- ၁ . ၃ -
672 85 1
........................
အလွန်တရာ ကြီးမား ကျယ်ပြန့်သော မြေပြန့်လွင်ပြင်
မှာ သဘာဝအလျောက် အတိုင်း လော့မြစ်ကို.. ၂ပိုင်း
ကွဲထွက်စေခဲ့တယ်... မြောက်ဘက်ရဲ့ "ကျင်း" ..နဲ့
တောင်ဘက်ရဲ့.. "ဝေ"..။
ဝေတိုင်းပြည်ရဲ့ အနေအထားမှာ မြေသြဇာကောင်း၍မကြာခဏ မိုးရွာလေ့ရှိ တာကြောင့် စိုက်ပျိုးရေးတွင် အဆင်ပြေသည်။ထို့ကြောင့် လည်း ဝေတိုင်းပြည်၏ စိုက်ပျိုးရေးစနစ်မှာ နှစ်ထောင်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ ဖြည်းဖြည်းချင်းတိုးတက်လာသည်။
ကျင်းနိုင်ငံရဲ့ အနေအထားမှာ ခြောက်သွေ့သော မြေအမျိုးအစားဖြစ်သောကြောင့် မြက်ခင်းများသာပေါက်နိုင်သည်။ ထို့ကြောင့်လည်း ကျင်းနိုင်ငံမှာ တဖြည်းဖြည်းနှင့် လှည့်လည်ကျက်စားသော လူမျိုးစနစ်ဖြစ်လာသည်..။
မြောက်ဘက်ဒေသမှာ နေထိုင်သော မြက်ခင်းပြင် မျိုးနွယ်စုများက လော့မြစ်တစ်ဖက်ခြမ်း တောင်းပိုင်းတွင် နေထိုင်သူများကို တောင်ပိုင်းသားများဟု ခေါ်ဝေါ်ကြသည်။ သူတို့ရဲ့ အတွေးထဲတွင် တောင်ပိုင်းသားများဟာ အားနည်းပြီး အရည်အချင်းမရှိ နိမ့်ကျသောလူမျိုးများ... ဟူ၍...။ဒါကြောင့်မို့လည်း.. တော်ဝင်သွေးပါသော.. သူတို့ရဲ့ဘုရင်မင်းမြတ်မှာတောင်ပိုင်းသူ အမျိုးသမီးကို လက်မထပ်သင့်ဟု.. သူတို့တွေး
ခြင်းဖြစ်သည်။..
ဒါပေမဲ့.. "ဆာက်ဘာယူ "ကတော့ ထူးခြားသော
Khagunတစ်ယောက်ဖြစ်သည်....။ဒါကလည်း.သူ့လူငယ်ဘဝအတွေ့အကြုံနှင့် ဆက်စပ်နေသည်..။
"ဆာက်ဘာယူ" ၁၄နှစ်သားတွင်သူ့ဦးလေးတော် ၂ ယောက်မှာ အခြားလူမျိုးစု၂စုနှင့် ပူးပေါင်းပြီး အရင်
Khagunအား နန်းချရန် လျို့ဝှက်ကြံစည်ခဲ့သည်..။
ဆာက်ဘာယု လည်း သစ္စာရှိ စစ်သားအယောက်တစ်ရာက လိုက်လံစောင့်ရှောက်၍ မြင်းနှင့် အတူ
လော့မြစ် တစ်ဖက်ခြမ်း ဝေတိုင်းပြည်သို့ တိမ်းရှောင်ခဲ့သည်...။
အဲ့ဒီအချိန်မှာ စပြီး လုံးဝ မတူညီကွဲပြားသော
ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို သူအတွေ့အကြုံရခဲ့ခြင်း ဖြစ်သည်..။ဝေတိုင်းပြည်လူမျိုးများတွင် တိရိစ္ဆာန် စားကျက်မြေများ မရှိ..။မြင်းတွေဆိုသည်မှာ..
