- ၂ . ၂ -
488 71 1
"အဲ့လိုတော့မဟုတ်......ဒီလို..အာဂူလာက သူအပေါ့သွားနေချိန်မြင်လာတာ..... သူမပြန်လာတော့
ငါ့ကိုမေးတာ....ဘာကြောင့်..... သူတို့တွေက ဒီနေရာမှာ ကွဲပြားနေတာလည်းတဲ့?...."
ဆာက်ဘာယူ သူ့ဇနီးသည်၏ ပခုံးများကို အသာအယာ ပုတ်ပြီးနှစ်သိမ့်သည်။ "ဂူကျွီမိသားစုက သားအငယ်က အသက်၎နှစ်ပဲရှိသေးတယ်ြပီးတော့ အာဂူလာကလည်း ကလေးပဲရှိသေးတယ်...
ရက်နည်းနည်းလောက်ကြာရင်... သူမဒါကို သတိရတော့မှာ မဟုတ်ဘူး.... "
"ဒါပေမဲ့ စိုးရိမ်နေတယ်..!." အာဂူလာ ဒီကိစ္စကို
ထပ်မပြောတာပဲ အဆတစ်ထောင်လောက်
ကံကောင်းနေပြီ..။ နောက်ပြီးတော့ သူမ တခြားသူတွေကို မမေးမိတာရောပဲ... မဟုတ်ရင်တော့..ငါ
ဘာလုပ်ရမလဲ...."
ဆာက်ဘာယူ တချက်တိတ်ဆိတ်သွားသည်..၊၊
တခဏနေတော့ သူဖူရုန်ကို သူ့လက်မောင်းများထဲတွင် ထွေးပွေ့လိုက်သည်..။ ချောမွတ်နေသည့် သူမနဖူးကို ငုံ့နမ်းကာ ကြီးမားသော သူ့လက်များက
ပူထွက်နေသော ဖူရုန်၏ ဝမ်းဗိုက်ကို ဂရုတစိုက်ပွတ်သပ်ပြီး..."ကောင်းပါပြီ..ကိုယ်မနက်ဖြန် သူမကို မခေါ်သွားတော့ဘူး...။ဒီအခြေအနေမျိုး.. ဘယ်တော့မှ ထပ်မဖြစ်စေရဘူးလို့... ကိုယ်အာမခံတယ်..။
တူဘာမျိုးနွယ် တွေ က အခု တလော လှုပ်ရှားနေတယ်...။အခုချိန်မှာတော့..အာဂူလာရဲ့ အခြေအနေမှန်ကို ဖော်ထုတ်လို့ မသင့်သေးဘူး...။မင်းတို့နှစ်ယောက်ကို ဒီလိုမျိုးတွေ ကြုံတွေ့စေမိတာ ကိုယ်စိတ်မကောင်းဘူး.......။"
ဖူရုန် သူမခေါင်းကိုယမ်းလိုက်သည်..။ကျယ်ပြန့်သော သူ့ရင်ခွင်ထဲ သူမတိုးဝင်ပြီး နူးညံ့သော သူမ
လက်ချောင်းများက သူမခင်ပွန်းသည်၏ လက်ဖမိုး
ပေါ် အုပ်မိုးကိုင်လိုက်သည်.....။
လွန်ခဲ့သော နှစ်တွေမှာ သူမပျော်ရွှင်စွာနေထိုင်ခဲ့သည်...။ သူမခင်ပွန်းသည်မှာ တော်ဝင်ဘုရင်တစ်ပါးဖြစ်သော်လည်း သူမကိုသာလက်ထပ်ခဲ့သည့်အပြင်...
