Chapter 135 The Owner of the Paradise Realm (Z & U)

10.6K 1.6K 13
                                    

C-135 The owner of the Paradise realm.
Zawgyi
အခန်း၁၃၅ သုခဘုံနယ်မြေပိုင်ရှင်
'မင်းတို့ ဘာလုပ်နေတာလဲ?´ Ling Xiao သူ့တို့ကို စိတ်ဝင်တစားကြည့်လိုက်သည်။
ဒီဟာက အနောက်ဆောင်အတွင်းမှာ ဖြစ်သည်။ ဒီအနောက်ဆောင်ကို လာကြသူများက စစ်သည်ဌာနမှ ဂိုဏ်းသားများဖြစ်ကြတာမို့ Ling Xiao ဒီမှာ ပေါ်လာတာက မမျှော်လင့်စရာ ကိစ္စမဟုတ်။ မေးခွန်းမေးပြိးသည်နှင့် သူဒီမှာ အချက်အလက်အချို့လာရှာတာ ဖြစ်ဖို့များသည်ဟုသာ You XiaoMo ခန့်မှန်းလိုက်သည်။
You XiaoMo အခြားတစ်ယောက်ကို ဖျတ်ခနဲကြည့်လိုက်ကာ ခေါင်းခါပြပြီး 'ဘာမှမလုပ်ပါဘူး အစ်ကိုကြီးLing ဘာစာအုပ်ရှာနေတာလဲ ? ကျွန်တော်ကူရှာပေးရမလား?´
Ling Xiao နှစ်ယောက်စလုံးကို ဘာမှ မပြောပဲ ကြည့်လိုက်သည်။ သူအခုမှ ရောက်လာတာပေမယ့် သူဘာဖြစ်နေတာလဲဆိုတာကို တော့ ရှင်းရှင်းလင်းလင်းမြင်လိုက်သည်။ You XiaoMo က ဘာမှမဟုတ်ဘူးပြောပေမယ့် သူကတော့ ဘယ်ယုံမလဲ။ သူရဲ့ စူးရှတဲ့အကြည့်က အဆိုပါလူပေါ် ကျရောက်သွားသည်။ တောင်အကြီးကြီးတစ်လုံးက သူ့ပခုံးပေါ်ကို ကျလာသလိုမျိုး ဖိအားကသူ့ပေါ် ကျရောက်လာသည်။ ထိုလူ၏မျက်နှာက တောင့်တင့်သွားသည်။
ဒါ အစ်ကိုကြီးLin လား။ သူတို့နောက်က ဘယ်အချိန်တုန်းက ပေါ်လာတာလဲ? သူတစ်ကယ်ကြီး ဘာမှလဲ မခံစားမိပါဘူး။ သို့သော် ဒါက အရေးအကြီးဆုံးအချက်မဟုတ်သေး။ အစ်ကိုကြီးLing မတ်တပ်ရပ်နေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ? သူ You XiaoMo ကို ပြောသမျှကော ကြားသွားသေးလား?
မိသားစုနာမည် Wang နှင့်စသောသူ မသေချာမရေရာစွာ ခံစားလိုက်ရသည်။ သူနှင့် Lin Xiao နှင့်က ဆရာတစ်ယောက် တည်းအောက်က မဟုတ်ပေမယ့် Ling Xiao၏ အဆင့်နှင့် လွှမ်းမိုးနိုင်မှုက TianXin ဂိုဏ်းမှာ အလွန်ကြီးမားကာ အထူးသဖြင့် သူတို့လို လူငယ်မျိုးဆက်တွေမှာဖြစ်သည်။ သူတို့အပေါ်မှာ သူထားရှိသည့် ထင်မြင်ချက်က အလွန် နက်ရှိုင်းသည်။ (အရမ်းတော်လို့ လူငယ်တွေက သူ့ကို နက်နက်ရှိုင်းရှိုင်း အထင်ကြီး လေးစားကြခြင်း)
