Chapter 142 Attack ( z & u)

10.1K 1.5K 7
                                    

C- 142 Attack.

အခန်း ၁၄၂ တိုက်ခိုက်ခြင်း
'ဆယ့်ငါးသန်း……..တစ်သိန်း´
အဲဒိအချိန်မှာမှာ တွန့်ဆုတ်တွန့်ဆုတ် အသံလေး ရုတ်တရက် ထွက်ပေါ်လာသည်။
လူတိုင်းက အံ့အားသင့်ဖွယ်ရှာဖွေသိရှိသွားတာကတော့ အခုတင်ပါးစပ်ဖွင့်လိုက်တဲ့ တစ်ယောက်က ဟိုလူဘေးမှာ ထိုင်တဲ့ ခြုံထည်အနက်နှင့်လူတစ်ယောက်ဆီကဖြစ်နေတာကိုပင်။ သူက သေးလွန်းလို့ သူ့ကိုလုံးဝကို ကျော်ပြီး ကြည့်မိနေတာကြတာ။ သူ့အသံအရဆိုလျှင် အတော်ငယ်သော လူငယ်လေးဖြစ်လိမ့်မည်။ ပြောပြီးတာနဲ့ လူငယ်လေးက သူ့ကို ငေးကြည့်နေတဲ့အကြည့်တွေအောက်မှာ သက်တောင့်သက်သာ မဖြစ်သလိုဖြစ်ကာ သူ့ကိုယ်သူပွတ်သတ်ပြီးတော့ သူ့ဘေးက လူနားကပ်သွားသည်။
ထိုလူကတော့ You XiaoMo အပြင် ဘယ်သူမှမဖြစ်နိုင်။
တကယ်တော့ သူက Ling Xiao လေလံဝင်ဆွဲနေတာကို စိတ်ထဲမထားပေ။ သို့သော် ပြီးခဲ့တဲ့နှစ်ကြိမ်ကိုပြီးနောက်တော့ ဒီလူက ထိပ်တန်းအသုံးအဖြုံးကြီးသူတစ်ယောက်ဆိုတာကို လုံးဝရှင်းရှင်းလင်းလင်း သိရှိသွားသည်။ တစ်နာရီတောင် မပြည့်သေးတဲ့ အချိန်မှာ သူက သန်းနှစ်ဆယ် သုံးပြီးသွားပြီ
ဒါ့ကြောင့် ဒီတစ်ခါတော့ သူ့ကို ပါးစပ်ဖွင့်ခွင့် မပေးနိုင်တော့ အဘယ့်ကြောင့်ဆိုသော် Ling Xiao က ပမာဏတစ်ခုကို ပဲ အလွယ်အတကူ အော်ဟစ်လေ့ ရှိတာမို့ဖြစ်သည်။ တစ်ခါတိုးရင် နည်းနည်းချင်းတိုးလို့ရနေတာ ထင်ရှားရဲ့သားနဲ့ သူကတစ်သန်းဒါမှမဟုတ် နှစ်သန်းလောက် မြှင့်နေတော့ သူ့ကို သေလောက်အောင် စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်နေတာ။ ရွှေပြားတွေအများကြီး ရှိနေရင် သူစောဒက တက်မနေပါဘူး တကယ်ပါ။
ဒီတော့ ဒီတစ်ကြိမ်ကျတော့ သူ့ပါးစပ်ပဲ ဖွင့်ပြီးတော့ Ling Xiao ကို ဖွင့်ခွင့်ကို မပေးတော့တာ။
အံ့ဖွယ်သိုးသားအတွက် ဈေးတစ်ခါပေးလျှင် အနည်းဆုံး တစ်သိန်းမြှင့်ပေးရတာကြောင့် You XiaoMo က အနည်းဆုံးပမာဏကို ပေးလိုက်တာဖြစ်သည်။
ထပ်ပြီးကန့်လန့်တိုက်ခံလိုက်ရတော့ Ding Shi ကဒေါသတွေ ထပ်ပြီးတော့ မချုပ်တီးနိုင်တော့။ သူက သေအောင်လုပ်ချင်စိတ်တွေတောင် ရှိနေပြီ။ ရုတ်တရက်ကြီး ဘယ်သူမှ သူတို့နားကို မအုပ်နိုင်လောက်အောင် မိုးချုန်းသံလို အသံကြီးပေါ်လာကာ ထိတ်လန့်စရာတွန်းအားတစ်ခုက ပေါ်ထွက်လာသည် ။ ရုတ်တရက် တွန်းအားအပြည့်နှင့် အားတစ်ခုက Ling Xiao နှင့် You XiaoMo ကို ဦးတည်ကာ တန်းဝင်သွားသည်။
