Chapter 164 Jade Spiritual Cave ( Z & U)

9.1K 1.4K 24
                                    

C-164 Jade Spiritual Cave

အခန်း ၁၆၄ ကျောက်စိမ်းစိတ်ဝိဉာဏ်ဂူ

“အခုကော ကျေနပ်ပြီလား?”

Ling Xiao ခေါင်းလေးစောင်းကာ You XiaoMo ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

You XiaoMo မျက်လုံးလေးတွေ တောက်ကာ ခေါင်းညိမ့်လိုက်သည်။ ဒါပေါ့ သူကျေနပ်တာပေါ့။ သူသာ ကျေနပ်ဘူးလို့ ပြောရဲကြည့်ပါလား Ling Xiao က သူ့ကို သေချာပေါက် ပေးတော့မှာဆိုတာ သူသိတယ်လေ ဒီတော့ အမြန် ခေါင်းစဉ်ပြောင်းလိုက်ရသည်။

“အစ်ကိုကြီးLing၊ ဒီမှာ အဆင့်ရှစ်မှော်ဝင်သားရဲ တစ်ကောင် ပေါ်လာမယ်လို့ ဘယ်သူက ထင်မှာလဲနော်? ပြီးတော့  ကျောက်စိမ်းစိတ်ဝိဉာဏ်ဂူထဲမှာဆို ပိုပြီး အံသြစရာကောင်းတာတွေတောင် ရှိမလားပဲ?”

You XiaoMo က အလွန့်အလွန်ကို စပ်စုချင်နေသည်။ ဒီမှာလဲ သူ တစ်မျိုးကြီး ဖြစ်နေတာ တစ်ခုရှိသေးသည်။

အကြီးအကဲShi က သူ့လူတွေကို ဒီလမ်းက ဦးဆောင်ပြီး ခေါ်လာတယ်ဆိုကတည်းက သူကလဲ ဒီရေကန်ထဲမှာ အဆိပ်လွှမ်းမိုးနဂါးရှိတော မသိလို့ပဲ ဖြစ်မှာပဲ။

သူခုဏက ဘယ်လို ပြုမူတယ်ဆိုတာ ကြည့်တာနဲ့တင် သူအဲဒါကို လုံးဝ မသိဘူးဆိုတာ ပြောနေသလိုပဲ။

ဒါက You XiaoMo၏ ပထမဆုံးအကြိမ် သုခဘုံနယ်မြေထဲ လာဖူးတာပေမယ့် ကြိုတင်ပြင်ဆင်ဖို့ လိုတယ်ဆိုတာ သူသိပြီးသား ဖြစ်သည်။ ထို့ကြောင့် TianXin ဂိုဏ်းအနေဖြင့် လိုအပ်သည်များကို ပြင်ဆင်မှု မပြုထားဖူးဆိုတာက ပိုပြီးတောင် မဖြစ်နိုင်သေးသည်။ ပြီးတော့ သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကလည်း လာဖူးပြီးသားဆိုတော့ သတင်းအချက်အလက်တွေကို ပိုပြီးတောင် စုဆောင်းထားပြီးလောက်ပြီ။

“အဆိပ်လွှမ်းမိုးနဂါးက ဒီရေကန်ထဲမှာ ကျင့်ကြံဖို့အတွက် တစ်ချိန်လုံး ပုန်းနေလို့မှ မရတာ။ အကြီးအကဲShi က ဒီကိစ္စကို သတင်းမရထားဘူးဆိုတည်းက သေချာနေပြီလေ အဆိပ်လွှမ်းမိုးနဂါးက လွန်ခဲ့တဲ့ နှစ်ငါးဆယ်က ဒီရေကန်မှာ မရှိလို့ပေါ့”

Ling Xiao က သူ့ခန့်မှန်းချက်ကို ထုတ်ဖော်ပြောပြလိုက်သည်။ သူက အစောတည်းက အဆိပ်လွှမ်းမိုးနဂါး၏ တည်ရှိမှုကို သိထားပြီးသား ဖြစ်သည်။ You XiaoMo ရဲ့ ခံစားချက်ကိုသာ သူထည့်စဉ်းစားတာသာ မဟုတ်ရင် သူတို့တွေကို ထွက်သွားဖို့ သတိပေးဖို့ကို စိတ်အနှောင့်အယှက် ဖြစ်နေမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့က နည်းနည်းတောင် ကျေးဇူးသိတတ်မှ မဟုတ်ပဲ။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now