သာမန်လူတွေအတွက်ဆို ရှားပါးတိရိစ္ဆာန်ပင်...။
တောင်ပိုင်းသားတွေ အခြေချလာသည်မှာ လည်း
မျိုးရိုးစဉ်ဆက်ရှိပြီး သူတို့မှာ တိရိစ္ဆာန်များကို ခြံဖြင့်မွေးမြူပြီး လယ်ကွင်းများတွင် မျိုးစေ့များ ကြဲကြသည်..။
ဆာက်ဘာယုကိုတော့ ဝေတိုင်းပြည်အစွန်အဖျားတစ်ခုမှ လယ်သမားမိသားစုက မွေးစားကာ စောင့်ရှောက်ပေးခဲ့သည်..။သူ အဲ့ဒီတွင် ၅နှစ်မျှ ကြာအောင်
နေထိုင်ခဲ့သည်..။
လယ်သမားမိသားစုတွင် သမီးတစ်ယောက်ရှိသည်..။သူမ နာမည်က "ဖူရုန်"......။သူတို့ အစဉ်အဆက်နေထိုင်ခဲ့သော တိုင်းပြည်မှာ ဖူရုန်တိုင်းပြည်
ဖြစ်သောကြောင့် အဲ့စာလုံး ၂လုံးအား အမှီပြုပြီး
သူတို့သမီးအား အမည်ပေးခဲ့တာဖြစ်သည်..။
ဆာက်ဘာယုမှာ သူ့ရင် ထဲတွင် လယ်သမားမိသားစု၏ ကျေးဇူးတရားအား အမြဲ နှလုံးသွင်းထားသည်။ လယ်ယာအလုပ်ဝေယျာဝစ္စများကို ဝိုင်းကူသောအခါ သူဘယ်တော့မှ မငြီးတွား...။သူ့ရဲ့ ပွင့်လင်းပြီး ဖြောင့်မတ်သော မြက်ခင်းပြင် လူမျိုးများ၏ အကျင့်စရိုက် ပါ ထည့်ပေါင်းလိုက်သောအခါ ထိုလင်မယား၏ ပျော်ရွှင်စွာ နှင့် အရေးပေးမှုကို နက်နက်နဲနဲ လက်ခံရရှိခဲ့သည်..။တချိန်တည်းမှာပင်.. မြောက်ဘက်နှင့် တောင်ဘက်မှာ သဘာဝအရကွဲထွက်နေသော်လည်း..စစ်မက်တစ်ခါမှ မဖြစ်ပွားခဲ့ပေ..။ထို့ကြောင့်လည်း အဖိုးအို စုံတွဲမှာ သူတို့သမီးအား
ဆာက်ဘာယုနှင့် လက်ထပ်ပေးရန်သဘောတူထားခဲ့သည်..။
မမျှော်လင့်စွာနှင့် သူတို့လက်ထပ်ပွဲ အကြိုနေ့တွင်
လူမျိုး စု များအုပ်စုလိုက် ရွာထဲရောက်ရှိလာပြီး
ဆာက်ဘာယုမှာ နောက်တစ်နေ့တွင် သူတို့နှင့် ပြန်လိုက်သွားရသည်..။
မထွက်သွားခင်အချိန်တွင် သူ ဖူရုန်ကို ဝံပုလွေအစွယ် ဆွဲကြိုးလေး ဆွဲပေးခဲ့သည်..။သူ သူမကို
ပြောသည် "မိန်ကျီ အစ်ကို့ကို စောင့်နေပါ..
အစ်ကိုပြန်လာပြီး မင်းကို လက်ထပ်မယ်.." ။
ထိုနေ့မှ စပြီး ၅နှစ်လောက်ကြာပြီးနောက်ပိုင်း
တွင် အရင်khagunမှာ လူဟောင်းများကို ပြန်လည်စုဆောင်းကာ နယ်နိမိတ်အစပ်နားက မြစ်ချိုင့်ဝှမ်း
နေရာများကို ပြန်လည်တိုက်ခိုက်ခဲ့သည်..။ ဒါပေမဲ့
လည်း ချန်းလီမျိုးနွယ်စုကို ပြာပုံထဲမှ ပြန်မဆွဲထူနိုင်ခင်မှာပဲ သူ့ကျန်းမာရေး အခြေအနေမှာ စတင် ချို့ယွင်းလာသည်..။
နောက်ဆုံးအကြိမ် အာဏာပြန်သိမ်းတိုက်ပွဲအတွင်းမှာပဲ အရင်khagunရဲ့ အရွယ်ရောက် သားတွေ အကုန်လုံး စစ်ပွဲတွင်း သေဆုံး ကုန်သည်..။ အပြင်ဘက်တွင်ရှိနေသော သူ့အငယ်ဆုံးသား
ဆာက်ဘာယု သာ အသက်ရှင်ကျန်ခဲ့သည်..။
ကျွီရန် ဆာက်ဘာယု မှာ မြက်ခင်းလွင်ပြင် ကို ပြန်ရောက်သည်နှင့် သူ့ဖခင်လက်ထဲမှ ဘုရင်အရိုက်အရာကို လက်ခံရသည်။ သူ့ဖခင်အား အနားပေးကာ