Ding Shi ကို သူ့ရဲ့ကျိုးကြောင်းဆီလျော်မှုပျောက်အောင်တောင် စနိုင်တယ် ဆိုတည်းက သူ့ကို ပြန်တိုက်ခိုက်နိုင်မှုက အဆင့်တူဟု ခန့်မှန်းနိုင်ကာ Ling Xiao နှင့်You XiaoMo တို့နှစ်ယောက်ကိုလဲ အတော်လေး လုပ်နိုင်စွမ်းရှိသူတွေဟု ဆိုနိုင်သည်။ အနည်းဆုံးတော့ ဒါက အခြားသူတွေရဲ့အမြင်မှာ ဘယ်လိုရှိလဲ ဆိုတာပေါ့။
Ding Shi အနားကလေတွေက မတည်ငြိမ်တာကို အစောတည်းက Ling Xiaoက သတိထားမိပြီးသားဖြစ်သည်။ သူတို့ကို ရုတ်တရက်ကြီး တိုက်ခိုက်လာတော့ သူက မအံ့သြမိတော့။ လှည်းထုတ်လိုက်သလိုမျိုး စိတ်စွမ်းအင်တွေက သူ့ကိုယ်ကနေ ပြင်းပြင်းထန်ထန်  အတင်းတိုးထွက်လာသည်။ ခရမ်းရောင်မီးတောက် ထိတ်လန့်စရာကောင်းစွာ ရုတ်တရက်မြင့်တက်လာပြီးတော့ အသံရှည်ကြီးနဲ့လည်းအော်မြည်ကော မီးဟုန်းဟုန်းတောက်အောင် လှိုင်းလုံးကြီးတွေက တောင်ကြီးအလားမီးတွေတောက်နေသည်။ ချက်ချင်းကို သူ့ကို လွတ်ပေးလိုက်သလို ၀ုန်းခနဲ သူ့ကို ဦးတည်ပြီး တိုက်ခိုက်ဖို့လာတဲ့ဆီကို ဦးတည်သွားသည်
အားနှစ်ခုက တစ်ခုနှင့် တစ်ခု တိုက်မိပြီးတော့ ကြောက်စရာကောင်းအောင် ပေါက်ကွဲထွက်သွား သည်။ ရေကန်မျက်နှာပြင်မှာ ဂယက်ထွက်သွားတာနှင့်တောင်တူကာ တိုက်မိသည့်နေရာကနေ စွမ်းအင်းဂယက်က ဖြန့်ထွက်လာသည်…….
သို့သော် ကိစ္စက ဒီလောက်နှင့် ပြီးမသွားချေ။ Ling Xiaoကိုယ်ထဲက ထွက်လာတဲ့အဆိုပါ အလွန်အကြူးမြင့်တက်လာတဲ့ ခရမ်းရောင်မီးတောက်က ဒီလိုပဲမပျောက်ကွဲသွားပေ။ လေထဲမှာ ခဏလေးသာရပ်တန့်သွားတယ်ထင်ရပြီးတော့  မျက်စိရှေ့မှာတင် Ding Shiဆီကို ပြင်းပြင်းထန်ထန် ပစ်ဝင်သွားတော့သည်။
'ရပ်´
တည်ငြိမ်တဲ့ အသံတစ်ခုက ပင်မခန်းမထဲမှာ ရုတ်တရက် ပျံလွင့်လာသည်။ သဏ္ဍာန်တစ်ခုက Ding Shi ဘေးမှာ ရုတ်တရက် ပေါ်ထွက်လာသည်။ ပြင်းပြင်းထန်ထန် ချဉ်းကပ်လာတဲ့ ခရမ်းရောင်မီးတောက်ကို ကို ကြည့်ပီးတော့ သူ့သွင်ပြင်က ပြင်းပြင်းထန်ထန်ပြောင်းလဲသွားသည်။ သူက Din Shiရဲ့ ပခုံးကို အမြန်လှမ်းဆွဲပြီးတော့ ဘေးကို တွန်းထည့်လိုက်သည်။
ပစ်မှတ်ပျောက်သွားတဲ့ ခရမ်းရောင် မီးတောက်အတန်းကြီးက Ding Shi ၏ ထိုင်ခုံကို ရိုက်ခတ်သွားတော့သည်။ အဖြူရောင် သဲကျောက်ထိုင်ခုံက ချက်ချင်းကို ခရမ်းရောင်မီးတောက်ထဲ ပျော်ဝင်သွား……………
အဆိုပါ မြင်ကွင်းကို ကြည့်ပြီးတော့ လူအများက အံသြမှုဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။ အကယ်လို့ ဒီတိုက်ခိုက်မှုက တစ်ယောက်ယောက်ကိုသာ ထိသွားလျှင် သေမှာ သေချာလှသည်။ သို့သော် Ding Shi ကို ကယ်လိုက်တဲ့လူဖြစ်သွားတဲ့ မျက်နှာအမူအယာလိုမျိုး ဖြစ်သွားကြတဲ့ လူက ပိုများသည်။ တစ်စုံတစ်ယောက်ဆိုလျှင် အံအားသင့်လွန်းလို့ အော်တောင် အော်မိသေးသည်။
'ဧကရာဇ်   ဧကရာဇ်အဆင့်´