'ညီလေးWang မလား? ဒီနေ့ဘယ်လိုတွေတောင် အချိန်အားနေလို့ စာကြည့်တိုက်လာပြီး အသစ်ရောက်လာတဲ့သူကို အနိုင်ကျင့်နေတာလဲ?´
Ling Xiao သူ့စကားတွေကို ကညာစစ်နေတော့ပဲ တစ်ချိန်လုံးချွေးတွေသုတ်နေသော Wang YuFei ကို ကြည့်ရင်း *ဟွန်းဟွန်း* ခနဲ ရယ်နေသည်။ ပထမတော့ ဒီညီလေးWang အပေါ်မှာ ထင်မြင်ချက်အများကြီး ရှိမနေ။ သို့သော် ပြီးခဲ့တဲ့ ရက်အနည်းငယ်က စာကြည့်တိုက်မှာ ဖြစ်ပျက်ခဲ့တာမို့ Li Jun နှင့် You XiaoMo ကို ပြစ်ဒဏ်ပေးပြီးနောက်မှာတော့ သူ Li Jun နှင့် သူ့ပတ်ဝန်းကျင်က လူတွေကိုပါ စုံစမ်းခဲ့သည်။
Li Jun က စိတ်တိုလွယ်သော အကြီးအကဲXiao ၏ တပည့်ဖြစ်သည်။ You XiaoMo လိုမျိုးပဲ သူ့အဆင့်က သတ္တမအဆင့် ဖြစ်သည်။ Wang YuFei က Li Jun၏ အကိုကြီးဖြစ်ကာ တတိယအဆင့်ဖြစ်သည။ သူတို့နှစ်ယောက်က ရင်းနှီးကြသည်။ ပြောကြ တာကတော့ သူတို့နှစ်ယောက်က TianXinဂိုဏ်းကို မ၀င်ခင်ကတည်းက သူငယ်ချင်းကောင်းများဖြစ်ကြသည်။ ဒါ့ကြောင့်ပဲ Li Junအပြစ်ပေးခံရတော့ Wang YuFei က အဲဒါက You XiaoMo၏ အပြစ်ကြောင့်ဖြစ်မည်ဟု အမြဲတွေးခဲ့သည်။
ဒီတစ်ခေါက် သူနှင့် စာကြည့်တိုက်မှာ တိုက်ဆိုင်ပြီးတွေ့တာမို့ Wang YuFei က You XiaoMo ကို စိတ်အနှောင့်အယှက်ပေးရန် ခုခံပြီးမနေနိုင်တော့ ။ ဘယ်သူက ထင်မှာလဲ အဲဒါရဲ့ နောက်ဆက်တွဲအကျိုးကျေးဇူးက သူခွန်းတုန့်တောင် မပြန်နိုင်အောင်ဖြစ်လိမ့်မယ် ဆိုတာကို ။ ကံအဆိုးဆုံးအရာကတော့ Lin Xiao ကြားသွားတာဖြစ်သည်။
Wang YuFei ပိုပြီးတောင်ဖြူဖျော့သွားသည်။ သူထစ်ထစ်အအနှင့် ပြန်မပြောခင် အချိန်အတန်ကြာယူလိုက်ရကာ 'အစ်ကိုကြီးLin, ကျွန်…..ကျွန်တော်က ညီလေးကို အနိုင်ကျင့်တာမဟုတ်ပါဘူး အစ်ကို အထင်မှားတာပါ။ ကျွန်တော်က သူ့ကို စနေတာ………´
ဒီစကားလုံးတွေက အလွန့်အလွန်ကို တော်သင့်ရုံဖြစ်ပေမယ့် မြင်းသေကို ဆေးတိုက်သလိုသာ ဖြစ်နေသည်။ သူ Lin Xiao ၏အရှေ့မှာ သူ You XiaoMoကို အနို်င်ကျင့်နေသည်ဟု ၀န်မခံနိုင်။ အကယ်လို့သာ ဆရာ့ကို ပြောလိုက်လျှင် ဆရာက သူ့ဘက်လိုက်နိုင်ပေမယ့် အစ်ကိုကြိးLin၏ အဆင့်က နိမ့်တာမှမဟုတ်တာ။ အဆုံးမှာတော့ သူခုန်ချဖိုတွင်း ကိုယ့်ဘာသာ တူသလိုဖြစ်သွားလိမ့်မည်။