သူမကို အရမ်းပင် ဂရုစိုက်ကာချစ်မြတ်နိုးသေးသည်.။
သူမ အရင်က စာအုပ်တစ်အုပ်တစ်လေမျှမဖတ်ဖူးခဲ့ပေမဲ့လည်း... "ဝေ"တိုင်းပြည်တွင် လက်ထပ်ပြီး
သော ဆွေကြီးမျိုးကြီးမှ အမျိုးသမီးများမှာ သူတို့ရဲ့မျက်နှာကို အပြင်သို့ အလွယ်တကူ ဖော်ထုတ်ပြသခွင့်
မပြုကြပေ...။ ဒါပေမဲ့ မြက်ခင်းပြင်ဒေသ မှာတော့
ချန်းလီ မျိုးနွယ်များကြားတွင်.. သူမလွတ်လပ်စွာ သွားလာခွင့် ရခဲ့သည်...။ သူမခင်ပွန်းသည်မှာလည်း
သူမမျက်နှာကို ဖော်ထုတ်ပြသရန် မကြာခဏမတိုက်တွန်းသော်ငြား.. အရေးကြီးသည့်ပွဲများပြုလုပ်သည့်အခါ မကြာခဏခေါ်ဆောင်သွားသည်....။ဖူရုန်မှာ ငယ်စဉ်ကတည်းက "တကော" ၏ ကာကွယ်မှုအောက်တွင်နေထိုင်ခဲ့ရသည်...။ ဒီသီးသန့်ဖြစ်ရပ်လေးက... လက်ထပ်ပြီး နှစ်များစွာကြာသည့်တိုင်
ဘယ်သောအခါမှ မပြောင်းလဲခဲ့...၊ နောက်ပြီး...ဆာက်ဘာယူ၏ ဖူရုန်အား ဆက်ဆံပုံမှာလည်း မပြောင်းလဲပဲ အရင်အတိုင်းပင်....။
ဒါပေမဲ့ လည်း ဖူရုန်နှလုံးသားတွင် ...တစ်စုံတစ်ခုကို ပြန်တွေးမိတိုင်း... နာကျင်ခံစားရသည်...။လူစ်ယောက်၏ ခန္ဓာကိုယ် အသွေးအသားအစိတ်အပိုင်းတို့ဆိုသည်က.. သူတို့မိဘများမှ ပေးအပ်ထားခြင်း
ဖြစ်သည်...။"ဝေ"တိုင်းပြည်တွင် ပြည်နှင်ဒဏ်အပေးခံရသည့် အပြစ်သားများသာလျှင် ဆေးမှင်အထိုးခံရလေ့ရှိသည်..။အာဂူလာမှာ မိန်းကလေးငယ် တစ်ယောက်ဖြစ်လျက်..... ဝံပုလွေဘုရင် ဆေးမှင်မှာ သူမ
ရင်ဘတ်တွင်ခတ်နှိပ်ထားပြီး.... ဘယ်လိုများ.......
အမေတစ်ယောက်ဖြစ်သည့် သူမမှာ... စိတ်အေးနိုင်မည်နည်း.....။
သို့ပေမဲ့ ဒီစကားကို သူမဘယ်တော့မှ ဖွင့်ဟမပြောဝံ့......။သူမခင်ပွန်းသည်ရဲ့နှလုံးသားကို .....
နာကျင်စေမိမှာ မို့လို့ဖြစ်သည်....။
တိတ်ဆိတ်မှု က တအောင့်မျှ လွှမ်းမိုးပြီးနောက်တွင်တော့ ဆာက်ဘာယူက စကားစသည်....။
"အာဂူလာ က ပုံမှန်ကလေးတွေထက် အများကြီး ပိုထက်မြက်တယ်..မင်းသာ အချိန်ရရင်... သူမရဲ့ဘဝအခြေအနေမှန်ကို... သူမကိုဖြည်းဖြည်းချင်း...ပြောပြသွားမယ်ဆိုရင်လည်း မဆိုးပါဘူး....။တခြားသူတွေ မျက်လုံးထဲမှာတော့.. သူမ က ပထမမင်းသားဖြစ်နေသေးတုန်းပဲ....ပြီးတော့ သူမရဲ့မွေးဖွားမှုကလည်း..
မြက်ခင်းပြင် ရဲ့ သဘာဝနဲ့ဆန့်ကျင်နေတယ်..။သူမ
ဘဝအမှန်ကို သူမကိုယ်တိုင်နားလည်လာတဲ့အချိန်ကျရင် ကိုယ်ကိုယ်တိုင်သူမကို မြင်းတစ်ကောင်ကို
ဘယ်လိုစီးရလည်း မြှားဘယ်လိုပစ်ရလည်းဆိုတာ
သင်ပေးတော့မယ်...ကိုယ်တို့ရဲ့ ကျွီယန် မိသားစုမှာ
ယောကျာ်းဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဘယ်လိုကိစ္စမျိုးကမှ သူတို့ကို မြင်းနဲ့ခွဲထုတ်လို့ မရနိုင်စေရဘူး.....။"
နှစ်နှစ် ဆိုသော အချိန်က တဖြည်းဖြည်းနှင့် ကုန်ဆုံးလာခဲ့သည်...။အာဂူလာမှာ ခုချိန်တွင် အသက်၅နှစ်ပြည့်ပြီး ဖြစ်သည်..။ပြီး...ဖူရုန်နဲ့ ဆာက်ဘာယူ တို့၏ ဒုတိယမြောက်ကလေး မှာ ပင် နှစ်နှစ် အရွယ်ရှိပြီ..။မည်သို့ပင်ဆိုစေ......မိုးနတ်မင်းက သူတို့၏
ဆန္ဒကို မဖြည့်ဆည်းခဲ့ပေ...၊ နောက်တစ်ခေါက်မွေးဖွားမှုမှာလည်း....မိန်းကလေးပင်....။
သူတို့၏ ဒုတိယ သမီးနာမည်က "ချီယန် နိုမင်."..