ဒီအာမေဋိတ်သံက အထပ်တစ်ထောင်လောက်မြင့်သွားအောင် လုပ်နိုင်တဲ့ ကျောက်တုံးတစ်တုံးလိုမျိုးဖြစ်သည်။ ပင်မ ခန်းမကြီး တစ်ခုလုံးက ရေတွက်လို့မရတဲ့ သက်ပြင်းရှိုက်သံတွေနဲ့ ပြည့်နှက်သွားသည်။
ဒါက စိတ်ဝိညာဉ်အဆင့် တိုက်ခိုက်သူ ဆိုလျှင် သူတို့က ကြောက်ရွံ့ပြီးသားဖြစ်နေပြီသား။ ဒီလူက တစ်ကယ့် ဧကရာဇ်အဆင့်တိုက်ခိုက်သူ ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားပေ။ လူတိုင်းသိတဲ့အတိုင်းပဲ Long Xiao တိုက်မကြီး၏ တောင်ဘက်အပိုင်းမှာက ဧကရာဇ်အဆင့် တိုက်ခိုက်သူ သုံးယောက်ပဲ ရှိသည်။ သူတို့တွေက TianXin ဂိုဏ်းကTang Fan၊ QingChengဂိုဏ်းက Luo ChengYuanနဲ့ ZingLuoအဖွဲ့ကShenTu Dao တို့ဖြစ်သည်။
သို့သော် သူတို့တစ်ယောက်စီတိုင်းက ကြောက်မက်ဖွယ်ရာ ခေါင်းဆောင်များဖြစ်သည်။ သူတို့ အဖွဲ့သုံးခု၏ ဂုဏ်သတင်းကလည်း ရယ်မောစရာ မဟုတ်ပေ။ ဒီအဖွဲ့တွေက ကြီးမားသောခွန်အားကြီး သုံးချောင်းထောက်အဖြစ် ရပ်တည်နိုင်နေတာလဲ သူတို့မှာ ဧကရာဇ်အဆင့် တိုက်ခိုက်သူ တစ်ဦးစီ ရှိသောကြောင့်ဖြစ်သည်။
ဘယ်သူကမှ ဧကရာဇ်အဆင့် တိုက်ခိုက်သူတစ်ယောက်က ဒီနေ့မှာ ဒီလို အရေးမပါလှတဲ့ ရတနာတစ်သောင်း စင်မြင့်မှာ တကယ်ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့။ ဒီအဓိပ္ပါယ်က Long Xiao တိုက်ကြီး၏ တောင်ဘက်အပိုင်းက လေတွေ အပြောင်းအလဲ ဖြစ်လိမ့်မယ်လို့ ဆိုလိုတာလား?
Ling Xiao ၏ပေါက်ကွဲထွက်လာတဲ့ တိုက်ခိုက်မှုပြီးထဲက Ding Shi၏ မျက်နှာက သေခါနီးလိုဖြူဖျော့နေတယ်လို့တောင် ပြောလို့မရပေ။ အဲဒိထပ် ကို ပိုပြီးဖျော့တော့နေသောကြောင့်ဖြစ်သည်။
ခရမ်းရောင်မီးတောက်နဂါးဆီက သူခံစားရတဲ့ ဖိအားက သူ့အဖွဲ့ခေါင်းဆောင်ဆီက ရတဲ့ ဖိအားနဲ့တူကာ သူ့စိတ်အတွင်းထဲကနေ ချက်ချင်းလှုပ်ခါနေသလိုပင်။ ဒါ့ကြောင့် ခရမ်းရောင်မီးတောက်နဂါးသူ့ဆီကို စပြီး ရွေ့လာတည်းက သူလှုပ်လို့မရတာဖြစ်သည်။ နောက်တော့ အလွန်အံသြနေတဲ့အော်သံကြားရပြီးတော့ Ding Shi၏မျက်နှာက ကြေကွဲဟန်ပေါ်ကာ သူ့ရင်ထဲကနေလာသော 'ငါတော့ သွားပြီ´ဆိုတဲ့ စကားတွေသာ ထင်ဟပ်နေတော့သည်။
အကယ်လို့ အဖွဲ့ခေါင်းဆောင်သာ သူဧကရာဇ်အဆင့် တိုက်ခိုက်သူတစ်ယောက်ကိုဆန့်ကျင်မိတာသာ သိရင် သူအကြိမ်တစ်ထောင်လောက်သေပေးရင်တောင်ခွင့်လွှတ်မှာ မဟုတ်ပေ။
'ကျုပ်မိတ်ဆွေ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ စကားပြောတာ ပိုကောင်းပါတယ်။ နိမ့်ကျတဲ့ကျုပ်က ခင်ဗျားကို ဖြေရှင်းချက် သေချာပေါက်ပေးမှာပါ´
