- ၅. ၂ -
313 57 0
သူတို့လူစု တူဘာမျိုးနွယ် တို့စခန်းချရာ လော့မြစ်တောင်ပိုင်းဆီ..ခရီးပြင်းနှင်လာခဲ့သည်..၊၊ ဝေတိုင်းပြည်ရဲ့ စစ်တပ်..မြက်ခင်းဒေသအတွင်းပိုင်းထိရောက်
လာနိုင်ခဲ့ဖို့ဆိုရင်...သူတို့တွေ တူဘာမျိုးနွယ် ကိုလည်း အလွတ်ပေးလောက်မည်မဟုတ်......။
အနည်းဆုံးတော့......တူဘာမျိုးနွယ် လည်း.အမြစ်
ဖြတ်သုတ်သင်ခံရပြီးလောက်လေပြီး.....။
ရက်နည်းနည်းလောက် အကြာမှာတော့ ဆာက်ဘာယူနှင့် သူ့လူများ...တူဘာမျိုးစုတို့ နေရာနှင့် မီတာသုံးရာခန့် အကွာလောက် အရောက်တွင် ရပ်လိုက်ကြသည်..။
သူ့နောက်က ဘူကျွင်းမှာ... ပင့်သက်ရှိုက်ကာ....မျှော်စင်ပုံအဆောက်အဦး...တစ်ခုဆီ..လက်ညှိုးထိုး
ရင်းနှင့်.......
"ခါဂန်...ကြည့်ပါအုန်း....."
ဆာက်ဘာယူ... မျက်လုံးများ..ကျဉ်းမြောင်းသွားသည်..။ သူဒီဟာကို..အရင်ကမြင်ဖူးသည်...! ဒါ ဝေစစ်တပ် ၏ ကင်းထောက်မျှော်စင်ပဲ.........၊ စစ်သားတစ်ယောက်က.. ထိုပေါ်မှာစောင့်ကြပ်နေသည်..။
"လူတိုင်း....အားလုံးပဲ..မင်းတို့ရဲ့မြင်းတွေ ပြန်လှည့်
.......ငါတို့ ပြန်ဆုတ်ကြမယ်......."
"ခါဂန်....?အဲ့ဒါက ဘယ်လိုဟာများ..လဲ?????"
ဆာက်ဘာယူ....သူ့သွားများကို..စေ့ကျိတ်ရင်းးး.......
"တူဘာမျိုးတွေ...အပြင်ဘက်က... "​ဝေ" ​တွေနဲ့ပူး
ပေါင်းလိုက်ပြီးး.."
သူနဲ့အတူ ပါလာသည့်.....စစ်သည်အင်အားက များများစားစားကြီး မဟုတ်....။ ပြီးတော့လည်း...ခရီးပြင်းနှင်လာခဲ့ရ၍...မောပန်းနွမ်းနယ်နေပြီဖြစ်တာကြောင့်လည်း.....လောလောဆယ် မှာ...တူဘာမျိုးနွယ်တို့
နှင့်...ရေကုန်ရေခမ်း...တိုက်ပွဲဝင်ဖို့...မဖြစ်နိုင်သေး..
......။
အာရီဟီ.....ကင်းစောင့်တပ်သား၏ သတိပေးသံကို လက်ခံရရှိသည့်နှင့်...တပါတည်း...သူ့လူတွေခေါ်လာခဲ့သည်...။သို့သော်လည်း .....ဆာက်ဘာယူနှင့်
သူ့လူအုပ်က....တော်တော်လေးဝေးဝေး ရောက်
သွားနှင့်ပြီးးး.....။
သူ...နှင်းတောထဲမှာ....ကျန်နေခဲ့သည့်...မြင်းခွာရာ
များ...လိုက်ကြည့်ပြီး..နောက် သူ့ဘေးမှ..ချပ်ဝတ်တန်ဆာနှင့်..အရာရှိဆီ လှမ်းပြောသည်...။"တောင်ပိုင်း
သံအမတ်မင်း.....သူတို့မှာ လူအများကြီး မပါလာဘူး....၊ ဖြစ်နိုင်မယ်ဆို....ကျွန်တော့်လူတွေနဲ့....ခုပဲ
လိုက်သွားပြီး....သူတို့ကို သတ်ပစ်လိုက်လို့ရတယ်... "