Chapter 133 Birth (Z & U)

10.2K 1.7K 16
                                    

Zawgyi
c-133 Birth
အခန္း ၁၃၃ ေမြးဖြားျခင္း
အလယ္အလတ္အဆင့္ေမွာ္ေဆးပင္မ်ား၏ ၾကီးထြားျခင္းစက္၀န္းက အဆင့္နိမ့္ေဆးပင္မ်ားထက္ ပိုရွည္သည္။ You XiaoMoက ေရာစပ္ထားတဲ႕ ေမွာ္ေရကို ထပ္ေရာျပီးသံုးသည္။ သုိ႕ေသာ္ သူက ေရာစပ္ထားတဲ႕ ေမွာ္ေရကို အဆင့္ေလးေမွာ္ေဆးပင္အတြက္သာ သံုးသည္။  အဆင့္ငါးႏွင့္ အဆင့္ေျခာက္ ေမွာ္ေဆးပင္ေတြမွာ ေရာစပ္ထားတဲ႕ ေမွာ္ေရကို သံုးဖို႕မစီစဥ္ထားေပ။
ေမွာ္ေဆးပင္စိုက္ခင္းက သူ႕အလုပ္ေတြ ျပီးတာနဲ႕ ေရခဲဂူထဲက သူတူးယူထားေသာ ေမွာ္ေဆးပင္ ေတြထားတဲ႕ေနရာကို ေလွ်ာက္သြားလိုက္သည္။ ေမွာ္ေရထဲမွာ ရက္ေပါင္းမ်ားစြာ ေထာင္ထားတဲ႕ေနာက္ေတာ့ ဆယ္ပင္အထက္ ေမွာ္ေဆးပင္ေတြက ေ၀ဆာေနသည္။ အခ်ိဳ႕အပင္ေတြက အေစ႕ေတြေတာင္ ထြက္ေနျပီ ျဖစ္သည္။
အေစ႕ေၾကာင္းေတြးမိေတာ့ You XiaoMo အျခားအေစ႔တစ္သုတ္ကို စဥ္းစားမိသည္။ ဒီအေစ့ေတြက ၀ယ္လာတာ မဟုတ္ေပ။ အဲဒိအေစ့ေတြက ေမွာ္ေဆးပင္ေတြ ၾကီးထြားခ်ိန္ၾကားမွာ သီးတာျဖစ္သည္။ ေမွာ္ေဆးပင္၏ရိုးတံတိုင္းက သံုးေလးေစ့အထိေတာ့ သီးသည္။ အခ်ိဳ႕က ေကာင္းျပီး အခိ်ဳ႕က မေကာင္း။ သို႕ေသာ္ ျခံဳျပီးေျပာရင္ေတာ့ မေကာင္းတာ က အနည္းငယ္သာျဖစ္သည္။
အရင္က သူအေစ့ေတြအမ်ားၾကီး ၀ယ္ခဲ့တာေၾကာင့္ သီးလာတဲ့အေစ့ေတြ သူမသံုးျဖစ္။ အားလံုးကို သူစုျပီး ေၾကာင္အိမ္ထဲ ထဲ့သိမ္းထားသည္။ အရင္ကေတာ့ အဲဒါေတြကို စစ္ေဆးၾကည့္ေသးသည္။ အေစ့တုိင္းက သူအျပင္က ၀ယ္လာတာေတြထက္ ပိုျပီး ဖြံ႕ထြားျပီး အေရာင္ေတာက္ပသည္။
သုိ႕ေသာ္ ေမွာ္ေဆးပင္ကေန အေစ႕ေတြသီးတာ သိတာမို႕ အေစ့ဘယ္ေလာက္ပါတာလဲဆိုတာကို သူမစိုးရိမ္ေခ်။
သူ HunJiျမိဳ႕ၾကီးမွာ ဘာ့ေၾကာင့္အေစ့ေတြအမ်ားၾကီး ၀ယ္ရသလဲဆုိေတာ့ အကယ္လို႕ သူသာ တစ္မ်ိဳးကို နည္းနည္းပဲ ၀ယ္ရင္ ေမွာ္ေဆးလံုးဗဟိုအလုပ္ရံုက အဖိုးၾကီးက သူ႕၀ယ္တဲ႕ အေရအတြက္ နည္းရင္ ေရႊျပားအမ်ားၾကီး မရမွာစိုးျပီး မေရာင္းမွာ စိုးလုိ႕ျဖစ္သည္။
ဒါေပမယ့္ အေရးအၾကီးဆံုးကေတာ့ အပင္ကေနသီးတဲ႕ အေစ႔ေတြကို သူျပန္စိုက္ဖို႕အတြက္ ေစာင့္ေနရလုိ႕ျဖစ္ပါတယ္။ ဒါက အခ်ိန္ျဖဳန္းတယ္လို႕ဆိုႏို္င္တယ္ေလ။ ဒါေပါ့ အဲဒါက သူပိုက္ဆံမျပတ္သြားတဲ႕အခ်ိန္မွာေပ့ါ။
သစ္သားတဲေလးထဲကို ျပန္ေရာက္သြားခ်ိန္မွာေတာ့ You XiaoMo အဆင့္ရွစ္ေမွာ္၀င္သားရဲဥ၏ အေျခအေနကို ၾကည့္ရေသးသည္။ အဆင့္ရွစ္ေမွာ္၀င္သားရဲ ေသြးျပာ၀ံပုေလြက အလယ္အလတ္အဆင့္ ေမွာ္၀င္သားရဲျဖစ္သည္။ ေနာက္ဆံုးအေခါက္ သူစာၾကည့္တုိက္သြားတုန္းက က်မ္းစာလိပ္ေတြမွာ သူဖတ္ခဲ့ ရသည္။ ေသြးျပာ၀ံပုေလြ က ခြန္အားႏွင့္ အျမန္ ပုိင္းဆိုင္ရာ ေမွာ္၀င္သားရဲျဖစ္သည္။ သူ႕အေမႊးက ေငြျဖဴေရာင္ ျပီးေတာ့ အရမ္းႏူးညံ႕သည္။ အကယ္လို႕ ေသြးျပာ၀ံပုေလြ၏ ရက္စက္ၾကမ္းၾကဳပ္တဲ႕ ၀ိေသသကိုသာ ေက်ာ္သြားမယ္ဆိုရင္ သူက အရမး္လွပတဲ႕ ေမွာ္၀င္သားရဲဆိုတာ သံသယ ျဖစ္စရာမရွိ။
ဒီလုိ ေမွာ္၀င္သားရဲက တုိက္ပြဲ၀င္ရာမွာ ကၽြမ္းက်င္တဲ႕ အမ်ိဳးအစားျဖစ္ကာ ဆက္ႏြယ္ဖို႕တကယ္ေကာင္းတဲ႕ သင့္ေတာ္သူျဖစ္သည္။
သို႕ေသာ္ You XiaoMo စိတ္၀င္စားတာ တစ္ခုရွိသည္။ က်မ္းစာလိပ္က မွတ္တမ္းအရဆုိရင္ ဟိုးအရင္က ေသြးျပာ၀ံပုေလြ၏ ေသြးမ်ိဳးဆက္မွာက အဆင့္ရွစ္မွာတင္ ရပ္တန္႕သြားတာ မဟုတ္ေပ။ အဆင့္ဆယ့္တစ္ ႏွင့္ ဆယ့္ႏွစ္အဆင့္ ၀ံပုေလြနတ္ဘုရား မ်ားေတာင္ ရွိသည္ဟု ဆိုသည္။
သို႕ေသာ္အခုကေတာ့ ေသြးသန္႕ ေသြးျပာ၀ံပုေလြမ်ားက ပိုပိုျပီး ရွားရွားလာသည္။ အဆင့္ရွစ္ထက္ျမင့္ေသာ ေသြးျပာ၀ံပုေလြမ်ားပင္ မရွိေတာ့။ အဆင့္ရွစ္အထက္ ေသြးျပာ၀ံပုေလြမ်ားက အသြင္ေျပာင္းႏို္င္သည္ဟုပင္ ဆိုသည္။
You XiaoMo သူ႕လက္ႏွစ္ဖက္လံုးႏွင့္ ေမွာ္၀င္သားရဲဥ ကို မကာ သူ႕ရဲ႕အရုိင္းဆုိင္းဆံုးေသာ စိတ္ကူးေတြနဲ႕ ေပ်ာ္ေမြ႕ေနသည္။ ဒါ ေသြးသန္႕ ေသြးျပာ၀ံပုေလြဥမ်ား ျဖစ္ေနမလား? အဲလိုသာ ျဖစ္ခဲ့ရင္ သူက ဒ႑ာရီလာ ၀ံပုေလြနတ္ဘုရားျဖစ္ႏုိ္င္တယ္ဆိုတဲ အဓိပၸါယ္မဟုတ္ဘူးမလား?