Ding Shi ကို ကယ်လိုက်တဲ့ ထိလူက လျင်မြန်စွာ သတိပြန်ဝင်လာသည်။ သူ့မျက်နှာက ထိတ်လန့်မှုက ပျောက်ကွယ်သွားပြီးဖြစ်ပြီး အဲဒိနေရာမှာ ဘယ်နည်းနှင့်မျှ မပျောက်ပျက်နိုင်သော သူ့ရဲ့ကြည့်ကောင်းခြင်းနှင့် ကျော့မော့ဟန်နှင့်ပြည့်သော ဂုဏ်သရေရှိတဲ့ အပြုအမူ က အစားထိုးဝင်ရောက်နေသည်။ ဒီလူက အထင်ကြီးစရာကောင်းတဲ့ လူတစ်ယောက်ဆိုတာ သံသယရှိစရာပင် မလို။ သူက Ling Xiao အလေးထားဟန်အပြုအမူပြကာ စကားဆိုခြင်းဖြစ်သည်။
ထိုလူကို ကြည့်ပြီးတော့ Ling Xiao က ရုတ်တရက်ပြုံးကာ နောက်ပြောင်ဟန်နှင့် ' ဒီတစ်ကြိမ်တော့ ယုံလိုက်ပါ့မယ့်´
ဒီအချိန်မှာတော့ လူစုကြီးလည်း ပြန်လည် သတိဝင်သွားကြကာ ထိုလူကို နောက်ဆုံးမှာ သတိပြုမိသွားကြသည်။ သူ့မျက်နှာကို ကြည့်ပြီး လူတစ်ယောက်က အော်ဟစ်လိုက်သည် ' Luo ShuHe´
လူတိုင်းကလည်း စတင် လှုပ်ရှားလာတော့သည်။ Luo ShuHe က သိပ်မကြာခင်ကမိစ္ဆာများကို တိုက်ခိုက်သည့်ပွဲတွင် ထင်၇ှားလာသူဖြစ်သည်။ TianXinဂိုဏ်က ငယ်ရွယ်သော မျိုးဆက်သစ် Lin Xiaoလိုမျိုး ထင်ရှားသူဖြစ်သည်။
သို့သော် အံသြစရာအကောင်းဆုံးအရာက Luo Shuhe က လေလံစင်မြင့်အနောက်မှ တကယ်ကြီးထွက်လာတာကြောင့်ဖြစ်သည်။ ရတနာတစ်သောင်းစင်မြင့်က QingChenဂိုဏ်းက ထောက်ပံ့ပေးထားတာဆိုသော အတင်းက သေချာပေါက်မှန်နေသည်။ ပြီးတော့ ရတနာတစ်သောင်းစင်မြင့်ကို QingCheng ဂိုဏ်းက ပိုင်ဆိုင်သည်ဆိုတာလည်း ကိုးဆယ့်ငါးရာခိုင်နှုန်း ဖြစ်နိုင်ချေရှိသည်။
အရင်က အဲဒါကို အတည်မပြုနိုင်ပေမယ့် Luo ShuHe ပေါ်ထွက်လာဖြင်းက ကိုးဆယ်ရာခိုင်နှုန်းသေချာသွားစေသည်။ လူအချို့က ရတနာတစ်သောင်းစင်မြင့်ကို Qing Chen ဂိုဏ်းက ပိုင်ဆိုင်သည်ဆိုတာကို ပိုပြီးတော့ ယုံကြည့်သွားတော့သည်။ ဖြစ်နိုင်တာကတော့ ဒီသတင်းက တောင်ပိုင်းတစ်ခုလုံးကို ပျံနှံသွားရန် အချိန်သိပ်ကြာမှာတော့ မဟုတ်ပေ။
Luo ShuHe ကတော့ ဘယ်လိုတောင် ရိုးရှင်းတဲ့လူပါလိမ့်ဆိုပြီး  Ling Xiaoကို အံ့အားသင့်သွားသည်။ သို့သော် သူက တော်ပါသေးရဲ့လို့လဲ တွေးပြီး သက်မလည်းချမိတော့သည်။
ဘာ့ကြောင့်လဲဆိုတော့ တိုက်ခိုက်သူက အင်အားကြီးလေ ပိုပြီးခန့်မှန်းဖို့မဖြစ်နိုင်ပေ။ ဒီမှာကလဲ Ding Shiက ပထမဆုံးတိုက်ခိုက်တာဖြစ်သည် ဒီတော့ Ling Xiao ကသူ့ကို သတ်ရင်ဖြစ်ဖြစ် ဒဏ်ရာတွေအများကြီးရအောင် လုပ်တာပဲဖြစ်ဖြစ် သူကအပြစ်ဟု မဆိုနိုင်တော့ပေ။ အကယ့်လို့XingLuoအဖွဲ့က သိသွားလျှင် သူတို့က သေချာပေါက် အာကာသအဆင့် အကြီးအကဲအတွက် ဧကရာဇ်အဆင့်တိုက်ခိုက်သူကို အာခံဖို့ဆိုတာ မသေချာချေ။
သို့သော် ဒါက သူဘာ့ကြော့င့် စိတ်သက်သာရာရပြီး သက်မချရလဲ ဆိုတာရဲ့ အကြောင်းရင်းမဟုတ်ပေ။ တကယ်တော့ သူက Ding Shiက သတ်ချင်နေကတည်းက သိပြီးသားဖြစ်သည်။ သူက တမင်သက်သက်ကို ရပ်တန်ဖို့ ချက်ချင်းမလုပ်တာဖြစ်သည်။