အဓိပ္ပါယ်က "နဂါးသွဲ့ကျောက်"...ဟု​သော...... ။ဆာက်ဘာယူက သူတို့ရဲ့ မွေးကင်းသမီးငယ်ကို သူ့ဇနီးသည်ကို ဝေတိုင်းပြည်ဘာသာစကား အခေါ်ဖြင့်နာမည်ပေးရန်ခွင့်ပြုလိုက်သည်...၊ "ရှောင်း သယ့်"
(လိပ်ပြာလေး) ဟု ..။
နှစ်နှစ် ဆိုသော အချိန်ကို ကျော်ဖြတ်ပြီးနာက်တွင်
တော့" မြက်ခင်းပြင်ရဲ့ရက်စက်ကြမ်းကြုတ်သည့်ကျားတစ်ကောင်"ဟု ခေါ်ကြသည့်ဆာက်ဘာယူမှာ ချန်းလီမြင်းတပ်ကို ဦးဆောင်ကာ တူဘာမျိုးနွယ် များအား လော့မြစ်သို့ နှင်ထုတ်လိုက်သည်..။တဖက်က ဝေကဲမျိုးနွယ်မှာလည်း အခြေအနေကို ချင့်ချိန်ပြီးနောက် နှစ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်းသည့်အနေဖြင့်
ရိက္ခာ တစ်သုတ်ကို လက်ဆောင်အဖြစ်ဆက်သကြသည်...။ ချန်းလီမျိုးနွယ် တို့မှာ ခေါင်းမှခြေအတိ ကျက်သရေ ဖုံးလွှမ်းနေခဲ့သည်....။
သို့ပေမဲ့ လည်း...လော့မြစ်၏ တဖက်ခြမ်း လောကမှာတော့ လုံးဝကိုကွဲပြားခြားနားသည့် ဆန့်ကျင်ဘက်အခြေအနေဖြစ်နေသည်....။ နှစ်ပေါင်း၄၀၀ကြာလွန်ပြီးနောက် တိုင်းပြည်၏ တရားခွင် အခြေအနေမှာ ရှေးအစဉ်အဆက်ကလို... မငြိမ်းချမ်းနိုင်တော့...။
အချင်းချင်း အပြိုင်အဆိုင်ငြင်းခုန်မှုများက တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာသည်...။ လက်ရှိအုပ်ချုပ်သည့်ဧကရာဇ် မှာ ကိုယ့်ကိုကိုယ် အထင်ကြီးပြီး စည်းစိမ်ဥစ္စာနှင့် အပျော်အပါးကြားတွင်နစ်မွန်းနေသည်....။
သေချာစုံစမ်းစစ်ဆေးမှုမရှိပဲ ပြည်သူမှာအပြစ်ဒဏ်ခံရသည်...။ အရာရှိတို့မျာ ရာထူးတိုးရန်လာဘ်ထိုးကြသည်..၊ နိုင်ငံ့ဘဏ္ဏာတိုက်မှာလည်း လက်ရှိဘုရင်၏
ထီးနန်းဆက်ခံပြီး... ၅နှစ်အကြာမှာတော့... လုံးဝအခွံပဲကျန်အောင် ပြောင်သလင်းခါသွားတော့သည်..
သာမန်တိုင်းသူပြည်သားများမှာ... အခွန်ငွေကို..
အဆမတန်အောင် ပေးဆောင်နေရပြီး... ပြောမပြနိုင်လောက်အောင်ပင် ဒုက္ခများခံစားနေရသည်...၊
ဒုက္ခသည် ပြည်သူများမှာ မြို့တော်အနှံ့ ပြည့်နှက်နေသည်..။ တရားရေးအရာရှိများ၏ လစာမှာလည်း....
တဖန်ပြီး တဖန်ကြန့်ကြာလာသည်....။