-၈.၁-
316 56 2
သင်းရုန် တဖန်ပြီးတဖန် ချီတုံ ချ တုံဖြစ်ပြီးသည့်နောက်တွင်တော့ မျက်နှာဖုံးစွပ် ပုဂ္ဂိုလ်ရဲ့ အခန်းတံခါးဝ
ရှေ့တွင် ဒူးထောက်ချလိုက်တယ်။ သာယာငြိမ့်ညောင်းသည့် "ချင် "တီးခတ်သံက ခန်းဆောင်တစ်လျှောက် ပျံ့ လွင့်လို့နေသည်။ သင်းရုန် အသက်ကို တည်ငြိမ်အောင်ရှူ  လိုက်ကာ အပြင်ဘက်တံခါးနားတွင် စောင့်ဆိုင်းနေလိုက်သည်။ နူးညံ့ ပျော့နှောင်းနေသည့်
တေးသံ ရုတ်ချည်းမှာပဲ တီးခတ်မှု တို့မြန်ဆန် လာသည်။ တဖျတ်ဖျတ်တိုက်ခတ်နေသည့် အေးစက်သည့်
ဆောင်းလေတို့က သင်းရုန်၏ ကိုယ်အား ခိုက်ခိုက်
တုန်နေစေသည်။
တေးသံက ဖျတ်ခနဲ ရပ်တန့်သွားလေတယ်။ မျက်နှာဖုံးစွပ်လူ မှာ အက်ရှရှရယ်နေလေသည်။သူမကိုယ်က ဆတ်ခနဲ ရပ်တန့်သွားပြန်ကာ.တဆက်တည်း
မှာ ကြွေထည်ပစ္စည်းများ ပစ်ကွဲသံတို့ ထွက်ပေါ်
လာသည်။သင်းရုံန့် လည်ပင်း  ကြုံ့ ဝင်သွားပြီး သူ
ခြေဦးပြန်လှည့်ဖို့ တာစူလိုက်သည်။သို့ပေမဲ့ အဓိပ္ပါယ်မဲ့နေသည့် အာဂူလာ၏ မျက်ဝန်း တို့အား အမှတ်
ရသွားမိပြီးတွင်....သူအံကိုကြိတ်ကာ နေမြဲအတိုင်း
နေနေ လိုက်သည်။
အတန်ကြာ ..အခန်းတွင်းမှ အသံတို့တိတ်ဆိတ်သွားသည် နောက်...သင်းရုန် သူ့ကိုယ့်သူ အရဲစွန့် အားတင်း၍ လျှောက်လိုက်တယ်။
"ဆရာ.......... သင်းရုန် တွေ့ခွင့်တောင်းပါတယ်..။"
"ဝင်လာခဲ့"
သင်းရုန် သတိအနေနှင့် သူ့ခေါင်းကို ငုံ့မြဲငုံ့ထားလျက်
အခန်းတံခါး တွန်းဖွင့် ဝင်လာသည်။ ကြွေအိုး အကွဲအစများ.. ကြမ်းပေါ်မှာ ပြန့်ကျဲ နေသည်။
"ဘာအကြောင်းလဲ?? "
သင်းရုန် ကြမ်း​ပေါ်ဝပ်ချလိုက်သည်။သူ့နဖူးက
ေ ရခဲတမျှ အေးစက်နေသည့် ကြမ်းပြင်နှင့် ထိကပ်နေသည်။
"ရှီးဖူ..။ အာဂူလာက ဒီနိမ့်ကျတဲ့ တပည့်ကိုကူညီ  တောင်းဆိုပြီး...သူမ ဘယ်အချိန်လောက် အိမ်ပြန်နိုင်မလဲဆိုတာ လာပြီး မေးခိုင်းနှင့်တာ ပါ.......??"
မျက်နှာဖုံးစွပ်သူ ထံမှ အေးစက်စက်ရယ်သံ ထွက်
လာသည်။
"ရက်တွက်ကြည့်လိုက်ရင်...ဒီလောက်တောင်
ကြာသွားပြီ ပဲ.....ကိုးးး...."