Ding Shi က XingLuoအဖွဲ့၏ အကြီးအကဲဖြစ်သည်။ သူက အခြားတစ်ဖက်က လူက တကယ်ကြီး ဧကရာဇ်အဆင့် တိုက်ခိုက်သူဆိုတာကို ဘယ်တော့မှ မမျှော်လင့်ခဲ့တာသာဖြစ်သည်။ ဒီလိုအင်အားနဲ့ တိုက်ခိုက်သူဆိုတာမဆန့်ကျင်ပဲနှင့် ကောင်းကောင်းမွန်မွန်ဆက်ဆံတာပဲကောင်းသည် ။
ဒီလိုတွေးလိုက်တာနှင့် Luo ShuHe က Ding Shiကို ကြည့်ပြိးတော့  အေးဆေးတည်ငြိမ်စွာနဲ့ 'အကြီးအကဲ Ding က ရတနာတစ်သောင်းစင်မြင့်ရဲ့ ပုံမှန်လာနေကြသူလို့ မှတ်ယူလို့ရတယ်ဆိုတော့ ဒီကစည်းမျဉ်းတွေကို သိမှာပါ။ စည်းမျဉ်းတွေကို အကြီးအကဲဘက်က စဖောက်တာဆိုတော့ နိမ့်ကျတဲ့ ကျွန်တော်ကပဲ အကြီးအကဲ ဒီက ထွက်ခွာပေးဖို့ပြောရတော့မှာပဲ ထွက်သွားပေးပါလို့ တောင်းဆိုပါရစေ´
ဒီစကားတွေ ကြားသည်နှင့် Ding Shi၏ မျက်နှာက စိမ်းရာက ဖြူသွားသည်။
ဒီမတော်အဆမှုအပြီးမှာတော့ XingLuo အဖွဲ့ကတော့ Qingမြို့မှာကော တောင်ပိုင်းဒေသတစ်ခုလုံးမှာပါခပ်မြင့်မြင့်  ခေါင်းပြန်ထောင်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရဖို့များသည်။ ဒီလိုကြီးမြတ်တဲ့ပထမတန်းစားအဖွဲ့တစ်ခုက လေလံခန်းမတစ်ခုကနေ တကယ်ကြီး မောင်းထုတ်ခံရတာပဲ။ ရယ်စရာ ကောင်းလိုက်လေ။
အကယ်လို့ Ling Xiao ကသာ အာကသအဆင့် သို့မဟုတ် စိတ်ဝိညာဉ်အဆင့် တိုက်ခိုက်သူသာဆိုလျှင် Ding Shi က သူ့ကို ကြောက်မှာ မဟုတ်ပေ။ ကံမကောင်းစွာနဲ့ ဒီနေ့ဖြစ်တဲ့ မတော်တဆမှုက သူ့ကိုသာ ပြန်ထိစေခဲ့သည်။ သူက အာမခံသင့်တဲ့ သံမဏိအပြားကြီးကို ရှင်းရှင်းကြီး ကန်မိတာကိုး။ Ding Shi က အကြိမ်တစ်သောင်းလောက် နောင်တရနေပြီ သို့သော် သူက မိုက်မိုက်ကန်းကန်းလဲ မပြုမူရဲသောကြောင့် အလိုမကျသော မျက်နှာနှင့်သာ ထွက်ခွာဖို့သာ တတ်နိုင်တော့သည်။
Ding Shi ထွက်သွားသည့်နောက် Luo ShuHe က လေလံပွဲကို ဆက်ကျင်းပဖို့ ကြေညာလိုက်သည်
Ling Xiao က အံ့ဖွယ်သိုးသား သုံးစုလုံးကို နိုင်ပြီးသားဖြစ်သည်။ သူက ကျန်တဲ့ပစ္စည်းတွေလဲ စိတ်မ၀င်စားတာကြောင့် တွေဝေမိန်းမောနေတဲ့ You XiaoMo ကို ဦးဆောင်ပြီးတော့ ပင်မခန်းခထဲက ထွက်ခဲ့တော့သည်။
သူတို့ထွက်သွားသည်နှင့် ပင်မခန်းမထဲက အခြေအနေက ချက်ချင်းသက်ဝင်လှုပ်ရှားလာသည်။ ကျန်ရှိသော ပစ္စည်းများကို လုယက်ဝယ်ဖို့လဲ လူအများက သိပ်စိတ်ထဲမရှိတော့ပေ။ လူအများစုက ဘာဖြစ်ခဲ့တာလဲကို ဆွေးနွေးနေတုန်းမှာ လူအချို့ကတော့ ထကာ ထွက်သွားကြပြီဖြစ်သည်။ သူတို့က အခြားသူတွေကို ဒီသတင်းကို ပြောချင်နေပြီလေ။ ဧကရာဇ်အဆင့်တိုက်ခိုက်သူတစ်ယောက် ကမ္ဘာပေါ်မှာ ပေါ်ထွက်တာတယ်ဆိုတာ။ ဒီသတင်းက အဆင့်ဆယ့်နှစ်ငလျင်တစ်ခုနှင့် ညီမျှလေသည်။
