနဲ့ အကြောင်းပြချက်မဟုတ် ဒီလောက် ဆေးပင်အစေ့တွေဝယ်တာရယ် ထိပ်တန်းအဆင့် မှော်ဆေးလုံးငါးပုလင်း ရယ်က သူစိတ်တောင် မကူးမိသည်ကို သူသိမြင်သွားသလို ခံစားမိသည်။ သူတွေးမိတာသာ မှန်ရင် အတော်လွန်နေပြီဖြစ်သည်။ “မဟုတ်သေးပါဘူး မြို့သခင်ကို သွားပြောမှပါ အကယ်လို့်သာ ဒီလူငယ်လေးက အဆင့်မြင့် ဆေးပင်တွေ စိုက်တဲ့ လျှို့ဝှက်နည်းရှိတယ်ဆို တို့တွေ ဒီလို ထိုင်ကြည့်နေလို့ ဘယ်ဖြစ်မလဲ ငါတို့သာ ဒီလျှို့ဝှက်နည်းကို ကိုင်ထားနိုင်ပြီဆိုရင် အဓိပ္ပါယ်က နောက်ကို အဆင့်မြင့်ဆေးပင် တွေနဲက ထိပ်တန်းအဆင့် ဆေးလုံးတွေ မုန့်စားသလောက်ကို လွယ်နေပြီမလား”
အဖိုးကြီး တွေးလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာသည် ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်ကို မြင်လိုက်ရသလို နောက်ကျိနေတဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပလာသည် ဒါပေမယ့် လူငယ်လေးဘေးက သူက တော့ ပြဿနာ….
You XiaoMo ကတော့ အဲဒိအချိန်မှာ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငိုက်စိုက်ကျကာ ဆိုင်ထဲမှာ ထွက်လာခဲ့သည်။ သူဆိုင်ထဲကို ၀င်သွားတုန်းက စိတ်ဝင်စားမှုအပြည့်နဲ့ အားကြိုးမာန်တက် ၀င်သွားတာဖြစ်သည်။ ပြန်ထွက်လာချိန်မှာတော့ ဂျာဗားနိုင်ငံမှ ပြန်လာသလို (စိတ်ပင်ပန်း လာ) ပင် ဖြစ်နေသည်။ သူအကြမ်းဖျင်းတော့ တွက်ကြည့်ပြီးဖြစ်သည်။ မှော်ဆေးပင်အစေ့တွေကို ၀ယ်ဖို့ သူဖယ်လိုက်ရင် သူ့မှာဆေးအိုး ကောင်းကောင်း ၀ယ်ဖို့ မလောက်တော့ချေ တောင်အောက်ကို ဒီတစ်ခါ ဆင်းလာတာမှာ သူ့မှာ ရည်ရွယ်ချက် နှစ်ခုရှိသည်။ မှော်ဆေးပင်အစေ့တွေ နဲ့ ဆေးအိုးတစ်အိုး ၀ယ်ဖို့ ဖြစ်သည်။
လေလံပွဲက ရွှေတွေမလောက်ရင် သူ မှော်ဆေးပင်အစေ့ နဲနဲ သာ ၀ယ်နိုင်တော့မှာ ပဲ ဖြစ်သည်။
သူစဉ်စားနေတုန်း လက်တစ်ဖက်က  သူ့ခေါင်းကို ရိုက်ထဲ့လိုက်တာကြော့် မှော်ဆေးလုံးဗဟိုအလုပ်ရုံရဲ့ ဆိုင်လှေကားကနေ ပြုတ်ကျတော့မလိုဖြစ်သွားသည်။ ဘယ်သူ့လက်ချက်ဆိုတာ စဉ်းစားစရာ မလိုပေ Ling Xiaoကို မိုက်ကန်းကန်းကြည့်ပြီး “အကိုကြီး Ling ကျွန်တော့ ခေါင်းကို ဘာလို့ ရိုက်တာလဲ"
Ling Xiao ရဲ့ နှုတ်ခမ်းတစ်စုံ အပြုံးအဖြစ်ကွေးတက်သွားသည် သူ့ပါးနှစ်ဖက်လုံကို ဆွဲလိမ်ပြီးမှ “ညီလေး မင်းက အီးးးးး တစ်ကယ့်ကို ချစ်ဖို့ကောင်းတာပဲ မင်းတကယ့်ကို စိတ်ဝိဥာဏ်အရည် ရှစ်ဆယ့်ရှစ်စက်က ရှစ်သန်းမကျော်ဘူးလို့ ထင်နေတာလား အာ့ဆို ဘာလို့ အဲဒိမှာ သွားထဲ့တာသေးလဲ”
