Chapter 166 Windfall (Z & U)

9.2K 1.4K 42
                                    

C- 166 Windfall

အခန်း ၁၆၆ အမှတ်မထင်ရသော ပစ္စည်း

Ling Xiao က ကြယ်ဆယ့်တစ်နှင့် အပေါင်းအပါများရှေ့ကို လျှောက်သွားသည်။ အကယ်လို့ သူ့လက်ထဲမှာသာ ယပ်တောင်တစ်ချောင်းသာ ရှိမယ်ဆိုရင် ရှပ်ခနဲသာ ဖွင့်လိုက်လျှင် သူ့ပုံက ယဉ်ကျေးသိမ်မွေ့ပြီး ယောက်ျားပီသသော မင်းသားတစ်ပါးနဲ့တောင် တူသွားနိုင်သေးသည်။ သူ့မှာတစ်ခုမရှိတာ ဆိုးလိုက်တာ။ သူ့မှာ ရှိတာက ‘မျက်မြင်သက်သေတွေကို နှုတ်ပိတ်ဖို့’ အဆင့်သင့်ဖြစ်နေတဲ့ နှလုံးသားတစ်ခုပဲ ရှိသည်။

“ကိုယ့်ကိုကိုယ် ကံကောင်းတယ်လို့ ထင်တယ်လား” Ling Xiao က သူတို့ကို ပြုံးကာ ကြည့်ရင်းဆိုလိုက်သည်။

ဒီစကားတွေက ရူးကြောင်ကြောင်နိုင်သော ပြောစကားများ မဟုတ်ချေ။ သူသတ်သော အချိန်တွင် သူက မတူညီသော နည်းလမ်းများကို အသုံးပြုတာ လေ့ရှိသည်။ သူသတ်လိုက်တဲ့သူများက တစ်ခါတစ်လေ လက်များမရှိတာ ဒါမှ မဟုတ် ခြေထောက်တွေ ပျောက်နေတာမျိုး ရှိသည်။ တစ်ခါတစ်လေတွင် နောက်ဆုံးအကြိမ်တုန်း က အစိမ်းရောင်လွင်ပြင်မှာ ဖြစ်ခဲ့တာမျိုး ခေါင်းတစ်ဝက်လောက်က ပျက်နေတာမျိုးလဲ ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ အဲဒါက သူအရမ်းအကြမ်းဖက်တတ်သည့် အကြိမ်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

သို့သော် အကြမ်းအဖက်ဆုံးဆိုသည့် ကိစ္စဆိုပြီး မရှိပဲ ပိုပြီး အကြမ်းဖက်တာသာ ရှိသည်။

သူက တကယ့်ကို သွေးစွန်းသော မြင်ကွင်းများ လုပ်ချင်နေတုန်းပင် သို့သော် ဒီတစ်ကြိမ်မှာတော့ သူလည်းပဲ You XiaoMoနှင့် ထပ်တူထပ်မျှခံစားရသည်။ ထို့ကြောင့် သွေးထွက်သံယိုလုပ်ဖို့တော့ အာရုံလုံးဝ မရှိပေ။ သူက သူတို့ဘာသာ သူတို့ခန္တာကိုယ်ကို အကောင်းပကတိစွန့်ခွာစေရန်သာ ဖိအားပေးမည် ဖြစ်သည်။

“ငါတို့က လုံးဝကို ကံကောင်းတာပေါ့ မင်းက တော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကံမကောင်းဘူးလေ ဘာ့လို့လဲ ဆိုတော့ မင်းက မကြာခင် သေတော့မှာ”

ကြယ်ဆယ့်တစ်က သူ့ရဲ့ ဓါးကြီးကို ယမ်းကာ သူ့ကို တိုက်ရိုက် စိုက်ကြည့်လိုက်သည်။ သူ့အသည်းနှလုံးထဲကနေတော့ ခြိမ်းခြောက်မှုတစ်စကို အနည်းငယ် မသက်မသာ ခံစားနေရသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now