စိတ္ကူးယဥ္ေနတာနဲ႕ေတာင္ ရယ္ရလြန္းျပီး မရံုးထြက္ႏုိ္င္။ အကယ္လို႕ဆိုတာၾကီးတာသာ ဆိုးေနတာ ျဖစ္သည္။
You XiaoMo ေခါင္းေလးငံုျပီး ေမွာ္၀င္သားရဲဥကို ၾကည့္လုိက္သည္။ အစ္ကိုၾကီးက ေျပာတာေတာ့ ဆက္ႏြယ္ျခင္းျပဳဖို႕ အေကာင္းဆံုးအခ်ိန္က ေမွာ္၀င္သားရဲ ဥ မေပါက္ခင္အခ်ိန္ႏွင့္ ငယ္တုန္းအခ်ိန္လို႕ေျပာသည္။ အဲလိုဆိုရင္ ဆက္ႏြယ္ျခင္းလုပ္ေနတဲ့ အခ်ိန္မွာ ေမွာ္၀င္သားရဲ၏ ခုခံျခင္းက အမ်ားၾကီးမရွိႏိုင္ဟု ဆိုသည္။ ဘာေၾကာင့္လဲဆိုေတာ့ ေမွာ္၀င္သားရဲရဲ႕ ခုခံျခင္းက အရမ္းခိုင္မာလြန္းရင္ ထိန္းခ်ဳပ္ရတာ အရမ္းခက္တာေၾကာင့္ျဖစ္သည္။ တစ္ေယာက္ေယာက္ကေတာ့ တံုျပန္မႈကို ခံစားရတာႏွင့္ အဆံုးသတ္ႏိုင္သည္။
ေမွာ္၀င္သားရဲဥက အခ်ိန္မေရြး ေပါက္ႏို္င္တာကို ျမင္တာနဲ႕ သူက ဒီအခ်ိန္ကို ေကာင္းေကာင္း အသံုးခ်ျပီး ဆက္ႏြယ္ဖို႕ လုပ္ရမည္။ သို႕ေသာ္….. You XiaoMo သူ႕အစ္ကိုၾကီး ေျပာတာ တစ္ခုကို သြားသတိရသြားသည္။
ေမွာ္ဆရာတစ္ေယာက္ ဆက္ႏြယ္လို႕ရတဲ႕ ေမွာ္၀င္သားရဲက သူ႕ရဲ႕ကိုယ္ပုိင္၀ိညာဥ္ခြန္အားအေပၚ မူတည္သည္။ ၀ိညာဥ္ခြန္အားေကာင္းေလ ေမွာ္၀င္သားရဲမ်ားႏွင့္ ဆက္ႏြယ္လို႕ ရေလျဖစ္သည္။ တကယ္ေတာ့ ဒါက ၀ိညာဥ္အဆင့္ေပၚမွာ မူတည္တာျဖစ္သည္။
ဥပမာ အဆင့္သံုးေမွာ္ဆရာတစ္ေယာက္က ေမွာ္၀င္သားရဲ သံုးေကာင္သာ ဆက္ႏြယ္ႏို္င္သည္။ ေမွာ္၀င္သားရဲ၏အဆင့္ကေတာ့ သူတို႕၏ ကိုယ္ပိုင္စြမ္းရည္မ်ား ဆက္ႏြယ္ျခင္းႏွင့္ဆုိင္သြားသည္။ ေနာက္ေတာ့ အဆင့္ျမင့္သြားတုိ္င္းမွာ ေမွာ္၀င္သားရဲေတြ ပိုပိုၿပီး ထပ္ထည့္လို႕ ရမွာျဖစ္သည္။ ကန္႕သတ္ခ်က္ရွိတာမို႕ ေမွာ္ဆရာအမ်ားစုက ေမွာ္၀င္သားရဲတိုင္းႏွင့္ မဆက္ႏြယ္ေခ်။
You XiaoMo က အခု အဆင့္သံုးေမွာ္ဆရာျဖစ္သည္။ စည္းမ်ဥ္းမ်ားအရ သူက ေမွာ္၀င္သားရဲသံုးေကာင္ႏွင့္သာ ဆက္ႏြယ္ႏို္င္သည္။ ဘယ္လုိပဲျဖစ္ျဖစ္ အခုသူ႕ရဲ႕ လက္ရွိအင္အားက အဆင့္ရွစ္ေမွာ္၀င္သားရဲ နဲ႕ ဆက္ႏြယ္ႏိုင္သလားဆုိတာ သူမသိတာျဖစ္သည္။
အတန္ၾကာ တံု႕ဆုိင္းေနျပီးမွ သူၾကိဳးစားၾကည့္ဖို႕ ဆံုးျဖတ္လုိက္သည္။
အခြင့္အေရး က အျမဲတမ္း အႏၱရာယ္ႏွင့္ တြဲလာတာျဖစ္သည္။ အကယ္လို႕သာ ၾကိဳးစားၾကည့္ဖို႕သတၱိမရိွလွ်င္ ခရီးေပါက္မေပါက္ ဘယ္လိုသိႏုိင္မလဲ?
