- ၆. ၃ -
310 53 0
နန်းကုမ်ယန် နှင့်လုကျွင်း တို့နှစ်ယောက်မှာ ငယ်စဉ်
ဘဝတုန်းက သွေးသောက်ညီအစ်ကိုဖွဲ့ထားကြလေတယ်။ အကယ်၍များ ထိုအချိန်တုန်းက လုကျွင်း၏
အကာအကွယ်အောက်မှာ မရခဲ့လျှင် သူ့မှာ အကည်အချင်းရှိပေမဲ့လို့ သူ့လို အနေအထားအရ စာပေ
ပညာရှိအမတ်တစ်ပါးအနေဖြင့် ထီးနန်း ကိုဆက်ခံသည့် အရေးမှာ လွယ်ကူလိမ့်မည်မဟုတ်။ မည်သို့
ဆိုစေအုန်း...ယခုချိန်မှာတော့ သူတို့နှစ်ယောက်
ကြားက အခြေအနေအဆင့်အတန်းတွေက တဖြည်း
ဖြည်းပြောင်းလဲလာခဲ့ပြီး...။ အရင် ချိန်တုန်းက ကျေး
ဇူးတင်ခဲ့သည့် စိတ်အတွေးမျှင် တို့က တစတစနှင့်
ရှုပ်ထွေးမှု နှင့် စိုးရွံထိတ်လန့်စိတ် တို့ အကြား.. လွင့်ပါးခဲ့လေပြီ။
ရှီကျူး မှာ အတော် ကြီး စဉ်းစား တွေးဆပြီးနောက်
တွင်တော့ တွန့်ဆုတ်စွာ လျှောက်တင်လေတယ်။
"ဒီအစေခံ... နားမလည်သေးကြောင်းပါ..."
နန်းကုမ်ယန် တိတ်ဆိတ်စွာ ပင်ပြုံးရယ်လေတယ်။ သို့ပေငြား..သူ့ခေါင်းထဲတွင်တော့ ခြားနားသည့်အတွေးစများ ရစ်ဝဲလေတယ်။ "တကယ်လို့များ ရှီကျူးသာ အမှန်ကိုတွေးမြင် သဘောနိုင်နေမယ် ဆိုရင်
သူ ဒီစကားမျိုးတွေ လွယ်လွယ်ကူကူ ပြောထွက်လို့မှ
သင့်ပါလေစ..???"
နောက်တစ်နေ့တွင်တော့..မြို့တော်၏ တတိယအဆင့် အမတ်ရာခံ များမှစ၍ အထက်တန်းအဆင့် အရာ
ရှိများထိ အားလုံးပင် တော်ဝင်စားသောက်ပွဲတော်သို့
တက်ရောက်ရလေတယ်။ နန်းကုမ်ယန် သူ့ ဘေးပတ်ဝန်းကျင်မှာ ခစားနေသူတို့အား ခြုံငုံလေ့လာကြည့်မိသည်။ စစ်တပ်ရာထူး၏ ရှစ်ဆယ်သော ရာခိုင်နှုန်း
လောက်မှာ လုကျွင်းလက်အောက်မှ တပည့် လက်သားများဖြစ်ပြီး..စာပေပညာရှိမှူးမတ် အများစုတို့
မှာ လုကျွင်း နှင့် ငယ်ပေါင်းမိတ်ဆွေဖြစ်ရုံသာမက
သူ့နှင့် လုပ်ဖော်ကိုင်ဖက်တွေချည်းပင်..။ နန်းကုမ်ယန်၏ စိတ်အာရုံတို့က တဖန်.. လေးလံစပြုလာပြန်သည်....။
ပွဲတော်မစခင် နန်းကုမ်းယန် တစ်ယောက်ယောက်အား လုကျွင်းဆောင်ရွက်ခဲ့သည့် အောင်မြင်မှုတို့
ကို ကြေညာစေခိုင်းလိုက်သည်၊၊ ဝိုင်ထည့်ထားသည့်
ကြွေခွက်ကို သူ လုကျွင်းဘက်ဆီ မြောက်ရင်း စိတ်ရင်း ဆန္ဒတို့နှင့်အတူ နှလုံးသားဆီမှ လာသော အသံ
ဖြင့် "အမတ်မင်းလု အတွက် မြင်းရဲ့ကျောပေါ်မှာ
နေပြီး ငြိမ်းချမ်းရေး လောက ကို ယူဆောင်လာပေး
ခဲ့တဲ့အတွက် ကိုယ်တော်တစ်ခွက် ချီးမြှောက် ပါရစေ"