You XiaoMo ပါးနှစ်ဖက်လုံး ဆွဲလိမ်လိုက်သလိုဖြစ်သွားသည်။ သူ့လက်တစ်စုံကို ဆွဲဖယ်ပလိုက်ပြီး ဘေးကို နဲနဲ တိုးသွားသည်။ သူသေချာစစ်ဆေးပြီးမှ “ လူကြီးလူကောင်းဆိုတာ ပါးစပ်ပဲသုံးတာ လက်မပါဘူး ဒါပေမယ့် ။… ကိုကြီး ပြောတာ တကယ်လား”
ပထမစကားတစ်ခွန်းထွက်လာပြီးနောက်မှ မျက်လုံးနက်လေးတစ်စုံက မျှော်လင့်ချက်ကြောင့် ပြူးကျယ်ပြီး သူ့ ရဲ့ တကယ့်အတွေးတွေ ပေါ်လာတာဖြစ်သည်။ Ling Xiao ပြုံးကာ သူ့မကောင်းဆိုးဝါး လက်သည်းတွေက သူ့ကို လှမ်းဆွဲတော့သည်။
You XiaoMo နောက်ကို ခြေလှမ်းနည်းနည်းဆုတ်ပြီး သူ့ကို လှမ်းဆွဲတာကို ရှောင်လိုက်ရတာက ဆိုင်ထဲကို ၀င်လာတဲ့ လူတစ်ယောက်ကို မတော်တဆတိုက်မိလိုက်သည်။ ထိုလူကလဲ သတိလက်လွတ်သူ့ကို ပြန်တွန်းထဲ့လိုက်တာက သူ့ကို Ling Xiaoရဲ့ ရင်ခွင်ထဲ ပြန်တွန်းသလိုဖြစ်သွားသည်။ You XiaoMo သူ့ရင်ခွင်ထဲ ၀င်လာတာကို ဆီးဖမ်းရင်းနဲ့ ဖြစ်တည်လာတဲ့ ပျော်ရွှင်မှုကို Ling Xiao ထိန်းမနိုင်တော့
အာ.. ဒီပုဂ္ဂိုလ်လေးက ဘယ်လိုတွေတောင် ချစ်ဖို့ကောင်းရတာလဲ။
“အင်းပါ အင်းပါ မင်းကို ထပ်မစတော့ဘူးဟုတ်လား အတည်ပြောရအောင်”
သူ့ရင်ခွင်ထဲမှာ ရုန်းကန်နေတဲ့ You XiaoMo ကို အသာထိန်းပြီးတော့ “ဟိုအဖိုးကြီး မင်းကို ပေးတဲ့ စိတ်ဝိဥာဉ်အရည် တွေအတွက် လေလံဈေးက ကြမ်းခင်းဈေးလေ အရေးအကြီးဆုံးက နောက်ဆုံးဈေးပဲ ဟာကို စိတ်ဝိဥာဉ်အရည်လို တန်ဖိုးကြီးတဲ့ ပစ္စည်းတွေရဲ့ နောက်ဆုံးဈေးက နှစ်ဆဖြစ်နိုင်ချေပဲ ရှိတယ် အင်အားကြီးတဲ့ အဖွဲ့တွေက လေလံလာဆွဲမယ်ဆိုတာ သံသယဖြစ်စရာတောင်မလိုဘူး”
“တကယ် နှစ်ဆဖြစ်နိုင်လို့လား”
You XiaoMo ခေါင်းမော့ပြီး သူ့ကို သေချာအောင် ပြန်ကြည့်တော့၏ ဒါက သူ့စကားကို သံသယရှိချင်လို့မဟုတ်ပဲ Ling Xiao က တစ်လုံးကို သူ့ကို စနောက်နေတာကြောင့်မို့ သူနည်းနည်းလေးပိုပြီး သတိထားတဲ့ သဘောပါပဲ။
“မယုံဘူးရင် မနက်ဖြန် လေလံပွဲစတာနဲ့ သိရမှာပဲဟာ စောင့်ကြည့်ပေါ့” Ling Xiao ကလဲ အများကြီးရှင်းပြမနေတော့။
ဝက်ထွက်ပြေးတာကို မမြင်လိုက်ရရင်တောင် မင်းအရင်က စားဖူးနေတာပဲ။ (မင်းကိုယ်တိုင် သေချာမမြင်ဘူးပေမယ့်လဲ ဒါဘယ်လိုလဲ ဆိုတာ မင်းမှန်းနိုင်နေတာပဲ)
