Chapter 190 Part 2 – Death Prison
အခန်း ၁၉၀ အပိုင်း၂ မရဏထောင်
Ling Xiao က “ကျွန်တော် တကယ် Tian Xin ဂိုဏ်းကို မထင်ထားဘူး အပြင်ကနေကြည့်ရင် ဂုဏ်သရေရှိသလို ထင်ရပေမယ့် နောက်ကွယ်မှာ ဒီလို ကိစ္စတွေ လုပ်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒီသတင်းအချက်အလက်တွေ ပေါက်ကြားသွားပြီးတော့ Tian Xinဂိုဏ်းရဲ့ ဂုဏ်သတင်း ထိခိုက်သွားမှာ မစိုးဘူးလား”
ထိုသူက တဟားဟားနှင့် ရယ်သည်။
“ဒီကိစ္စကို မင်းစိတ်ပူစရာမလိုပါဘူး မရဏထောင်ကို စတင် တည်ထောင်လိုက်ကတည်းက ဒီထောင်ကနေ ဘယ်သူမှ မလွတ်မြောက်သွားဘူးဖူး”
Ling Xiao က ပြန်ဖြေလိုက်သည် “ အဲလောက်ကြီးလဲ သေချာမနေပါနဲ့လေ”
ထိုသူက “ငါ အပိုတွေ ပြောနေတာ ဟုတ် မဟုတ်ဆိုတာ မင်းကို သက်သေပြနိုင်တယ်။ နောက်တစ်ကြိမ်ဆိုရင် မင်းနဲ့ Zouညီလေးရဲ့ အလှည့်ပဲ။ မင်းရဲ့ နောက်ဆုံးရက်လေးတွေကို ခံစားလိုက်ပါဦး”
ပြောပြီးတော့ ထိုသူက လှည့်ထွက်သွားက သူ့ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် တဖန် ပြန်မှောင်မိုက်သွားလေသည်။
အနက်ရောင် အကျဉ်းခန်းက တဖန်ပြန် တိတ်ဆိတ်ကာ တင်းမာသော အခြေအနေ ပြန်ဖြစ်သွားသည်။ ရုတ်တရတ် အမှောင်ထဲကနေ ညင်သာသော အသံတစ်သံ ထွက်ပေါ်လာသည်။
သူ့မျက်နှာချင်းဆိုင်က အကျဉ်းခန်းအတွင်း Zhou Peng က ရှိုက်သံများစွက်နေသော လုံးဝကို စိတ်မကောင်းဖြစ်နေသော အသံနှင့် “အစ်ကိုကြီ ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ကျွန်တော်သာ အရမ်းမတုံးရင် အစ်ကို့ကိုလဲ ကျွန်တော်နဲ့ အတူ မရဏထောင်ထဲ ဆွဲသွင်းခံရမှာ မဟုတ်လောက်ဘူး”
Ling Xiao ကပြုံးကာ ရုတ်တရတ် ဆိုသည် “ညီလေးZhou ငါ မင်းကို အစောထဲကလည်း ပြောဖူးပါတယ် ဒါ မင်းအပြစ်မဟုတ်ဘူးလို့။ Tang Fan က ငါ့ကို မကျေနပ်တာနော ဒီတော့ မင်းက သာမာန်အချိန်ဆိုလည်း ငါနဲ့ အရင်းနှီးဆုံးသူ ဖြစ်နေတော့ မင်းကို လက်ရွယ်တာ သဘာဝပဲ။ တကယ်တော့ ငါကသာ မင်းကို ဒီထဲ ဆွဲသွင်းမိတာပါ။ မင်းကိုယ်မင်း အပြစ်တင်နေစရာ မလိုဘူး ဒီနေရာကနေ ဘယ်လို ထွက်ပြေးကြမလဲဆိုတာပဲ တွေးနေသင့်တယ်”
VOUS LISEZ
အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)
AventureThe Legendary Master's Wife (Myanmar Translation) MM translate from English Translate Chapter (64- 201) (227-231) (381-399) Crd to original novel