အဲလိုစဥ္းစားလိုက္တာနဲ႕ You XiaoMo သူ႕ညာလက္နဲ႕ ေမွာ္၀င္သားရဲဥရဲ႕ ထိပ္ပိုင္းကို ျမဲျမဲကိုင္လိုက္သည္။ သူ႕လက္၀ါးကေန ေမွာ္၀င္သားရဲဥဆီကို ၀ိညာဥ္ခြန္အားတစ္လွိဳငး္က တစ္ျဖည္းျဖည္း တိုးေ၀႔စီးဆင္းသြားသည္။
အထဲက အသက္ခြန္အားက ထင္ထင္ရွားရွားကို အရမ္းက်န္းမာျပီး သန္မာလွသည္။ ႏွလံုးခုန္ျခင္းက အရမ္းအားရွိကာ သန္သန္မာမာကိုခုန္ေနသည္။ ဥထဲမွာ ရွိေနတုန္းေတာင္ သူ ေသြးျပာ၀ံပုေလြရဲ႕ ေသြးေၾကာမွ ထုတ္လႊင့္ေသာ ခပ္ေဖ်ာ့ေဖ်ာ့ ဖိအားကုိ သူ ခံစားႏုိ္င္သည္။
ႏူးညံ႕တဲ႕၀ိညာဥ္ခြန္အားက ဥအခြံကေန ျဖတ္သန္းကာ အထဲက အသက္ခြန္အားေသးေသးေလးႏွင့္ ရစ္ပတ္သြားသည္။ အသက္ခြန္အားအေသးေလးထံမွ မည္သည့္ခုခံျခင္းကိုမွ မထြက္ေပၚပဲ အလြန္ ေခ်ာေမြ႕လွသည္။ ဥအထဲက အသက္ခြန္အားေလးက တစ္ခုခု ေျပာခ်င္သလုိမ်ိဳး သက္ေတာင့္သက္သာျဖစ္တဲ႕ ညီးတြားသံေလးေပးတာေတာင္ သူခံစားရသည္။
You XiaoMo ေသြးျပာ၀ံပုေလြ၏ မ်က္ခံုးၾကားက ေနရာလြတ္ကိုသူ႕၀ိညာဥ္ခြန္အားေတြ သြန္ထဲ့လုိက္ဖို႕ခ်က္ခ်င္းဆံုး ျဖတ္လိုက္သည္။ မေမွ်ာ္လင့္စြာနဲ႕ အခက္အခဲ လံုး၀ မရွိပဲ သူေအာင္ျမင္သြားသည္။ အလြန္ ျမန္ဆန္စြာႏွင့္ လူတစ္ေယာက္ႏွင့္ သားရဲတစ္ေကာင္ၾကားက ဆက္ႏြယ္မႈကို သူခံစားမိသည္။ အဲဒါက မျမင္ရတဲ႕ ကန္႕သတ္ခ်က္တစ္ခု လိုပဲ။
You XiaoMo သူ႔ႏွလံုးသားထဲက တိုးေ၀ွ႕တက္လာတဲက ေပ်ာ္ရႊင္မႈကို႕ ထိန္းသိမ္းထားလုိက္သည္။ ဂရုတစိုက္ႏွင့္ သူ႕၀ိညာဥ္ခြန္အားကို ျပန္ႏႈတ္လုိက္သည္။ ျပီးေနာက္ ဥကို ေကာက္ယူကာ ေပ်ာ္ရႊင္မႈႏွင့္ ၾကည့္ေနသည္။ ဒါက သူ႕ရဲ႕ ပထမဆံုး ဆက္ႏြယ္ထားေသာ ေမွာ္၀င္သားရဲျဖစ္သည္။ျပီးေတာ့ အဆင့္ရွစ္ ေသြးျပာ၀ံပုေလြျဖစ္သည္။ အျခားေမွာ္ဆရာ မ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ သူက အလြန္႕အလြန္ ကံေကာင္းလွသည္။
သို႕ေသာ္ သူ႕ကို အံ့အားသင့္ေစတာကေတာ့ လုပ္ေဆာင္ခ်က္တစ္ခုလံုးသည္ အလြန္အဆင္ေျပလွတာျဖစ္သည္။ အစ္ကိုၾကီး ေျပာသေလာက္ၾကီးလဲ မခက္ခဲပါဘူး။ သူဘယ္ေလာက္ ဦးေႏွာက္သံုသံုး သူအခုထိ နားမလည္ဘူး ျဖစ္ေနေသးသည္။
ေသြးျပာ၀ံပုေလြႏွင့္ ဆက္ႏြယ္မႈ ျပဳလိုက္ကတည္းက ဥအထဲက ထြက္လာတဲ႕ အသက္ခြန္အားကို အခုထိသူခံစားမိေနတုန္းျဖစ္သည္။ အဆိုပါ အသက္ခြန္အားက သူေနာက္သံုးရက္ၾကာလွွ်င္ အေကာင္ေပါက္မည္ဟု ေျပာသည္။
ဒီအျမန္နႈန္းက တကယ္တမ္းေတာ့ တကယ္ျမန္သည္။ ယခင္က သူဥကို ရတုန္းက သူဥထဲက အသက္ခြန္အားကို ခံစားမိေနေသာ္လည္း အေကာင္ေပါက္ဖို႕ အလွမ္းေ၀းေသးတာ ေသခ်ာသည္။ မေမွ်ာ္လင့္စြာႏွင့္ သူသယ္လာျပီး ရက္အနည္းငယ္မွာတင္ အေကာင္ေပါက္ဖို႕ နီးလာျပီ။ သို႕ေသာ္သူကေတာ့ အရမ္းကို ေမွ်ာ္လင့္ေနတာျဖစ္သည္။ ေသြးျပာ၀ံပုေလြအေကာင္ေပါက္ေလးက ဘယ္လိုေလးျဖစ္ႏုိင္မလဲ?
ဒီလို စိတ္လႈပ္ရွားေနတဲ႕ ခံစားခ်က္ၾကီးႏွင့္ You XiaoMo သံုးရက္လံုး ေမွာ္ေဆးလံုးေတြသာ ေဖာ္ေနလိုက္သည္။ ေနာက္ဆံုးေတာ့ ေသြးျပာ၀ံပုေလြကို ၾကိဳဆိုရမယ့္ ေန႕ေရာက္လာျပီ။
Ling Xiao သူ႕ဆီကို သံုးရက္လံုး လာမေတြ႕တာေၾကာင့္ ရယ္ သူ႕ကို ဆက္သြယ္လို႕လဲ မရတာေၾကာင့္ရယ္ တို႕ေၾကာင့္ သူ Ling Xiao ကို ေသြးျပာ၀ံပုေလြအေကာင္ေပါက္မွကို မေျပာရေခ်။ အဲဒိေန႕မွာ မနက္ေစာေစာထဲက သူလုပ္ရမွာေတြကို အျပီးလုပ္ျပီးေနာက္ You XiaoMo သူ႕နယ္ေျမထဲ ၀င္လာလုိက္သည္။
ေမွာ္၀င္သားရဲဥကို ျခံ၀င္းထဲက ေက်ာက္တံုးခံုေပၚက ေဆးၾကိဳအိုးထားဖို႕ေဖာ္ထားတဲ့ အရာထဲမွာ သူထားခဲ့တာျဖစ္သည္။ သူေမြးဖြားတာကိုျပင္ဆင္သည့္္အေနႏွင့္ ေသြးျပာ၀ံပုေလြက နယ္ေျမထဲက စိတ္၀ိညာဥ္စြမး္အင္ေတြကို စုပ္ယူခဲ့သည္။ သို႕ေသာ္ You XiaoMoရဲ႕ တည္ရွိမႈကို ခံစားမိတာနဲ႕ သူ႕ကို ေတြ႕လို႕ အရမ္းေပ်ာ္ရႊင္သလိုမ်ိဳး ဥလံုးလံုးက ရုတ္တရက္ၾကီး ေပ်ာ္ရႊင္စြာႏွင့္ ခုန္ေပါက္ကာ အၾကိမ္အနည္းငယ္ခါရမ္းေတာ့သည္။
You XiaoMo ကေတာ့ မအံ့ၾသေတာ့။ ဒီသံုးရက္မွာ သူ ဒီေမွာ္၀င္သားရဲဥရဲ႕ ဖ်တ္လတ္တက္ၾကြကာ ေဆာ့ကစားျခင္း အလံုးစံုကို သူမ်က္ျမင္ျဖစ္ျပီးသားျဖစ္သည္။ ခြန္အားျပည့္၀လြန္းေနတာက သိသာလွသည္။
ဒီရက္မတိုင္ခင္ တစ္ရက္ကဆုိလွ်င္ သူရဲ႕ အာရံုစူးစိုက္မႈရရွိရန္အတြက္ အဆုိပါ ေမွာ္၀င္သားရဲဥက သစ္သားတဲအတြင္ဘက္ကေန ေမွာ္ေဆးပင္စိုက္ခင္းအထိ လွိမ့္သြားကာ ေပ်ာ္ရႊင္ ျမဴးတူးရႊင္ျပစြာခုန္ကာ ေနတာမ်ား အကယ္ၾကီးကုိ သူ႕ေရွ႕မွာ လွည့္ပတ္ခုန္ေနတာျဖစ္သည္။ သူ႕ကို ေသေလာက္ေအာင္ေတာင္ ထိတ္လန္႕ေစခဲ့သည္။ ဥအခြံမ်ား အက္သြားလွ်င္ ဘယ္လိုလုပ္မလဲ?  သာမာန္အတိုင္း ဥမေပါက္ပဲ ေနရင္ဘာမ်ားျဖစ္သြားႏုိ္င္မလဲ?