'ဒီစကားမျိုးက စတာလို့ ယူဆလို့ ရလား?´ Ling Xiao က ဆိုလိုက်သည်။
သူဆင်ခြေပေးချင်နေသေးတာကို ကြည့်ပြီး သူ လက်ယမ်းပြီးတော့ 'ပြီးရော ပြီးရော။ အစ်ကိုကြီးကလဲ ကိစ္စကြီးအောင် မလုပ်ချင်ပါဘူး။ ညီလေးYou ကို အခုတောင်းပန်လိုက် ပြီးရင် ဒီကိစ္စပြီးပြီလို့ မှတ်လိုက်တာပေါ့´
'ဟုတ်ကဲ အစ်ကိုကြီးLin´
Wang YuFei၏ မျက်နှာက စိမ်းတလှည့် ဖြူတလှည့်ဖြစ်သွားသည်။ သူ You XiaoMoကို စိတ်မပါစွာပဲ ပြောယုံသာ ရှိတော့သည်။ 'ညီလေးYou ငါတောင်းပန်ပါတယ်´
ဒီအကြိမ်မှာ သူ့စစ်သည်တွေဆုံးရှုံးသည့်အပြင် ရန်သူကို သူ့မိန်းမပါ ပေးလိုက်ရမည်ဟု သူလုံးဝ မထင်ထားပေး (T/Nဖွတ်မရ ဓါးဆုံး အဆုံးမှာ သူပဲ နစ်နာသွားတာကို ပြောချင်တာပါ)
You XiaoMo ကို သူရန်မစနိုင်ယုံသာမက အခြားသူတွေရဲ့ အရှေ့မှာ သူတောင်တောင်းပန်နေရသေးသည်။ စာကြည့်တိုက်ကို လာတဲ့သူတွေ နည်းနည်းလာတယ်ဆိုပေမယ့် မျက်လုံး အစုံပေါင်းများစွာ၏ အောက်မှာ ဒီကိစ္စက သေချာပေါက် ပျံသွားမှာပဲ။ အဲလိုဖြစ်လာရင် မျက်နှာပျက်ရမှာက သူတစ်ယောက်တည်းမဟုတ်။ ဆရာက သေချာပေါက် ပေါက်ကွဲမှာဖြစ်သည်။ Li Jun ကိစ္စ ဆရာသိသွားတုန်းက စိတ်အရမ်းဆိုးနေသော သူ့ဆရာ၏ ဆိုးရွားလှသော ပုံစံကို သူမှတ်မိနေသေးသည်။
ကတိုက်ကရိုက်တောင်းပန်အပြီးမှာ အနီးအနားမှာတောင် ဆက်နေဖို့ မျက်နှာ မရှိတော့သည့် အလား Wang YuFei အမြန်ထွက်ပြေးတော့သည်။
ဒီမြင်ကွင်းကို ကြည့်ပြီးတော့ Ling Xiao သူ့ဘက်မှာ ရပ်တည်တာနှင့်ပတ်သတ်ပြီး အနည်းငယ်တော့ စိတ်သက်သာရာ ရသွားတာကိုတော့ သူလက်မခံချင်ပေမယ့်လဲ လက်ခံရတော့သည်။ သို့သော် ဒါက အနည်းငယ်သာဖြစ်သည်။ Li Jun၏ဆရာက Ling Xiao ကို အခုကစပြီး ပစ်မှတ်ထားမှာကို သူပိုပြီး ပူပန်သွားသည်။
တပည့်က မှားနေပေမယ့် ဘယ်ဆရာက ဘက်မလိုက်ပဲ နေလို့လဲ? Kong Wen ကိုကြည့် အလွန့်အလွန် ဘက်လိုက်သည်။ ဒါက အရမ်းကောင်းတဲ့ဥပမာ ဟုတ်တယ်မလား? ပြီးတော့ အကြီးအကဲXiao နှင့်ပတ်သတ်ပြီး သူသိသလောက်တော့ Ling Xiao နှင့် အကြီးအကဲXiao ကြားက ပဋိပက္ခက ပိုပြီး ဆိုးလာဖို့ပဲ ရှိသည်။
'အကိုကြီးLing, ဒီလိုဆို အဆင်ပြေပါ့မလား?´ You XiaoMo စိုးရိမ်တကြီးနှင့် မေးလိုက်သည်။
