- ၉.၁-
412 58 3
ကျင်းကျ နန်းသက် လေးနှစ်... ..။
ချီယန်း အာဂူလာ မှာ ခုဆိုလျှင် ဆယ့်လေးနှစ် ရှိခဲ့
လေပြီး..။
မြက်ခင်းဒေသမှ လူမျိုး တစ်ဦးပါဟု တွေးထင်ရလောက်မည့် အပြုအမူ အမူအရာ တစွန်းတစကလေးတောင်မှ လက်ရှိ အာဂူ လာ ထံတွင် မတွေ့မြင်ရတော့။
သူမ၏ မျက်လုံး အရောင်အတွက်တော့ မူကား၊ ဆီလျော်သည့် အကြောင်းပြချက် တခု စဉ်းစားထားပြီး
သားပင် ။
မျက်နှာဖုံး ရှင် ဆရာဖြစ်သူ မှာသူမ အား ​ ယ​နေ့ ​ခေါ်ယူကာ အကြမ်းထည် ပုလင်းတစ်လုံး နှင့် စာလိပ် တခု အား ကမ်းပေးလေသည်။
"လွန်ခဲ့တဲ့ သုံးနစ်တာ အတွင်းမှာ မင်းရဲ့ လုပ်ဆောင်ချက်တွေက ငါမျော်လင့်ထားခဲ့ထက် ပိုနေခဲ့သေးတယ်။ " ထိုသို့သော မျက်နှာဖုံးစွပ် အမျိုးသမီး၏ ချီးမွန်း မှု စကား မှာ အတော်လေးမြင့်မားလွန်းလှပြီ ဟု ဆိုရ
မည်။
အာဂူလာ ခြေလှမ်း တဝက်စာမျှ နောက်သို့ ဆုတ်လှမ်းလိုက်ပြီး မျက်လွှာချ အလေးအနက် အရိုအပေးရင်း ဆိုလေသည်။ " အားလုံးက ရှီးဖူရဲ့ အပင်ပန်းခံ
သင်ပြ ပေးခဲ့မှု တွေပါ ။ ကျေးဇူးကြီးလှပါပြီ.. .။"
မျက်နှာဖုံးရှင် က ခေါင်းညိတ် သည်။"ဒီ စာလိပ်
က မင်းရဲ့ ကိုယ်ရေးရာဇဝင် အထောက်အထား သစ်ပဲ..၊ ရက်နည်းနည်းကြာတာနဲ့ ဝင်ခွင့် အကြို စာမေးပွဲ ဖြေဖို့အတွက် ထွက်ခွာဖို့ ပြင်ဆင်ထား တော့.."
"နားလည်ပါပြီ.. .. "
"အထုပ်အပိုးပြင်ပြီး ထွက်သွားပြီးတာနဲ့ မင်း ဒီကို
ပြန်လာစရာ မလိုတော့ဘူး။ သင်ကြား ဖို့ လိုအပ်တဲ့
သင်ကြားမှု အားလုံးကို မင်း ဒီနေရာမှာ သင်ယူပြီးဆုံးခဲ့ပြီးပြီ။ ဆိုပေမယ့်လည်း မင်းမှာ ပြင်ပလောကရဲ့
အတွေ့အကြုံ လိုအပ်နေသေးတယ် ၊ ဒီတော့ကာ
အချိန် အခါအခွင့် သင့်တုန်း အပြင်လောကကို
လှည့်လည်သွားလာ ကြည့်ရှု ပါ။ သည်ဆရာ ကတော့ မင်းလျှောက်လှမ်းရမယ့် လမ်းကို ကူညီ ထောက်ပြ ပေးရုံသာတတ်နိုင်မယ်။ နောင်ပိုင်း ဖြစ်လာမယ့်.... ကောင်းခြင်း ဆိုးခြင်း ကတော့ မင်းပေါ်သာ
မူတည် တယ်.. .."