'အစ်ကိုကြီးLing ကျွန်တော်တို့ အခုဘယ်သွားကြမလဲ?´
ခက်ခဲမှုအချို့အပြီးမှာတော့ You XiaoMo အာရုံပြန်ရလာသည်။ Ding Shi ၏ရုတ်တရက်တိုက်ခိုက်မှုက သူ့ကို လန့်ပြီးခုန်မိအောင်တောင် လုပ်နိုင်သည်။ သူက လေလံခန်းမတွေမှာက အငြင်းပွားလျှင် စကားနဲ့ပဲများကာ လက်မပါလူးလို့ ထင်ထားတာဖြစ်သည်။ ဒီနေ့ Ling Xiao သာ သူ့ဘေးမှာ မရှိပါက သူ သေသွားနိုင်သည်။ သို့သော် ပြန်စဉ်းစားကြည့်ပြီးနောက်တော့ သူက ထိုကြောက်မက်ဖွယ်ကို မခံစားမိတော့ပြန်။ သူက သေဘောက်တဲ့ မတော်အဆဖြစ်ရပ်အတော်များမျးကို ဖြတ်သန်းလာခဲ့ပြီးနောက်တော့ သူ့ လုံလောက်တဲ့အတွေ့အကြုံတွေ ရပြီးဖြစ်သည်။
' အံဖွယ်သိုးသား သွားယူတာပေါ့´
Ling Xiao က လှည့်လာကာ သူ့ကိုယ်ပေါ်က ခြုံထည်ကို ပြန်ညှိပေးလေသည်။
သူတို့နှစ်ဦးက ရတနာတစ်သောင်းစင်မြင့်ရဲ့ အနောက်ပေါက်ကို လျှောက်သွားကြသည်။ Luo ShuHe က သူတို့ကို စောင့်နေနှင့်ပြီဖြစ်သည်။
You XiaoMo က ဒီLuo ShuHe အကြောင်းသိပ်မသိပေ။ သို့သော် လေလံခန်းမထဲက သူ့လုပ်ရပ်ကနေပြီးတော့ Luo HhuHe က ထက်မြတ်တဲ့သူဆိုတာ သံသယရှိစရာမလို။ သူက XingLuo အဖွဲ့နှင့် ရန်သူဖြစ်နိုင်ခြင်းကနေ ရှောင်ရှားက တစ်ချိန်တည်းမှာပဲ ဧကရာဇ်အဆင့်တိုက်ခိုက်သူတစ်ယောက် ကို မျက်နှာချိုသွေးနိုင်သေးသည်။ သူက Lin Xiao နှင့် ပါရမီခြင်း ယှဉ်နိုင်သူလို့မှတ်ယူခံရတာ အံသြဖို့မကောင်းပေ။
သူတို့နှစ်ဦး လာတာ မြင်တာနှင့်  Luo ShuHe က ယဉ်ကျေးစွာပြုံးကာ 'ကျုပ်မိတ်ဆွေနှစ်ဦးက ဒီကို အမြန်လာတာပဲ။ ဒီမှာ အံ့ဖွယ်သိုးသား ပေါင်ခြောက်ရာပါ။ တစ်ချက်လောက်ကြည့်ပါဦး´
You XiaoMo ကအနည်းငယ်တော့ အံအားသင့်သွားသည်။ Luo ShuHe က သူတို့အပေါ်မှာ အယဉ်ကျေးလဲ မလွန်ပေ။ ပြီးတော့သူ့ကို ကြည့်ရတာ တစ်ခုချင်းစီကအစ ဟန်ဆောင်တုပမှုမရှိပဲ အထက်တန်းစားလူကြီးလူကောင်းတစ်ယောက်နှင့် တူသည်။ ဒီ Ling Xiao ဆိုတဲ့ လူကြီးလူကောင်းအတုကြီးနဲ့ လုံးဝကို ကွာခြားလှသည်။ ဒီလိုတွေးလိုက်တာနဲ့ သူက Ling Xiao ကို တမင်တကာ ခိုးပြီးတော့ ငေးကြည့်မိသွားကာ တစ်ဖက်လူမသိခင် အကြည့်တွေ ပြန်ရုပ်သိမ်းလိုက်ရသည်။
သူ့ကို ကမ်းပေးတဲ့ မှော်အိတ်ကို ယူကြည့်တော့ အထဲမှာ ပမာဏက ကွက်တိ ရှိနေသည်။ မှော်အိတ်ရဲ့ထည့်နိုင်စွမ်းက သိပ်မကြီးပေ။ ပေါင်ခြောက်ရာက အပြည့်နီးပါး နေရာယူထားပေမယ့် အသားရဲ့အရည်အသွေးကတော့ အ၇မ်းလတ်ဆတ်ကာ သိပ်မကြာသေးခင်ကမှ အံ့ဖွယ်သိုးရဲ့ကိုယ်က ခုတ်ထစ်ယူလာသလိုဖြစ်သည်။