'မပြေတော့ ဘာလုပ်မလဲ? ဒါမှမဟုတ် သူတောင်းပန်တာ စိတ်ထဲကမပါလို့ မင်း မကျေနပ်လို့လား။ ဒီလိုဆိုရင် ငါသူ့ကို ပြန်ခေါ်ပြီး မင်းကို အကြိမ်နည်းနည်းလောက် ထပ်တောင်းပန်ခိုင်းရင်ကော ဘယ်လိုလဲ?´
Ling Xiao ပြုံးပြီးပြော၏။
You XiaoMo ချွေးတွေသုတ်ကာ '……. မလိုပါဘူး ။ ဒီလောက်က ကောင်းနေပါပြီ´
အကယ်လို့သာ သူပြောသလိုသွားလုပ်နေရင် သူ Li Jun နှင့် အခြားသူများ ကြားက မသင့်မြတ်မှုက နှစ်ကုန်သွားတာတောင် ဖြေရှင်းလို့ မပြီးပဲ ဖြစ်သွားလိမ့်မည်။ သူတို့ကို ပြန်သင့်မြတ်စေချင်တာမို့ သူ မငြင်းဆိုပဲ မနေနိုင်။ သူတို့အားလုံးက TianXinဂိုဏ်းသားတွေချည်းပဲ ဆိုတော့ တစ်ယောက်နှင့် တစ်ယောက် ထပ်ပြီး အပြစ်မတင်ကြတာ ပိုကောင်းလိမ့်မည်။ သူတို့တွေ့ဆုံတိုင်း ရန်ချည်းပဲ ဖြစ်နေလို့မှာ မရပဲ။
သို့သော် You XiaoMo ကတော့ သေချာပေါက် ဒီလိုတွေးမှာ မဟုတ်ပေ။ သူ့ကို ဆန့်ကျင်နေသူအများအပြားရှိတာကြောင့် တစ်ယောက် အတိုးအလျော့ ဖြစ်တာက ဘာမှ ပိုပြီးခြားနားမသွားပေ။ ပြီးတော့ ဒိလိုယင်ကောင်လေးတွေက ဘာကိုမှ ဂယက်ရိုက်အောင် လုပ်နိုင်စွမ်းလည်းမရှိကြပေ။ အရေးအကြီးဆုံးကတော့ တစ်ခုသာ ရှိသည်။ သူတို့ TianXinဂိုဏ်းကနေ ထွက်ခွာတဲ့ တစ်နေ့တော့ ရှိလာမှာပင်။ ထို့ကြောင့် သူကတော့ You XiaoMo ရန်သူတွေများလာက သူ့ကို တကယ်ကြီး ပျော်ရွှင်စေသည်။ ဒီနည်းနှင့် အချိန်တန်ရင် TianXin ဂိုဏ်က ထွက်ခွာဖို့ တွန့်ဆုတ်နေမှာ မဟုတ်တော့။
Ling Xiao စာအုပ်စင်ကနေ စာလိပ်တစ်လိပ်ပြီးတော့ You XiaoMo ထိုင်နေသည့် စားပွဲခုံမှာ ထိုင်ချလိုက်သည်။
You XiaoMo ကသူယူလိုက်တဲ့ စာလိပ်ကို တစ်ချက်ကြည့်လိုက်သည်။ ဒါက Long Xiaoတိုက်မကြီး၏ တောင်ဘက်ပိုင်းမြေပုံဖြစ်သည်။ သို့သော် ဒီဧရိယာက မကြာခင်ပွင့်မည့် သုခဘုံနယ်မြေ နေရာဖြစ်တော့ သူမသိပေ။
'အစ်ကိုကြီးLing ဘာလို့ အဲဒါကြည့်နေတာလဲ?´
'Tang Fan က ကိုယ်ရယ် အကြီးအကဲDu ရယ် အကြီးအကဲXiao ရယ်ကို သုခဘုံနယ်မြေပွင့်ရင် ဂိုဏ်သားတွေကို ဦးဆောင်သွားဖို့ ပြောလို့။  သွားရမယ့် နယ်မြေအနေအထားက နည်းနည်း ရှုပ်ထွေးတယ် Lin Xiaoရဲ့ မှတ်ဉာဏ်မှာပဲ အရမ်းအသေးစိတ်မရှိဘူး။ ဒီတော့ ကိုယ် ဒီမှာ လာကြည့်တာ´
