- ၈.၂ -
311 54 0
တောင် အနီးလေးတွင် ​တော့အသစ်ဆောက်ပြီးထားစ ..မွေးမြူ ​ ​ရေး  တစ်ခု။ ထိုဟာက သူမ မှတ်ဥာဏ်ထဲကထက် ကို အဆများစွာ ကြီးမားလွန်းနေသည်..!!! ထို့ အပြင် လည်းပဲ.. ထို နေရာနှင့် မနီးမဝေးလေးတွင် ကင်းစောင့် မျှော်စင် နှစ်ခုပါရှိနေသည်။
ဟို တစ်ကွက် ဒီတစ်ကွက် စုနေသည့်သိုးအုပ်များအကြား လတ်လတ် ဆတ်ဆတ် အညစ်အကြေးပုံများက ကွက်တိကွက်ကျား မြင်နေရကာ မြေကြီးပေါ် ဖုံးလွှမ်းလို့ ​နေသည်။
အေးစိမ့်နေသည့် လေထုတစ်လျှောက် လွင့်ပါလာသည့် စူးရှမွှန်ထူနေသည့် အနံ့ပြင်းက သူတို့ နှာဖျား ဝ ဆီ တိုးဝင်လာသည်။ သင်းရုန် မျက်​မှောင်ကြုတ်လျက်နှင့်ပင် သူ့မျက်နှာ အောက်ပိုင်း တစ်ဝက်ကို ဖုံးကာလိုက်တယ်..။
" ဝူတ " မှာ သူ့မြင်းကို တစ်ပတ် လှည့်လိုက်ရင်း အာဂူလာနားဆီ ကပ်သွား ​နေတယ်..။ မြင်းဦးခေါင်းထက်မှာ ဆင်ထားသည့် အထိန်းကြိုး ကို ဆောင့်ဆွဲလိုက် ရင်း သူ  အေးစက်စွာ စတင် ​ပြောဆိုလေတော့သည်။
"ရှီးဖူ က သူဘယ်လို ပြောပြော ..မင်းယုံမှာ မဟုတ်
မယ်မှန်း..သူတွေးထင်ပြီးသား..။ ဒါကြောင့်လည်း.သူ..ငါတို့ညီအစ်ကို ကို မင်းနဲ့ ဒီခရီးကို အဖော်ထည့်ပြီး..လိုက်ပို့စေခိုင်းလိုက် တာ.ပဲ..။
အာဂူလာ..သူမ ခေါင်းကိုလှည့်စောင်းကာ.. ပြောဆိုနေသည့် စကားသံတို့အား.. နားလည်ပုံ မရသူတစ်ယောက်လို ၊ ခံစား ဟန်မရှိ ...စွာ နှင့် . . ဝူတ အား ငေး စိုင် ကြည့်လျက်.သာ. သူမ နှုတ်ဖျားက..တတွတ်တွတ် ရေရွတ် နေ သည်......  ....
" ဘုရင့် တဲ နန်းး.. ဘယ်မှာလဲ?... "
"လွန်ခဲ့ တဲ့ တစ်နှစ်တုန်းက.. ထူဘာ မျိုးနွယ်စုရဲ့
ခေါင်းဆောင်ဟာ ..ဝေတိုင်းရဲ့ ထီးနန်းနဲ့ ပူးပေါင်း
ပြီး.. တောင်ပိုင်းတစ်ခွင်လုံးက တပ်တွေကို စေလွှတ်
စေခဲ့တယ် ။ မြက်ခင်း ဒေသ တစ်ခုလုံးက ပြန်လည်
ခုခံ တဲ့ မျိုးနွယ်စုကြီး မှန်သမျှ ရှင်းလင်း သုတ်သင်ခံရတယ်။ ကျန်နေတဲ့ မျိုး နွယ်စု အငယ်တွေ က
ဖမ်းဆီး ခံခဲ့ရတယ်။ ခုဆိုရင်.. သူတို့ ပိုင်းခြား သတ်မှတ်ြ ပီးတဲ့ နယ်မြေ တွေပေါ်မှာ မြို့ တံတိုင်း တွေ ဆောက် နေကြပြီ...  ..။"