သူ႕စိတ္ထဲမွာေတ့ာ ေမွာ္၀င္သားရဲေလးက ပံုမွန္အတိုင္းသာ ဥမေပါက္ခဲ့လွ်င္ ေစာျပီးေမြးလာတဲ့ကေလးႏွင့္ တူညီမွာ ျဖစ္သည္။
အဲဒိအခ်ိန္ထဲက You XiaoMo က သူ႕ကို အေပၚ ေအာက္ ခုန္ေနတာကို တားျမစ္ထားကာ ေဘးတုိက္ယိမ္းထိုးေနတာကိုပဲ ခြင့္ျပဳခဲ့တာျဖစ္သည္။
ေမွာ္၀င္သားရဲေလးက အလြန္ ဉာဏ္ေကာင္းလွသည္။ အဲဒိအခ်ိန္ထဲက အေပၚေအာက္ မခုန္ေတာ့။ သူ႕ကို ျမင္လိုက္တိုင္း သူ႕ေပ်ာ္ရႊင္မႈကို ေဖာ္ျပဖို႕ ေဘးတုိက္သာယိမ္းေနေတာ့သည္။
You XiaoMo အနားကို သြားကာ ေကာက္ယူူျပီး သူ႕လက္ေမာင္းထဲကို ထဲ့ကာ ေခါင္းေလးကို ပြတ္ေပးလိုက္သည္။ ေမွာ္၀င္သားရဲေလးက ဥအခြံကာထားတာေတာင္ သူ႕လက္ေမာင္းထဲမွာ အလြန္ခ်စ္ခင္စြာႏွင့္ သူ႕ကို္ယ္သူ ပြတ္သပ္ေနေတာ့သည္။ ခ်စ္ခင္စြာတံု႕ျပန္မႈသည္ သခင္ႏွင့္ အေစခံၾကားထဲက ဆက္သြယ္မႈႏွင့္ မတူပဲ စစ္မွန္တဲ႕ေပ်ာ္ရႊင္မႈ ႏွင့္လုိ႕ေတာင္ ပိုတူသည္။
အတန္ၾကာ ေပြ႕ဖက္ျပီးေနာက္ You XiaoMo ေမွာ္၀င္သားရဲဥကို ျပန္ခ်လိုက္သည္။ ဒီေန႕က ေမွာ္၀င္သားရဲေလးေပါက္မည့္ေန႕ျဖစ္သည္။ သူအရင္က Animal Planet ၾကည့္ဖူးသည္။ တိရိစၧာန္အမ်ားစုက သူတို႕ ေမြးဖြားခ်ိန္မွာ ပထမဆံုးေတြ႕တာကို သံေယာဇဥ္ျဖစ္တတ္တာ သူသိသည္။ ဒါ့ေၾကာင့္ သူက ေမွာ္၀င္သားရဲေလးေမြးတာကို သူ႕ကိုယ္ပိုင္မ်က္စိႏွင့္ ေတြ႕ခ်င္သည္။ သူပထမဆံုးေတြ႕တာလဲ သူ႕ကိုပဲ ျဖစ္ေစခ်င္သည္။
ေမွာ္၀င္သားရဲေလးကို ေက်ာက္တံုးခံုေပၚ ျပန္တင္ေပးလိုက္တာနဲ႕ *ဂလုု လုု * ျမည္ေအာင္ကို အေပါက္ထဲကိုျပန္လွိမ့္ ၀င္သြားသည္။
ေရြ႕ေနတာ ရပ္လိုက္တာႏွင့္ ဥရဲ႕မ်က္ႏွာျပင္အခြံက ရုတ္တရက္ၾကီး အလြန္ၾကီးမားတဲက အျဖဴေရာင္အလင္းတန္း ေပၚထြက္လာသည္။ အျဖဴေရာင္ အလင္းက စျပီး ျပင္းျပင္းထန္ထန္ တျဖတ္ျဖတ္ျဖစ္လာသည္။ ျပီးေနာက္ နယ္ေျမထဲက စိတ္၀ိညာဥ္စြမ္းအင္ေတြက ရုတ္တရက္တိုးေ၀ွ႕လာကာ ေမွာ္၀င္သားရဲဥအတြင္းသို႕ တုိး၀င္ကုန္သည္။
ဒီသဘာ၀ျဖစ္စဥ္က အတန္ၾကာတဲ့အထိ ဆက္ေနကာ ဥအခြံ ေပါက္ကြဲခါနီးမွသာ ရပ္တန္႕သြားသည္။ ျပီးေနာက္ *က ခ်* အသံေလးထြက္လာတာက You XiaoMo လန္႕ျပီး ထခုန္ေအာင္ေတာင္ လုပ္ႏိုင္သည္။ အနီးကပ္ၾကည့္လိုက္ေတာ့မွ ဥက  အက္လာတာ သူေတြ႕သည္။
အက္ေၾကာင္းက ၾကီးလာသည္။ တစ္ခဏအၾကာမွာ ဥတစ္ခုလံုးက အက္ရာေတြႏွင့္ ျပည့္သြားသည္။ ျပီးေနာက္ အေမႊးနုနု လက္ေသးေသးေလးက ဥခြံအကြဲထဲက ေန ဆန္႕ထြက္လာသည္။ လက္ေသးေသးေလးက ခံုေပၚ မထိခင္အထိ တုန္ေနေသးသည္။ ျပီးေတာ့မွ မ်က္စိမိွတ္ထားေသာ ေခါင္းစိုစိုေလး ေပၚလာသည္။ အေရွ႕လက္မ်ား အေနာက္ ေျခမ်ား က ဥအခြံထဲကေန တစ္ေခ်ာင္းျပီး တစ္ေခ်ာင္း တြားထြက္လာေလသည္။
ေသြးျပာ၀ံပုေလြပိစိေလး က ေက်ာက္ခံုေပၚမွာ ေျခကားယား လက္ကားယားႏွင့္ You XiaoMo ကုိေငးကာ အသံေပးေလသည္။  ေမြးကင္းစေမွာ္၀င္သားရဲ ေလးက ခြန္အားမ်ားစြာေတာ့ မရွိေသးေပ။
You XiaoMo သူ႕လက္ေတြကို သူ႕ႏွလံုးသားေပၚတင္လုိက္သည္ သူ႕မ်က္ႏွာမွာလဲ အံ့ၾသျခင္း ေပ်ာ္ရႊင္ျခင္းမ်ားႏွင့္ ျပည့္ႏွက္ေနသည္။
ဒီေငြျဖဴေရာင္စြတ္စြတ္ႏွင့္ အလြန္႕အလြန္လွပေသာ ေသြးျပာ၀ံပုေလြေလးက သူ႕အေဖာ္ျဖစ္သည္။ ကေသြးျပာ၀ံပုေလြမ်ားက အလြန္ရက္စက္တတ္ေသာ ေမွာ္၀င္သားရဲျဖစ္လိမ့္မည္ဟု သူအျမဲတမ္းထင္ထားတာျဖစ္သည္။ ေမြးကင္းစ ေမွာ္၀င္သားရဲေပါက္စေလးက ဒီေလာက္ေတာင္ ခ်စ္ဖို႕ေကာင္းလိမ့္မယ္လို႕ သူဘယ္တုန္းကမွ မေမွ်ာ္လင့္ထားေပ။