Ling Xiao စိတ်မပါသလိုမျိုး ပြန်ပြောလေသည်။
တကယ်တော့ သူက ကျမ်းစာလိပ်ကို တစ်ချက်သာ ဖျတ်ခနဲကြည့်ဖို့လိုကာ အဲဒါကတင် သူ့မှတ်ဉာဏ်ထဲမှာ မြေပုံကို အသေမှတ်ရန် လုံလောက်နေပြီ ဖြစ်သည်။ သူမေ့ပစ်ဖို့ ဆန္ဒမရှိသရွေ့ သူဘယ်တော့မှ မမေ့တော့ပဲ ရှိလိမ့်မည်။
သို့သော် သူဒီမှာ You XiaoMo နှင့် ၀င်တိုးမိလိမ့်မည်ဟုမထင်ထားပေ။ ကောင်းတာပေါ့ သူနဲ့ အချိန်အတန်ကြာနေဖို့ ချွင်းချက်တစ်ခုရသွားပြီမို့ စာလိပ်တစ်ခုကောက်ယူကာ ဟန်ဆောင်နေတာဖြစ်သည်။
You XiaoMo  Ling Xiao ကို အချိန်အတော်ကြာကြည့်နေပြီးမှ တုန့်ဆိုင်းနေကာ သတိထားပြီး မေးလိုက်သည်။ 'အစ်ကိုကြီးLing. အရင်က အစ်ကိုကြီးပြောဖူးတယ်လေ သုခဘုံနယ်မြေက အာကာသအဆင့်နဲ့အထက်လူတွေ ၀င်ဖို့ ကန့်သတ်ထားတယ်ဆို။ ဒီတော့ အစ်ကိုကြီးဘယ်လိုလုပ်မလဲ?´
ဒီမေးခွန်းက သူအမြဲတမ်းမေးချင်နေတာဖြစ်သည်။ Ling Xiao၏ လုပ်ဆောင်ချက်များကို ကြည့်တာနှင့် သူက အာကာသအဆင့်ထက်တော့ နိမ့်မယ်မထင်ရချေ။ အချိန်ကျရင် အကယ်လို့ သူသာ မ၀င်နိုင်ရင် သူဖုံးကွယ်ထားတာတွေ  မပေါ်သွားနိုင်ဘူးလား?´
သူ့စကားတွေကို ကြားတာနှင့် Ling Xiao၏ ပါးစပ်စွန်းများက အပေါ်ကို စပြီးကွေးတက်သွားတော့သည်။ သူ့စာလိပ်ကို ချလိုက်ကာ 'ညီလေး ဘာလို့ သုခဘုံနယ်မြေက အဆင့်အပေါ်မှာ ကန့်သတ်တာလဲဆိုတာ သိလား?´
You XiaoMo အတန်ကြာ စဉ်းစားပြီးတော့ ခေါင်းခါပြလိုက်သည်။ သို့သော် ဒါက သေချာပေါက် သုခဘုံနယ်မြေ ပိုင်ရှင်ကြောင့်ဖြစ်မည်။
Ling Xiao ပြုံးကာ 'သုခဘုံနယ်မြေအတွက်အဆင့်ကန့်သတ်ချက်တွေက သူ့ပိုင်ရှင်က သတ်မှတ်တာ။ ဒါပေမယ့် အဲဒါက သူ့ထက်အဆင့်နိမ့်တဲ့သူတွေအတွက်ပဲ တရားဝင်တယ်။ အကယ်လို့ တစ်ယောက်ယောက်က သုခဘုံနယ်မြေ ပိုင်ရှင်ထက် မြင့်တဲ့အဆင့်ရှိရင် အဲဒိ ကန့်သတ်ချက်က လွယ်လွယ်လေးပျက်ပြယ်သွားရော။´
You XiaoMo ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဒီစကားတွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်က သူ့ခွန်အားက သုခဘုံနယ်မြေပိုင်ရှင်ထက် ပိုမြင့်တယ်လို့ ပြောချင်တာမလား?
