Chapter 229 Abnormal ( Z & U)

9.2K 1.6K 61
                                    

Chapter 229 Abnormal

အခန်း ၂၂၉ သာမာန်မဟုတ်သော

You XiaoMo က တစ်ဦးတည်း ထွက်လာသူ မဟုတ်။

Tong YueXu၊ BaiLi XiaoYu နှင့် Teng ZiXin တို့လဲ ထွက်လာကြသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် Chai Jun သူ့ဘာသာ အရင် စစ်ဆေးလိုက်တာမျိုး သူတို့လည်း စမ်းသပ်မှုကို ယူရမည် ဖြစ်ကာ သူတို့သာ တစ်ယောက်ပြီးမှ တစ်ယောက် စမ်းသပ်ခဲ့လျှင် ကိုယ့်ဘာသာကိုယ် ဖြောင့်မတ်လွန်းရာ ကျသွားလိမ့်မည်။

Teng ZiXin က ကိုယ့်ကိုကိုယ် အထင်ကြီးသူ ဆိုပေမယ့် သူ(မ)က ရန်လိုသည့် အဆင့်ထိတော့ မာနမကြီးပေ။

လူလေးယောက်က စစ်ဆေးမည့် ကရိယာရှေ့ကို ရောက်တော့ BaiLi XiaoYu က သူ့ဟာကို မျှော်လင့်ချက် အပြည့်ဖြင့် အရင်တင်လေသည်။

သူ ၏ သန့်စင်မှုနှင့် သန့်စင်ထားသော အရေအတွက်ကို ကြည့်ရန်အတွက် အခြားသူများလည်း တစ်ခဏလောက် တန့်သွားကြသည်။ အစောက သူပြောထားသလိုပင် တကယ့်ကို ခြောက်ကြိမ်ဖြစ်ကာ ဒီခြောက်ကြိမ်မှ သန့်စင်မှုကလည်း အတော်လေး မြင့်မားတာကြောင့် သူ့ရဲ့ အခြေခံက အလွန်ကောင်းတာ ရှင်းလင်းလှသည်။

Chai Jun သည်လည်းပဲ ခြောက်ကြိမ်ဖြစ်သော်လည်း BaiLi XiaoYu က သူ့ထက်သာတာ သိသာက လူအချို့ဆီက ခပ်တိုးတိုး ချီးမွမ်းစကားသံများ ချက်ချင်း ထွက်လာသည်။

Chai Jun ၏ အမူအယာက အလွန်ရုပ်စိုးလှသည် သို့သော် BaiLi XiaoYu က သူသွားထိလို့ ရသော သူမဟုတ်။ Chai မိသားစုက မိသားစုကြီးလေးခုတွင် အားအနည်းဆုံးဖြစ်တာကို ဖယ်လျှင်တောင် BaiLi XiaoYu၏ အထက်တွင် အားကောင်းလှသော အစ်ကို အစ်မများ ရှိနေသေးသည်။ သူတို့အားလုံးထဲတွင် မိသားစု၏ အငယ်ဆုံး သားဖြစ်နေရာ BaiLi Xiao Yu ကို အလိုလိုက်ထားသော အဆင့်က သူ့ထက် များစွာ မြင့်မားတာမို့ သူ့ရဲ့ မနာလို ဖြစ်မှုကို BaiLi XiaoYu ရှေ့တွင် မဖော်ပြနိုင်ပေ။ Chai Jun က သူ့ရဲ့ ကြောက်စရာကောင်းလှသော အကြည့်ကို You XiaoMo ဆီကို ရွေ့သွားကာ You XiaoMo လူအများရှေ့တွင် သူ့ကိုသူ အရှက်ရစေမည်ကို အလွန် မျှော်လင့် စောင့်စားလျက်ရှိသည်။

You XiaoMo တို့အဖွဲ့ သုံးယောက်ကတော့ ဒီနံပါတ်နှင့်ပတ်သတ်ပြီး မအံ့သြပေ။ ဒီအသက်အရွယ်တွင် အဆင့်လေးမှော်ဆရာ တစ်ယောက်ဖြစ်နေမှတော့ လုပ်နိုင်စွမ်းမရှိပဲနှင့် ဘယ်လိုလုပ် ဒီလို ဖြစ်နေပါ့မလဲ။ Tong YueXu ပြောသလိုပေါ့ သူ၏ လက်ရှိအဆင့်နှင့် ဆိုလျှင် မှော်ဆေးပင်ကို ခြောက်ကြိမ်တိုင် ပေါင်းခံ သန့်စင်နိုင်သည်ဆိုတာက အလွန့်အလွန်ကို တော်နေပြီးသား ဖြစ်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now