Unicode
c-133 Birth
အခန်း ၁၃၃ မွေးဖွားခြင်း
အလယ်အလတ်အဆင့်မှော်ဆေးပင်များ၏ ကြီးထွားခြင်းစက်ဝန်းက အဆင့်နိမ့်ဆေးပင်များထက် ပိုရှည်သည်။ You XiaoMoက ရောစပ်ထားတဲ့ မှော်ရေကို ထပ်ရောပြီးသုံးသည်။ သို့သော် သူက ရောစပ်ထားတဲ့ မှော်ရေကို အဆင့်လေးမှော်ဆေးပင်အတွက်သာ သုံးသည်။  အဆင့်ငါးနှင့် အဆင့်ခြောက် မှော်ဆေးပင်တွေမှာ ရောစပ်ထားတဲ့ မှော်ရေကို သုံးဖို့မစီစဉ်ထားပေ။
မှော်ဆေးပင်စိုက်ခင်းက သူ့အလုပ်တွေ ပြီးတာနဲ့ ရေခဲဂူထဲက သူတူးယူထားသော မှော်ဆေးပင် တွေထားတဲ့နေရာကို လျှောက်သွားလိုက်သည်။ မှော်ရေထဲမှာ ရက်ပေါင်းများစွာ ထောင်ထားတဲ့နောက်တော့ ဆယ်ပင်အထက် မှော်ဆေးပင်တွေက ဝေဆာနေသည်။ အချို့အပင်တွေက အစေ့တွေတောင် ထွက်နေပြီ ဖြစ်သည်။
အစေ့ကြောင်းတွေးမိတော့ You XiaoMo အခြားအစေ့တစ်သုတ်ကို စဉ်းစားမိသည်။ ဒီအစေ့တွေက ၀ယ်လာတာ မဟုတ်ပေ။ အဲဒိအစေ့တွေက မှော်ဆေးပင်တွေ ကြီးထွားချိန်ကြားမှာ သီးတာဖြစ်သည်။ မှော်ဆေးပင်၏ရိုးတံတိုင်းက သုံးလေးစေ့အထိတော့ သီးသည်။ အချို့က ကောင်းပြီး အချို့က မကောင်း။ သို့သော် ခြုံပြီးပြောရင်တော့ မကောင်းတာ က အနည်းငယ်သာဖြစ်သည်။
အရင်က သူအစေ့တွေအများကြီး ၀ယ်ခဲ့တာကြောင့် သီးလာတဲ့အစေ့တွေ သူမသုံးဖြစ်။ အားလုံးကို သူစုပြီး ကြောင်အိမ်ထဲ ထဲ့သိမ်းထားသည်။ အရင်ကတော့ အဲဒါတွေကို စစ်ဆေးကြည့်သေးသည်။ အစေ့တိုင်းက သူအပြင်က ၀ယ်လာတာတွေထက် ပိုပြီး ဖွံ့ထွားပြီး အရောင်တောက်ပသည်။
သို့သော် မှော်ဆေးပင်ကနေ အစေ့တွေသီးတာ သိတာမို့ အစေ့ဘယ်လောက်ပါတာလဲဆိုတာကို သူမစိုးရိမ်ချေ။
သူ HunJiမြို့ကြီးမှာ ဘာ့ကြောင့်အစေ့တွေအများကြီး ၀ယ်ရသလဲဆိုတော့ အကယ်လို့ သူသာ တစ်မျိုးကို နည်းနည်းပဲ ၀ယ်ရင် မှော်ဆေးလုံးဗဟိုအလုပ်ရုံက အဖိုးကြီးက သူ့ဝယ်တဲ့ အရေအတွက် နည်းရင် ရွှေပြားအများကြီး မရမှာစိုးပြီး မရောင်းမှာ စိုးလို့ဖြစ်သည်။
ဒါပေမယ့် အရေးအကြီးဆုံးကတော့ အပင်ကနေသီးတဲ့ အစေ့တွေကို သူပြန်စိုက်ဖို့အတွက် စောင့်နေရလို့ဖြစ်ပါတယ်။ ဒါက အချိန်ဖြုန်းတယ်လို့ဆိုနိုင်တယ်လေ။ ဒါပေါ့ အဲဒါက သူပိုက်ဆံမပြတ်သွားတဲ့အချိန်မှာပေ့ါ။
သစ်သားတဲလေးထဲကို ပြန်ရောက်သွားချိန်မှာတော့ You XiaoMo အဆင့်ရှစ်မှော်ဝင်သားရဲဥ၏ အခြေအနေကို ကြည့်ရသေးသည်။ အဆင့်ရှစ်မှော်ဝင်သားရဲ သွေးပြာဝံပုလွေက အလယ်အလတ်အဆင့် မှော်ဝင်သားရဲဖြစ်သည်။ နောက်ဆုံးအခေါက် သူစာကြည့်တိုက်သွားတုန်းက ကျမ်းစာလိပ်တွေမှာ သူဖတ်ခဲ့ ရသည်။ သွေးပြာဝံပုလွေ က ခွန်အားနှင့် အမြန် ပိုင်းဆိုင်ရာ မှော်ဝင်သားရဲဖြစ်သည်။ သူ့အမွှေးက ငွေဖြူရောင် ပြီးတော့ အရမ်းနူးညံ့သည်။ အကယ်လို့ သွေးပြာဝံပုလွေ၏ ရက်စက်ကြမ်းကြုပ်တဲ့ ၀ိသေသကိုသာ ကျော်သွားမယ်ဆိုရင် သူက အရမ်းလှပတဲ့ မှော်ဝင်သားရဲဆိုတာ သံသယ ဖြစ်စရာမရှိ။
ဒီလို မှော်ဝင်သားရဲက တိုက်ပွဲဝင်ရာမှာ ကျွမ်းကျင်တဲ့ အမျိုးအစားဖြစ်ကာ ဆက်နွယ်ဖို့တကယ်ကောင်းတဲ့ သင့်တော်သူဖြစ်သည်။