You XiaoMo၏ စိတ်ထဲမှာက ဒီလိုရတနာတွေနှင့် ပြည့်နေတဲ့ သုခဘုံနယ်မြေကို ဖန်တီးနိုင်တဲ့သူရဲ့ အင်အားက မနိမ့်နိုင်။ အနည်းဆုံးတော့ ဧကရာဇ်အဆင့်နှင့် အထက်တော့ ရှိမှာဖြစ်သည်။
Ling Xiao၏ စိတ်ချလက်ချရှိနေတဲ့ လေသံအရ သူ့ခွန်အားက တကယ်ကြီးကို သုခဘုံနယ်မြေပိုင်ရှင်ထက်မြင့်နေတာလား? ဘယ်လောက်တောင် မြင့်နေတာလဲ? သူ စိတ်ကူးလို့တောင် မရနိုင်ပေ။
'အာ့ဆို အစ်ကိုကြီးLing က  သုခဘုံနယ်မြေပိုင်ရှင်ရဲ့ ခွန်အားဘယ်လောက်ဆိုတာ သိလား?´ You XiaoMo ကတော့ သတင်းဆာလောင်မှုနှင့် စပ်စုလိုမှုတွေပြည့်နှက်နေသော မျက်လုံးများနှင့် ကြည့်ကာ မေးလိုက်သည်။
'ညီလေး အာကာသအဆင့်နဲ့အထက် တိုက်ခိုက်သူတွေက နယ်မြေဖန်တီးနိုင်တာ မင်းသိတယ်မလား? ကိုယ့်ရဲ့ မုန်ညင်းစေ့နယ်မြေလိုလေ´
Ling Xiao က သူ့မေးခွန်း၏ အဖြေမှန်ကို မပေးပဲ အဲဒိအစား သူ့ကို အခြားဗဟုသုတများပေးဖို့ ရွေးချယ်လိုက်သည်။
You XiaoMo ခေါင်းမခါခင် စဉ်းတောင် မစဉ်းစားကြည့်ပေ။ ဒီကိစ္စတွေကို သူမေးချင်နေတာ အစောထဲက ဖြစ်သည်။ သူစာကြည့်တိုက်ထဲမှာ ရှာကြည့်ဖို့ မစဉ်းစားတာလဲ မဟုတ်။ သူ့မှာ အချိန်မရှိတာကြောင့် ဖြစ်သည်။ ပြီးတော့ သူက သုံးရက် တားမြစ်ခံရသေးသည်မို့ သူရှာဖို့ အခွင့်အရေး မရတာဖြစ်သည်။
Ling Xiao က သူမသိတာ သိပြီးသားဖြစ်သည်။ ဒီတော့ သူ့ကို ရှင်းပြလိုက်သည်။
သိုင်းသမားတိုင်းက သူတို့ ဧကရာဇ်အဆင့်ရောက်တာနှင့် တိမ်ထု (လေထု) ကြားမှာ အက်ကြောင်းဖြစ်စေကာ အကြားအလပ်နေရာ တစ်ခု ဖွင့်နိုင်ကြသည်။ သို့သော် လူတိုင်းကတော့ လုပ်နိုင်သည်မဟုတ်။ Tang Fan နှင့် Luo ChengYuan တို့လို သိုင်းသမားအများစုက သေရမှာ ကြောက်ကြသည်။ Ling Xiao ခန့်မှန်းတာကတော့ သူတို့က သူတို့မှာသာ ရာနှုန်းပြည့် အောင်မြင်နိုင်ချေ မရှိလို့ မလုပ်ကြတာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့တွေက သူ့တို့ ကိုယ်ပိုင် ဂိုဏ်းများအတွက် တာဝန်ရှိကြသည်။ အကယ်လို့သာ သူတို့တွေ ကံမကောင်းဘူးဖြစ်ခဲ့လျှင် ဖြစ်လာမည့် အကျိုးဆက်က ဂိုဏ်းတစ်ခုလုံးကို သက်ရောက်မှာ ဖြစ်သည်။ ဧကရာဇ်အဆင့်တိုက်ခိုက်သူပဲ့ကိုင်ရှင် မရှိလျှင် ပထမတန်းစားအဆင့် ဂိုဏ်းတစ်ခုဟု မသတ်မှတ်နိုင်ပေ။
