C-74 Eating people?
You XiaoMo က အနက်ရောင်ဝတ်စုံနှင့်လူ ပြန်လာသည်ဟု ချက်ချင်းတွေးမိသောကြောင့် နီးစပ်ရာ ရေခဲရုပ်တုနောက်တွင် အမြန် ပြေးပုန်းလိုက်သည်။ရေခဲရုပ်တုများက အလွန်ကြီးမားနှင့် You XiaoMoက တော်တော်လေး ပိန်တာကြောင့်ရယ်ကြောင့် သူ့တစ်ကိုယ်လုံးက အဲဒိအနောက်မှာ ဝင်ပုန်းနေတာနှင့်တင် ပျောက်ကွယ်သွားသည်။
အလျင်စလို လာနေသော ခြေသံများက You XiaoMo မျှော်လင့်ထားသလို ဝတ်စုံအနက်နှင့်လူ ပြန်လာသော ခြေလှမ်းများဖြစ်သည်။ သူမထွက်သွားခင်ကနှင့် စာလျှင်တော့ သူ့အမူအယာက စိတ်ပိုလှုပ်ရှားနေပုံ ရသည်။ အထဲကို အလျင်စလို ဝင်လာပြီးနောက် You XiaoMo ၏ အရိပ်အယောင် မမြင်ရတာနှင့် သူ့မျက်နှာက မည်းသည်းသွားသည်။ အခုတော့ သူ့ကို မချည်နှောင်ထားခဲ့မိတာ မှားယွင်းတွက်ဆမိတာ ဖြစ်သွားမှန်း သဘောပေါက် သွားတော့သည်။
ရေခဲလိုဏ်ဂူကြီးက အလွန် ကြီးမားလှသည်။ ပြီးတော့ ဒီအထဲမှာက ကိုယ်ခံပညာရှင်များ၏ အာရုံခစားနိုင်သော အစွမ်းကို ဖြတ်တောက်ထားသော ထူးဆန်းသော အခြေအနေကြီးလဲ ရှိနေသေးသည်။ You XiaoMo က တစ်ကယ်တမ်း ပုန်းချင်နေပြီ ဆိုလျှင် သူက အလွယ်တကူ ရှာတွေ့တော့မှာ မဟုတ်ပေ။
အနက်ရောင်ဝတ်စုံနှင့် လူက ခြေဆောင့်လိုက်သည်။ ဘယ်လိုတောင် မှားယွင်းတွက်ဆမိရတာလဲ။
သူ့နောက်က လေထုက ပိုပို အားပြင်းပြင်းလာတာကို ခံစားမိတော့ အနက်ရောင် ဝတ်စုံနှင့် လူက You XiaoMo ကို အပြေးအလွှား ရှာဖို့ အချိန်မရှိတော့ပေ။ သူနှင့် တပါတည်း ပါသော ဓါးရှည်ကို ဆွဲထုတ်ကာ လေတိုးသံတွေ နီးနီးလာသော လိုဏ်ဂူ ဝင်ပေါက်ဝနားကို ပြေးပုန်းတော့သည်။
လေတိုးသံက ဂူပေါက်ဝကို ရောက်လာတာနှင့် အနက်ရောင် ဝတ်စုံဝတ်လူက ကျယ်လောင်စွာ အော်ဟစ်ပြီး သူ့လက်ထဲက ဓါးရှည်ကို အကြမ်းအတမ်း ဝေ့ယမ်းလိုက်သည်။ ချွင်ခနဲ အသံ ထွက်ပေါ်လာသည်။ ဓါးရှည်က သူ့ရဲ့ ဦးတည်ရာကို ချော်ထွက်သွားကာ ရေခဲကြမ်းပြင်ကို ထိခိုက်မိသွားသည်။ ထူးဆန်းသည်ကတော့ ထို အင်အားကြီးသော တိုက်ခိုက်ချက် ခံလိုက်ရသောရေခဲ ကြမ်းပြင်က ဘာမှ ထိခိုက်သွားသော အစအနပင် မရှိ။ သို့သော် အနက်ရောင်ဝတ်စုံနှင့် လူကတော့ အဲဒိအရာများကို တွေးနေဖို့ အချိန်မရှိတော့။
ESTÁ A LER
အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)
AventuraThe Legendary Master's Wife (Myanmar Translation) MM translate from English Translate Chapter (64- 201) (227-231) (381-399) Crd to original novel