သို့သော် You XiaoMo စိတ်ဝင်စားတာ တစ်ခုရှိသည်။ ကျမ်းစာလိပ်က မှတ်တမ်းအရဆိုရင် ဟိုးအရင်က သွေးပြာဝံပုလွေ၏ သွေးမျိုးဆက်မှာက အဆင့်ရှစ်မှာတင် ရပ်တန့်သွားတာ မဟုတ်ပေ။ အဆင့်ဆယ့်တစ် နှင့် ဆယ့်နှစ်အဆင့် ၀ံပုလွေနတ်ဘုရား များတောင် ရှိသည်ဟု ဆိုသည်။
သို့သော်အခုကတော့ သွေးသန့် သွေးပြာဝံပုလွေများက ပိုပိုပြီး ရှားရှားလာသည်။ အဆင့်ရှစ်ထက်မြင့်သော သွေးပြာဝံပုလွေများပင် မရှိတော့။ အဆင့်ရှစ်အထက် သွေးပြာဝံပုလွေများက အသွင်ပြောင်းနိုင်သည်ဟုပင် ဆိုသည်။
You XiaoMo သူ့လက်နှစ်ဖက်လုံးနှင့် မှော်ဝင်သားရဲဥ ကို မကာ သူ့ရဲ့အရိုင်းဆိုင်းဆုံးသော စိတ်ကူးတွေနဲ့ ပျော်မွေ့နေသည်။ ဒါ သွေးသန့် သွေးပြာဝံပုလွေဥများ ဖြစ်နေမလား? အဲလိုသာ ဖြစ်ခဲ့ရင် သူက ဒဏ္ဍာရီလာ ၀ံပုလွေနတ်ဘုရားဖြစ်နိုင်တယ်ဆိုတဲ အဓိပ္ပါယ်မဟုတ်ဘူးမလား?
စိတ်ကူးယဉ်နေတာနဲ့တောင် ရယ်ရလွန်းပြီး မရုံးထွက်နိုင်။ အကယ်လို့ဆိုတာကြီးတာသာ ဆိုးနေတာ ဖြစ်သည်။
You XiaoMo ခေါင်းလေးငုံပြီး မှော်ဝင်သားရဲဥကို ကြည့်လိုက်သည်။ အစ်ကိုကြီးက ပြောတာတော့ ဆက်နွယ်ခြင်းပြုဖို့ အကောင်းဆုံးအချိန်က မှော်ဝင်သားရဲ ဥ မပေါက်ခင်အချိန်နှင့် ငယ်တုန်းအချိန်လို့ပြောသည်။ အဲလိုဆိုရင် ဆက်နွယ်ခြင်းလုပ်နေတဲ့ အချိန်မှာ မှော်ဝင်သားရဲ၏ ခုခံခြင်းက အများကြီးမရှိနိုင်ဟု ဆိုသည်။ ဘာကြောင့်လဲဆိုတော့ မှော်ဝင်သားရဲရဲ့ ခုခံခြင်းက အရမ်းခိုင်မာလွန်းရင် ထိန်းချုပ်ရတာ အရမ်းခက်တာကြောင့်ဖြစ်သည်။ တစ်ယောက်ယောက်ကတော့ တုံပြန်မှုကို ခံစားရတာနှင့် အဆုံးသတ်နိုင်သည်။
မှော်ဝင်သားရဲဥက အချိန်မရွေး ပေါက်နိုင်တာကို မြင်တာနဲ့ သူက ဒီအချိန်ကို ကောင်းကောင်း အသုံးချပြီး ဆက်နွယ်ဖို့ လုပ်ရမည်။ သို့သော်….. You XiaoMo သူ့အစ်ကိုကြီး ပြောတာ တစ်ခုကို သွားသတိရသွားသည်။
မှော်ဆရာတစ်ယောက် ဆက်နွယ်လို့ရတဲ့ မှော်ဝင်သားရဲက သူ့ရဲ့ကိုယ်ပိုင်ဝိညာဉ်ခွန်အားအပေါ် မူတည်သည်။ ၀ိညာဉ်ခွန်အားကောင်းလေ မှော်ဝင်သားရဲများနှင့် ဆက်နွယ်လို့ ရလေဖြစ်သည်။ တကယ်တော့ ဒါက ၀ိညာဉ်အဆင့်ပေါ်မှာ မူတည်တာဖြစ်သည်။
ဥပမာ အဆင့်သုံးမှော်ဆရာတစ်ယောက်က မှော်ဝင်သားရဲ သုံးကောင်သာ ဆက်နွယ်နိုင်သည်။ မှော်ဝင်သားရဲ၏အဆင့်ကတော့ သူတို့၏ ကိုယ်ပိုင်စွမ်းရည်များ ဆက်နွယ်ခြင်းနှင့်ဆိုင်သွားသည်။ နောက်တော့ အဆင့်မြင့်သွားတိုင်းမှာ မှော်ဝင်သားရဲတွေ ပိုပိုပြီး ထပ်ထည့်လို့ ရမှာဖြစ်သည်။ ကန့်သတ်ချက်ရှိတာမို့ မှော်ဆရာအများစုက မှော်ဝင်သားရဲတိုင်းနှင့် မဆက်နွယ်ချေ။
You XiaoMo က အခု အဆင့်သုံးမှော်ဆရာဖြစ်သည်။ စည်းမျဉ်းများအရ သူက မှော်ဝင်သားရဲသုံးကောင်နှင့်သာ ဆက်နွယ်နိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အခုသူ့ရဲ့ လက်ရှိအင်အားက အဆင့်ရှစ်မှော်ဝင်သားရဲ နဲ့ ဆက်နွယ်နိုင်သလားဆိုတာ သူမသိတာဖြစ်သည်။
အတန်ကြာ တုံ့ဆိုင်းနေပြီးမှ သူကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
အခွင့်အရေး က အမြဲတမ်း အန္တရာယ်နှင့် တွဲလာတာဖြစ်သည်။ အကယ်လို့သာ ကြိုးစားကြည့်ဖို့သတ္တိမရှိလျှင် ခရီးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ?