သုခဘုံနယ်မြေအတွက်ကတော့ Ling Xiao က အဲဒါက စစ်မှန်တဲ့လေထုကြားနယ်မြေ မဟုတ်ဟု သံသယရှိသည်။ ဖြစ်နိုင်တာကတော့ အင်အားကြီးသူတစ်ယောက်က ကုန်းမြေတစ်ခုကို ခွဲခြမ်းတာမှ လွတ်လပ်တဲ့ နယ်မြေတစ်ခု ဖြစ်ပေါ်လာတာ ဖြစ်နိုင်သည်။ ပြီးတော့ အချိန်တွေကြာလာတော့ အကာအကွယ်များက နှစ်ငါးဆယ်တစ်ကြိမ် လျော့ကျလာတာ ဖြစ်နိုင်သည်။ ဒီနည်းနှင့် အခြားသူတွေက သုခဘုံနယ်မြေကို ရှာတွေ့သွားတာ ဖြစ်လိမ့်မည်။
အကယ်လို့သာ သုခဘုံနယ်မြေက စစ်မှန်တဲ့လေထုအကြားနယ်မြေတစ်ခု ဖြစ်မယ်ဆိုလျှင် နှစ်ငါးဆယ်တိုင်းမှာ ပေါ်လာမှာ မဟုတ်ပေ။ တူညီတဲ့ နေရာမှာပဲ ပေါ်တာဆို ပိုဆိုးသည်။ ဒါက လေထုအကြားနယ်မြေ ကွက်လပ်ဆိုသည်မှာ မတည်ငြိမ်သောအရာအဖြစ်ဆုံးဖြစ်သည်။
ဒီတော့ Ling Xiao က သုခဘုံနယ်မြေပိုင်ရှင်က အင်ပါယာအဆင့် ရှိသူဟု သံသယ ရှိသည်။ အင်ပါယာအဆင့်သိုင်းသမား များသာ ဒီလောက် မြေထုကြီးကို လွတ်လပ်တဲ့နယ်မြေအဖြစ်လုပ်နိုင်မှာ ဖြစ်သည်။ ပြီးတော့ Long Xiaoတိုက်မကြီး၏ တောက်ဘက်အပိုင်းက အမြင့်ဆုံးသိုင်းသမားမှာ အင်ပါယာ အဆင့ဖြစ်သည်။ ပြီးတော့ အကယ်လို့သာ သူသာ ဒိထက် ပိုမြင့်မည်ဆိုလျှင် လေထုလွှာကြားနယ်မြေတစ်ခု သေချာပေါက် ဖွင့်နိုင်တဲ့ စွမ်းရည်ရှိနေပြီဖြစ်သည်။ ဒီတော့ အဆိုပါပုဂ္ဂိုလ်က အင်ပါယာအဆင့်ဖြစ်တာကို သူမအံသြနေမိတော့။
T/N ကိုယ်နားလည်သလောက်ပေါ့လေ သုခဘုံနယ်မြေဆိုတာ မြေလွှာကြားကို ဖွင့်တာကနေရတဲ့ နယ်မြေပါ မြေပြင်မှ ရှိတဲ့ ဖုံးကွယ်နေတဲ့ နယ်မြေပေါ့ ။ ယူလေးတို့ အတွဲမှာ ရှိတဲ့ကိုယ်ပိုင်နယ်မြေဆိုတာက လေထုထဲမှာ ရှိတာပါ သူတို့နဲ့ စိတ်ဝိဉာဏ်ချင်း ချိတ်ဆက်ထားတာပါ။ ရွေ့လျားနိုင်ပါတယ်။
ပြီးတော့ ဒီအပိုင်းမှာ Ling Xiao လို့ကော Lin Xiao လို့ကော သုံးထားပါတယ်။ မှားရေးတာ မဟုတ်ပါဘူး။ မေ့နေကြမှစိုးလို့မှာ အခုလက်ရှိက Ling Xiao က Lin Xiao ဆိုတာ မူရင်းလူပါ သူ့ကို သတ်ပြီး သူ့အသွင်အပြင်အတိုင်း Ling Xiao က ၀င်နေတာပါ။ ဂိုဏ်းတစ်ခုလုံးက သူ့ကို Lin Xiao လို့ပဲ သိတာပါ ။ You XiaoMo တစ်ယောက်ပဲ Ling Xiao မှန်းသိတာပါ။ သိဆို သူ့ကို မသတ်အောင် မှော်ဆေးလုံးတွေနဲ့ လာဘ်ထိုးထားတာ။
Unicode
C-135 The owner of the Paradise realm.

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now