သူကတော့ နောက်ထပ်၅နှစ်ကြာအောင် ချန်းလီ မျိုးနွယ်စုကို ဦးဆောင်ကာ အင်အားကြီးဆုံး မျိုးနွယ်၃ခုထဲက တစ်ခုဖြစ်လာအောင် ပြန်တည်ထောင်ခဲ့သည်..။ တူဘာ မျိုးနွယ်စုမှာ ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်လို လူငယ်အား တဖြည်းဖြည်းကြောက်ရွံ့လာသည်..။ သူတို့ကပင် ဦးစွာ မြေသြဇာ ကောင်းမွန်သည့် မြစ်ချိုင့်ဝှမ်း ၃ခုနှင့် အတူ လက်ထပ်ခြင်း
အဆိုကို မိသားစု ၂ခုအကြား ဆက်ဆံရေးအတွက် တင်သွင်းလာသည်..။
အရေးပါသော အကြီးအကဲ ၆ယောက်ရဲ့ ဆွေးနွေးမှု
အပြီးမှာတော့ တူဘာ မျိုးနွယ်စု၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို သဘောတူလိုက်ကြသည်..။ ဘယ်လိုဖြစ်စေကာမူ ဆာက်ဘာယုမှာ သူ့ဇနီးလောင်းနှင့် မကျင်းပရသေးသောလက်ထပ်ပွဲကို တွေးမိခြင်းအား မရပ်နိုင်..။ ထို့ကြောင့်လည်း လက်ရှိအခြေအနေအား
လစ်လျူရှူကာ ယုံကြည်ရသော သူ့စစ်သားအနည်းအားခေါ်ဆောင်ပြီး ဖူရုန်အားကိုယ်တိုင် သွားရှာလေတော့သည်..။
အဲ့ဒီအချိန်တွင် ဖူရုန် မှာ တဖြည်းဖြည်း နဲ့ အရွယ်ရောက်လာပြီး ရွာထဲမှ ကောလဟာလနှင့် သွားပုတ်လေလွင့် ပြောဆိုမှုများခံနေရသည်..။ကြင်နာသော
အဖိုးအိုစုံတွဲမှာလည်း လောကကြီးမှ ထွက်ခွာသွားပြီဖြစ်သည်..။
ဆာက်ဘာယု သူတို့ရဲ့ အုတ်ဂူရှေ့တွင် လေးနက်စွာကျိန်ဆိုခဲ့သည်..။ဒီဘဝ ဒီတစ်သက်တွင် သူဘယ်တော့မှ ဖူရုန်ကို လက်လွှတ်မှာမဟုတ်.....!
အစောပိုင်းကလို ဖြစ်ရပ်မျိုး ဖြစ်လာရင်တောင်မှပေါ့....။
ထူးဆန်းစရာကောင်းနေသည့်အချက်မှာ တောင်ပိုင်းနှင့် မြောက်ပိုင်းရဲ့ အပြန်အလှန်ဆက်ဆံရေး
ရှားပါးသော်ငြား မြက်ခင်းပြင် မျိုးနွယ်စုများ၏ တောင်ပိုင်းသားများကို တွေးသည့်ပုံမှာ အရိုးထဲထိအောင်
စွဲနေပြီဖြစ်သည်..။ အရေးပါသော အကြီးအကဲ ၆ယောက်မှာလည်း မြင့်မားသည့် ရိုသေလေးစားမှု ခံရသည့်အပြင် သူတို့မှာ ကြီးမားလေးလံသော ဖိအားပေးခြင်းလည်း ခံနေရသည်..။ဆာက်ဘာယုမှာ သူ့သမီးငယ်အား ရေရှည်စီမံကိန်းအတွက် ထိုသို့
ဆုံဖြတ်ရုံသာ တတ်နိုင်သည်..။
သူ တွေးမိသည်မှာသူနှင့် သူ့ဇနီးသည်၂ ယောက်စလုံးမှာ ငယ်ရွယ်သေးသည်..။မကြာမီ နောက်ပိုင်းတွင် သားတစ်ယောက်ရနိုင်သေးသည်။ အချိန်ကျလာတဲ့ အခါကျရင် သူ့သမီး၏အခြေအနေအား ဖုံးကွယ်ထားရန်မဖြစ်နိုင်စရာမရှိ..။ မြက်ခင်းပြင် လူမျိုးစုများမှာ တောင်ပိုင်းသားများလောက် စည်မျဉ်းဥပဒေများကို ရှေ့တန်းမတင်ကြပေ...၊ သူတို့သမီးများကို ဆက်ဆံပုံမှာ သားယောက်ျားလေးများကို ဆက်ဆံပုံထက်မလျော့ပေ...။
ထိုအတိုင်းဆိုလျှင် "ချီးယန်းအာဂူလာ " မွေးဖွားလာသည်နှင့် တပြိုင်တည်း သူမမှာ သူမဖခင်ရဲ့
အစီအစဉ်မျါးအောက်၌ ချန်းလီ မျိုးနွယ်စုရဲ့ ပထမဆုံးမင်းသား ဖြစ်လာပြီး.. ဝံပုလွေဘုရင် ပုံ ဆေးမင်ကြောင် ရေးဆွဲခံလိုက်ပြီသာ......။