အဲလိုစဉ်းစားလိုက်တာနဲ့ You XiaoMo သူ့ညာလက်နဲ့ မှော်ဝင်သားရဲဥရဲ့ ထိပ်ပိုင်းကို မြဲမြဲကိုင်လိုက်သည်။ သူ့လက်ဝါးကနေ မှော်ဝင်သားရဲဥဆီကို ၀ိညာဉ်ခွန်အားတစ်လှိုင်းက တစ်ဖြည်းဖြည်း တိုးဝေ့စီးဆင်းသွားသည်။
အထဲက အသက်ခွန်အားက ထင်ထင်ရှားရှားကို အရမ်းကျန်းမာပြီး သန်မာလှသည်။ နှလုံးခုန်ခြင်းက အရမ်းအားရှိကာ သန်သန်မာမာကိုခုန်နေသည်။ ဥထဲမှာ ရှိနေတုန်းတောင် သူ သွေးပြာဝံပုလွေရဲ့ သွေးကြောမှ ထုတ်လွှင့်သော ခပ်ဖျော့ဖျော့ ဖိအားကို သူ ခံစားနိုင်သည်။
နူးညံ့တဲ့ဝိညာဉ်ခွန်အားက ဥအခွံကနေ ဖြတ်သန်းကာ အထဲက အသက်ခွန်အားသေးသေးလေးနှင့် ရစ်ပတ်သွားသည်။ အသက်ခွန်အားအသေးလေးထံမှ မည်သည့်ခုခံခြင်းကိုမှ မထွက်ပေါ်ပဲ အလွန် ချောမွေ့လှသည်။ ဥအထဲက အသက်ခွန်အားလေးက တစ်ခုခု ပြောချင်သလိုမျိုး သက်တောင့်သက်သာဖြစ်တဲ့ ညီးတွားသံလေးပေးတာတောင် သူခံစားရသည်။
You XiaoMo သွေးပြာဝံပုလွေ၏ မျက်ခုံးကြားက နေရာလွတ်ကိုသူ့ဝိညာဉ်ခွန်အားတွေ သွန်ထဲ့လိုက်ဖို့ချက်ချင်းဆုံး ဖြတ်လိုက်သည်။ မမျှော်လင့်စွာနဲ့ အခက်အခဲ လုံးဝ မရှိပဲ သူအောင်မြင်သွားသည်။ အလွန် မြန်ဆန်စွာနှင့် လူတစ်ယောက်နှင့် သားရဲတစ်ကောင်ကြားက ဆက်နွယ်မှုကို သူခံစားမိသည်။ အဲဒါက မမြင်ရတဲ့ ကန့်သတ်ချက်တစ်ခု လိုပဲ။
You XiaoMo သူ့နှလုံးသားထဲက တိုးဝှေ့တက်လာတဲက ပျော်ရွှင်မှုကို့ ထိန်းသိမ်းထားလိုက်သည်။ ဂရုတစိုက်နှင့် သူ့ဝိညာဉ်ခွန်အားကို ပြန်နှုတ်လိုက်သည်။ ပြီးနောက် ဥကို ကောက်ယူကာ ပျော်ရွှင်မှုနှင့် ကြည့်နေသည်။ ဒါက သူ့ရဲ့ ပထမဆုံး ဆက်နွယ်ထားသော မှော်ဝင်သားရဲဖြစ်သည်။ပြီးတော့ အဆင့်ရှစ် သွေးပြာဝံပုလွေဖြစ်သည်။ အခြားမှော်ဆရာ များနှင့် နှိုင်းယှဉ်လျှင် သူက အလွန့်အလွန် ကံကောင်းလှသည်။
သို့သော် သူ့ကို အံ့အားသင့်စေတာကတော့ လုပ်ဆောင်ချက်တစ်ခုလုံးသည် အလွန်အဆင်ပြေလှတာဖြစ်သည်။ အစ်ကိုကြီး ပြောသလောက်ကြီးလဲ မခက်ခဲပါဘူး။ သူဘယ်လောက် ဦးနှောက်သုံသုံး သူအခုထိ နားမလည်ဘူး ဖြစ်နေသေးသည်။
သွေးပြာဝံပုလွေနှင့် ဆက်နွယ်မှု ပြုလိုက်ကတည်းက ဥအထဲက ထွက်လာတဲ့ အသက်ခွန်အားကို အခုထိသူခံစားမိနေတုန်းဖြစ်သည်။ အဆိုပါ အသက်ခွန်အားက သူနောက်သုံးရက်ကြာလျှင် အကောင်ပေါက်မည်ဟု ပြောသည်။
ဒီအမြန်နှုန်းက တကယ်တမ်းတော့ တကယ်မြန်သည်။ ယခင်က သူဥကို ရတုန်းက သူဥထဲက အသက်ခွန်အားကို ခံစားမိနေသော်လည်း အကောင်ပေါက်ဖို့ အလှမ်းဝေးသေးတာ သေချာသည်။ မမျှော်လင့်စွာနှင့် သူသယ်လာပြီး ရက်အနည်းငယ်မှာတင် အကောင်ပေါက်ဖို့ နီးလာပြီ။ သို့သော်သူကတော့ အရမ်းကို မျှော်လင့်နေတာဖြစ်သည်။ သွေးပြာဝံပုလွေအကောင်ပေါက်လေးက ဘယ်လိုလေးဖြစ်နိုင်မလဲ?
ဒီလို စိတ်လှုပ်ရှားနေတဲ့ ခံစားချက်ကြီးနှင့် You XiaoMo သုံးရက်လုံး မှော်ဆေးလုံးတွေသာ ဖော်နေလိုက်သည်။ နောက်ဆုံးတော့ သွေးပြာဝံပုလွေကို ကြိုဆိုရမယ့် နေ့ရောက်လာပြီ။
Ling Xiao သူ့ဆီကို သုံးရက်လုံး လာမတွေ့တာကြောင့် ရယ် သူ့ကို ဆက်သွယ်လို့လဲ မရတာကြောင့်ရယ် တို့ကြောင့် သူ Ling Xiao ကို သွေးပြာဝံပုလွေအကောင်ပေါက်မှကို မပြောရချေ။ အဲဒိနေ့မှာ မနက်စောစောထဲက သူလုပ်ရမှာတွေကို အပြီးလုပ်ပြီးနောက် You XiaoMo သူ့နယ်မြေထဲ ၀င်လာလိုက်သည်။
မှော်ဝင်သားရဲဥကို ခြံဝင်းထဲက ကျောက်တုံးခုံပေါ်က ဆေးကြိုအိုးထားဖို့ဖော်ထားတဲ့ အရာထဲမှာ သူထားခဲ့တာဖြစ်သည်။ သူမွေးဖွားတာကိုပြင်ဆင်သည့််အနေနှင့် သွေးပြာဝံပုလွေက နယ်မြေထဲက စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူခဲ့သည်။ သို့သော် You XiaoMoရဲ့ တည်ရှိမှုကို ခံစားမိတာနဲ့ သူ့ကို တွေ့လို့ အရမ်းပျော်ရွှင်သလိုမျိုး ဥလုံးလုံးက ရုတ်တရက်ကြီး ပျော်ရွှင်စွာနှင့် ခုန်ပေါက်ကာ အကြိမ်အနည်းငယ်ခါရမ်းတော့သည်။
You XiaoMo ကတော့ မအံ့သြတော့။ ဒီသုံးရက်မှာ သူ ဒီမှော်ဝင်သားရဲဥရဲ့ ဖျတ်လတ်တက်ကြွကာ ဆော့ကစားခြင်း အလုံးစုံကို သူမျက်မြင်ဖြစ်ပြီးသားဖြစ်သည်။ ခွန်အားပြည့်ဝလွန်းနေတာက သိသာလှသည်။
ဒီရက်မတိုင်ခင် တစ်ရက်ကဆိုလျှင် သူရဲ့ အာရုံစူးစိုက်မှုရရှိရန်အတွက် အဆိုပါ မှော်ဝင်သားရဲဥက သစ်သားတဲအတွင်ဘက်ကနေ မှော်ဆေးပင်စိုက်ခင်းအထိ လှိမ့်သွားကာ ပျော်ရွှင် မြူးတူးရွှင်ပြစွာခုန်ကာ နေတာများ အကယ်ကြီးကို သူ့ရှေ့မှာ လှည့်ပတ်ခုန်နေတာဖြစ်သည်။ သူ့ကို သေလောက်အောင်တောင် ထိတ်လန့်စေခဲ့သည်။ ဥအခွံများ အက်သွားလျှင် ဘယ်လိုလုပ်မလဲ?  သာမာန်အတိုင်း ဥမပေါက်ပဲ နေရင်ဘာများဖြစ်သွားနိုင်မလဲ?