You XiaoMo က မှော်အိတ်ကို သူ့ခါးမှာ ချည်လိုက်ကာ Ling Xiao သူ့ကို ပေးထားတဲ့ ရွှေပြားတွေရယ် သူ့ကိုယ်ပိုင်ရွှေပြားတွေရယ်ကို ပေါင်းလိုက်သည်။ သူ့ရဲ့ဝိညာဉ်အားကို သုံးပြီးတော့ ရွှေပြား သုံးဆယ့်ငါးသန်းတစ်သိန်း ကို အလွယ်တကူရေတွက်လိုက်ကာ Luo ShuHeကို ကမ်းမပေးခင် သူ့ရဲ့ကိုယ်ပိုင်မှော်အိတ်ထဲ ထည့်လိုက်သည်။
Luo ShuHe က သူ့တို့အရှေ့မှာ မရေတွက်ပေ။ ဒီအပြုအမူကယုံကြည်မှု၏ ပုံစံဟု မှတ်ယူနိုင်သော်လည်း ဒါက သူတို့ကို နိုင်ဖို့အတွက် ပိုပြီး ကြိုးစားလိုက်တာဖြစ်သည်။
ပြီးနောက် နှစ်ဖက်စလုံးက ယဉ်ကျေးမှုအရ စကားအနည်းငယ်ပြောဆိုကြသည် သို့သော် Ling Xiao က You XiaoMo ကို ခေါ်ပြီးထွက်မသွားခင် တကယ့်ကို စကားအနည်းငယ်သာ ဖြစ်သည်။
သူတို့ထွက်သွားပြီးအချိန်မှာပဲ လူတစ်ယောက်က အပြင်ကနေ တည်ငြိမ်တဲ့ အလျင်တစ်ခုနဲ့ အထဲကို လှမ်းဝင်လာသည်။ Luo ShuHe ကို မြင်တော့ သူ့ရဲ့မျက်နှာပေါ်က အရေးအေကြာင်းတွေက အနည်းငယ် သက်သာသလိုဖြစ်သွားကာ 'ShuHe အဲဒိအင်အားကြီးတဲ့သူ ပြန်သွားပြီလား?´
Luo ShuHe သူ့ကို ခေါင်းညိမ့်ပြကာ 'ဟုတ်ကဲ့ အဖေ´
အဆိုပါလူက တကယ်တော့ Luo ShuHe ၏အဖေ Luo ChengYun ဖြစ်သည်။ သူ့သားဆီက စာရတာနဲ့ သူ ချက်ချင်း ကတိုက်ကရိုက်ထွက်လာတာတောင် ခြေတစ်လှမ်းနောက်ကျနေတုန်းဖြစ်သည်။ ဒါက ဆုံးရှုံးမှု အကြီးကြီးတော့ မဟုတ်။
'သူတို့ ဘယ်ကလာတာလဲ သိလား?´
Luo ChengYuan က လှမ်းလျှောက်လာကာ ထိုင်ခုံမှာ ထိုင်လိုက်ပြီးတော့ မျက်နှာခပ်တည်တည်နှင့် စကားပြောလေသည်။
'သူတို့က အရမ်းဂရုစိုက်တယ်´ Luo ShuHe က ခေါင်းခါပြလိုက်သည်။
ဒါကို ကြားတော့ Luo ChengYuan၏မျက်နှာမှာ မသေချာတဲ့အရိပ်တစ်ခု ဖျတ်ခနဲထင် ဖြတ်ပြေးသွားသည်။ သူက ဒီလိုပဲ ပြောနိုင်တော့သည်။ 'သူတို့က TianXin ဂိုဏ်းနဲ့ အဆက်အဆံမရှိပါစေနဲ့ပဲ မျှော်လင့်ရမှာပဲ´
သူရဲ့အကြီးမားဆုံးအကြောက်တရားက အဆိုပါလူက ပါဝင် ပတ်သတ်နေမှာကို ပင်။ ပြီးတော့ သူက TianXinဂိုဏ်းက အဆင့်ကိုးမှော်ဆေးလုံးဖော်စပ်နည်းကို သိပ်မကြာခင်က ခိုးထားသည်။ အပေါ်ယံမှာတော့ TianXinဂိုဏ်း ဘက်ကလှုပ်ရှားမှုမရှိသေးဘူးဆိုပေမယ့်  သူလုပ်တယ်ဆိုတာကို TianXinဂိုဏ်းက ခန့်မှန်းပြီးသားဆိုတာ သူသိသည်။ သူတို့က သက်သေမရှိသေးတာကြောင့်သာဖြစ်သည်။ ဒါကြောင့်ပဲ အရာအားလုံးကအခုထိ တည်ငြိမ်နေတာ ဖြစ်သည်။
Luo ShuHe က သူ့ဘေးနားလျှောက်လာကာ သူ့ကျောကို နှိပ်ပေးရင်းနဲ့ ညင်သာတဲ့သံနှင့် 'အဖေ ဒဏ်ရာဘယ်လိုနေလဲ? အဟန့်အတားကြိးက ရှိနေတုန်းလား?´
'ငါးဆယ်ရာခိုင်နှုန်းကနေ ခြောက်ဆယ်ရာခိုင်နှုန်းအထိတော့ ပိုကောင်းလာပါတယ်။ အဖေ့အတွက် စိတ်မပူနဲ့ ရတယ်´ Luo ChengYuan ကပြောလိုက်သည်။