Ling Xiao ပြောတာ အမှန်တွေပဲ တာ You XiaoMo သိပါသည်။ သူ့အရင်ဘ၀က တီဗီထဲမှာလာတဲ့ လေလံပွဲတွေကို သူကြည့်လေ့ရှိပါသည်။ လူချမ်းသာတွေ က သူတို့ကြိုက်တာတွေ့တာနဲ့ အသဲအသန်ကို ဈေးအပြိုင်ပေးကြတာနဲ့ ဈေးက နှစ်ဆမြင့်သွားဖို့ဆိုတာက လွယ်လွယ်လေးဖြစ်သည်။
လူမွဲဖြစ်နိုင်ချေကို ခြေဖျတ်နိုင်ပြီးတဲ့ အခါမှ တစ်လမ်းသွား (တစ်ချိန်မှာ တစ်မျိုးသာတွေးခေါ်နိုင်တဲ့) You XiaoMo ပြန်ပြီး လှုပ်ရှားလာနိုင်တော့သည်။
ဒီတစ်ကြိမ်မှာတော့ Ling Xiaoကို အခြားဆိုင်တွေဘက်ကို You XiaoMo ဆွဲခေါ်နိုင်တော့သည်။ သူ့မှာ အခြားဝယ်စရာတွေ ကျန်သေးသည်။ အခုလောလောဆယ်တော့ သူ့မှာ ဆေးအိုးကောင်းကောင်းဝယ်ဖို့ ငွေအလုံလောက်မရှိတော့ ဒါ့ကြောင့် သူလိုတ့ သစ်သားစင်တွေ ၀ယ်ဖို့ သစ်သား ပရိဘောဂ ဆိုင်ကို ပဲ သွားဖို့ ဆုံးဖြတ်လိုက်ကြသည်။
HunJiမြို့က သစ်သားပရိဘောဂဆိုင်တွေကလဲ HePingမြို့က ဆိုင်တွေထက် ပိုပြီး ပစ္စည်းစုံလင်လှသည်။ အသုံးပြုသည့် သစ်သားတွေကလဲ အကောင်းဆုံးအရည်အသွေးရှိတဲ့ နှစ်နှစ်ဆယ်ကနေ သုံးဆယ်သက်တမ်းရှိတဲ့ သစ်သားတွေနဲ့ ပြုလုပ်ထားတာဖြစ်သည်။ လက်ရာတွေက လဲ ကောင်းမွန်ပြီး လက်ရာမြောက်လှသည်။ အထူးသဖြင့် အပြင်ဘက်က အနားသတ်ရယ် သိမ်မွေ့တဲ့ သွင်ပြင်ရယ်က အတော့်ကို ဆွဲဆောင်နိုင်လှသည်။ ဒါပေမယ့် အကောင်းတကာ့ အကောင်းဆုံး သစ်သားစင် ကမှ ရွှေဆယ့်ငါးပြားသာ ကျသင့်လေသည်။ HePing မြို့က လက်ရာတွေထက် ကို အဆပေါင်းများစွာ ဈေးကြီးနေပေမယ့် You XiaoMoက တော့ ရာချီပြီးတော့ကို အများအပြား ၀ယ်ယူတော့သည်။
မန်နေဂျာကို သစ်သားတဲအိမ်ဆောက်ဖို့ လိုအပ်တာတွေ သူမေးလိုက်သေးသည်။ မှော်စွမ်းအင် ရေများရောစပ်ရန်အတွက်လဲ သစ်သားစည်း အလုံးနှစ်ရာ ၀ယ်ယူပြန်သည်။ တစ်ချီထဲနှင့်တင်ရွှေပြား သောင်းဂဏန်းပေါင်းများစွာ ကုန်ကျလိုက်တာမို့ ရင်ထဲက နှလုံးသားကို ဆွဲကိုင်လိုက်သလို နာကျင်စေသည်။
ပရိဘောဂဆိုင်ကနေ ထွက်လာချိန်မှာတော့ မကြာခင်နေ၀င်တော့မှာမို့ အိပ်ဖို့နေရာရှာဖို့ပဲ အနီးအနားမှာလျှောက်ကြည့်ကြသည်။
ကြယ်ခုနစ်လုံး အဆောက်အဦးက HunJiမြို့မှာ အကြီးဆုံး ဟိုတယ်ဖြစ်သည်။ လေလံပွဲက မနက်ဖြန်စတော့မည်မို့ လေလံပွဲကို လာကြသူ အများစုက ကြယ်ခုနစ်လုံးအဆောက်အဦးကိုပဲ တည်းဖို့ ရွေးချယ်ကြတာများကြသည်။ အများစုက ဧည့်ကတ် ထုတ်ပေးခြင်းခံရသူများဖြစ်သည်။ သူတို့ ကတ်ပြားကို ပြလိုက်တာနဲ့ ကြယ်နစ်လုံးအဆောက်အဦးမှာ အခမဲ့ တည်းနိုင်ကြသည်လေ။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now