သူ့စိတ်ထဲမှာတေ့ာ မှော်ဝင်သားရဲလေးက ပုံမှန်အတိုင်းသာ ဥမပေါက်ခဲ့လျှင် စောပြီးမွေးလာတဲ့ကလေးနှင့် တူညီမှာ ဖြစ်သည်။
အဲဒိအချိန်ထဲက You XiaoMo က သူ့ကို အပေါ် အောက် ခုန်နေတာကို တားမြစ်ထားကာ ဘေးတိုက်ယိမ်းထိုးနေတာကိုပဲ ခွင့်ပြုခဲ့တာဖြစ်သည်။
မှော်ဝင်သားရဲလေးက အလွန် ဉာဏ်ကောင်းလှသည်။ အဲဒိအချိန်ထဲက အပေါ်အောက် မခုန်တော့။ သူ့ကို မြင်လိုက်တိုင်း သူ့ပျော်ရွှင်မှုကို ဖော်ပြဖို့ ဘေးတိုက်သာယိမ်းနေတော့သည်။
You XiaoMo အနားကို သွားကာ ကောက်ယူပြီး သူ့လက်မောင်းထဲကို ထဲ့ကာ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ မှော်ဝင်သားရဲလေးက ဥအခွံကာထားတာတောင် သူ့လက်မောင်းထဲမှာ အလွန်ချစ်ခင်စွာနှင့် သူ့ကိုယ်သူ ပွတ်သပ်နေတော့သည်။ ချစ်ခင်စွာတုံ့ပြန်မှုသည် သခင်နှင့် အစေခံကြားထဲက ဆက်သွယ်မှုနှင့် မတူပဲ စစ်မှန်တဲ့ပျော်ရွှင်မှု နှင့်လို့တောင် ပိုတူသည်။
အတန်ကြာ ပွေ့ဖက်ပြီးနောက် You XiaoMo မှော်ဝင်သားရဲဥကို ပြန်ချလိုက်သည်။ ဒီနေ့က မှော်ဝင်သားရဲလေးပေါက်မည့်နေ့ဖြစ်သည်။ သူအရင်က Animal Planet ကြည့်ဖူးသည်။ တိရိစ္ဆာန်အများစုက သူတို့ မွေးဖွားချိန်မှာ ပထမဆုံးတွေ့တာကို သံယောဇဉ်ဖြစ်တတ်တာ သူသိသည်။ ဒါ့ကြောင့် သူက မှော်ဝင်သားရဲလေးမွေးတာကို သူ့ကိုယ်ပိုင်မျက်စိနှင့် တွေ့ချင်သည်။ သူပထမဆုံးတွေ့တာလဲ သူ့ကိုပဲ ဖြစ်စေချင်သည်။
မှော်ဝင်သားရဲလေးကို ကျောက်တုံးခုံပေါ် ပြန်တင်ပေးလိုက်တာနဲ့ *ဂလု လု * မြည်အောင်ကို အပေါက်ထဲကိုပြန်လှိမ့် ၀င်သွားသည်။
ရွေ့နေတာ ရပ်လိုက်တာနှင့် ဥရဲ့မျက်နှာပြင်အခွံက ရုတ်တရက်ကြီး အလွန်ကြီးမားတဲက အဖြူရောင်အလင်းတန်း ပေါ်ထွက်လာသည်။ အဖြူရောင် အလင်းက စပြီး ပြင်းပြင်းထန်ထန် တဖြတ်ဖြတ်ဖြစ်လာသည်။ ပြီးနောက် နယ်မြေထဲက စိတ်ဝိညာဉ်စွမ်းအင်တွေက ရုတ်တရက်တိုးဝှေ့လာကာ မှော်ဝင်သားရဲဥအတွင်းသို့ တိုးဝင်ကုန်သည်။
ဒီသဘာဝဖြစ်စဉ်က အတန်ကြာတဲ့အထိ ဆက်နေကာ ဥအခွံ ပေါက်ကွဲခါနီးမှသာ ရပ်တန့်သွားသည်။ ပြီးနောက် *က ချ* အသံလေးထွက်လာတာက You XiaoMo လန့်ပြီး ထခုန်အောင်တောင် လုပ်နိုင်သည်။ အနီးကပ်ကြည့်လိုက်တော့မှ ဥက  အက်လာတာ သူတွေ့သည်။
အက်ကြောင်းက ကြီးလာသည်။ တစ်ခဏအကြာမှာ ဥတစ်ခုလုံးက အက်ရာတွေနှင့် ပြည့်သွားသည်။ ပြီးနောက် အမွှေးနုနု လက်သေးသေးလေးက ဥခွံအကွဲထဲက နေ ဆန့်ထွက်လာသည်။ လက်သေးသေးလေးက ခုံပေါ် မထိခင်အထိ တုန်နေသေးသည်။ ပြီးတော့မှ မျက်စိမှိတ်ထားသော ခေါင်းစိုစိုလေး ပေါ်လာသည်။ အရှေ့လက်များ အနောက် ခြေများ က ဥအခွံထဲကနေ တစ်ချောင်းပြီး တစ်ချောင်း တွားထွက်လာလေသည်။
သွေးပြာဝံပုလွေပိစိလေး က ကျောက်ခုံပေါ်မှာ ခြေကားယား လက်ကားယားနှင့် You XiaoMo ကိုငေးကာ အသံပေးလေသည်။  မွေးကင်းစမှော်ဝင်သားရဲ လေးက ခွန်အားများစွာတော့ မရှိသေးပေ။
You XiaoMo သူ့လက်တွေကို သူ့နှလုံးသားပေါ်တင်လိုက်သည် သူ့မျက်နှာမှာလဲ အံ့သြခြင်း ပျော်ရွှင်ခြင်းများနှင့် ပြည့်နှက်နေသည်။
ဒီငွေဖြူရောင်စွတ်စွတ်နှင့် အလွန့်အလွန်လှပသော သွေးပြာဝံပုလွေလေးက သူ့အဖော်ဖြစ်သည်။ ကသွေးပြာဝံပုလွေများက အလွန်ရက်စက်တတ်သော မှော်ဝင်သားရဲဖြစ်လိမ့်မည်ဟု သူအမြဲတမ်းထင်ထားတာဖြစ်သည်။ မွေးကင်းစ မှော်ဝင်သားရဲပေါက်စလေးက ဒီလောက်တောင် ချစ်ဖို့ကောင်းလိမ့်မယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now