အဲဒိတစ်ချိန်တည်းမှာပဲ ဧကရာဇ်အဆင့် တိုက်ခိုက်သူပေါ်လာတယ်ဆိုတဲ့စကားက Long Xiao တိုက်တစ်ခုလုံးကို အဆင့်ဆယ့်နှစ် လေဆင်နှာမောင်းတစ်ခုပမာ ပျံနှံသွားသည်။ အဖွဲ့ပေါင်းများစွာက ဒီသတင်းကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရကြသည်။ ဥပမာ TianXin ဂိုဏ်း  XingLuo အဖွဲ့  XiaoYaoတာဝါ စသဖြင့်ပေါ့။ သို့သောါ XingLuoအဖွဲ့ကိုတော့ အားကောင်းဆုံးသက်ရောက်သွားတာဖြစ်သည်။ ဘယ်သူက သူတို့ရဲ့ အကြီးအကဲကို အဲဒိအားကောင်းတဲ့တိုက်ခိုက်သူကို ဆန့်ကျင်ခိုင်းလို့လဲ? လူအများစုကတော့ သူ့တို့ရဲ့ ကံမကောင်းမှုကိုပဲ ယိုးမယ်ဖွဲ့ရတော့သည်။
Ling Xiao နှင့် You XiaoMoကို ပြန်ကြည့်လျှင်တော့ သူတို့က ရတနာတစ်သောင်းစင်မြင့်ကနေ ထွက်ခွာလာတည်းက နောက်ယောင်ခံအလိုက်ခံနေရသည်။ သူတို့နောက် လိုက်နေတဲ့ သူအများစုက ရတနတစ်သောင်းစင်မြင့်ကနေ ထွက်လာတဲ့အချိန်တည်းက စလိုက်နေတာဖြစ်သည်။ သို့သော် Ling Xiao က သူတို့နဲ့ပတ်သတ်ပြီးတော့ စိတ်အနှောင့်အယှက်မဖြစ်ပေ။ သူ့ကလဲ အလျင်လိုနေတာမဟုတ်တော့ သူတို့ကို ချက်ချင်း ခါချစရာ မလို။
You XiaoMoကတော့ သူတို့အလိုက်ခံနေတာကို မသိ။ သူတို့မှာ အချိန်ရှိသေးတာနဲ့ Ling Xiaoကို ဆွဲကာ Qingမြို့က လမ်းတွေကို အေးအေးလူလူလျှောက်ကြည့်တော့သည်။
Qingမြို့က HunJiမြို့နှင့် သိပ်တော့ မတူပေ။ ဆိုင်တွေအားလံး၏မျက်နှာစာက အရမ်းတန်ဖိုးကြီးမားဟန်ပေါ်သည်။ သေချာတာကတော့ အဲဒိဆိုင်တွေကို လူချမ်းသာတွေပဲ ပိုင်မှာ။ ဆိုင်အနည်းငယ်လောက် လျှောက်ကြည့်ပြီးနောက်မှာတော့ You XiaoMo က စိတ်မ၀င်စားတော့ပေ။ သူလိုချင်တာကို ရှာလို့မတွေ့လို့ချည်းပဲတော့ မဟုတ် ဆိုင်ထဲက မှော်ဆေးပင် နဲ့ မှော်ဆေးလုံးတွေက HunJiမြို့ကထက် ဈေးပိုကြီးသောကြောင့်ဖြစ်သည်။ အဆင့်မြင့်မှော်ဆေးပင်တွေက အလွယ်တကူ ရနိုင်တာမဟုတ်ပေ။ မှော်ဆေးပင်မျိုးစေ့တွေလဲ ရှိမည့်ပုံမပေါ်။ အဆင့်မြင့်မှော်ဆေးပင်တွေက ဘယ်လောက် ရှားတယ်ဆိုတာ ပြထားရုံသာရှိသည်။
သူရှာနေတာ မတွေ့တော့ You XiaoMo က Qing မြို့မှာ တစ်ညအချိန်မဖြုန်းချင်တာကြောင့် Ling Xiao နှင့် အတူ ထွက်ခွာသွားတော့သည်။
သူတို့ Qing မြို့က ထွက်ခွာတဲ့ အချိန်မှာပဲ အဖွဲ့ပေါင်းစုံကလွှတ်ထားတဲ့ သူလျှိုပေါင်းများစွာကသူတို့နောက် ချက်ချင်းလိုက်ကြသည်။ ရလဒ်ကတော့ သူတို့တွေ Qingမြို့ကနေ ထွက်လိုက်တာနဲ့ ထိုလူနှစ်ယောက်၏ အရိပ်ယောင် ပျောက်သွားတာဖြစ်သည်။
Unicode
C- 142 Attack.

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now