- ၅. ၁ -
320 62 0
ဖူရုန် ၏ ကိုယ်ဝန်ကား....တစ်နေ့တစ်ခြားရင့်လာသည်..။ ဘုရင့် တဲနန်းက... ပျော်ရွှင်မှုအပြည့်နှင့်...
ဘဝအသစ်အား...ကြိုဆိုဖို့ရန်...မျှော်လငိ့စောင့်စား
နေသည်...။
မှော်ဆေးဆရာပြောတာကတော့..ဒီကလေးက..
ဆောင်းဦးရာသီ၏..နှင်းတွေဖွေးဖွေးကျသည့်..နေ့တွင် မွေးဖွားလိမ့်မည်ဟု..။ ဒီရာသီချိန်က..မြက်ခင်းဒေသတွင်မွေးလာမည့်..သူများအတွက်တော့..အကောင်းဆုံးမွေးဖွားချိန်ရသီသာ..။ အချို့သောမျိုးနွယ်စု
အငယ်များက နွေရာသီကုန်ခါနီးတိုင်း..ဆောင်းတွင်းအတွက် စားနပ်ရိက္ခာများ..လုယူရန် အပြင်းအထန်
ရုန်းကန်ကြမည်..။ သို့သော်လည်း..ပထမနှင်းကျလာသည်နှင့်.. စစ်ပွဲအားလုံး.. ဆိုင်းထားရမည်...။ ဆိုရလျှင်..ကျွီယန် မိသားစု၏ တတိယရင်သွေးမှာ ထိခိုက်အန္တရာယ် ဖြစ်လွယ်သည့်...နို့စို့ကလေးအရွယ်အား..အချိန်အတော်ကြာ ဖြတ်သန်းရလိမ့်မည်ဟူ၍....။
ကလေးနှစ်ယောက်မွေးဖူးပြီး ဖြစ်သော ဖူရုန်ကတော့
ကောင်းကောင်းအတွေ့အကြုံ ရှိပြီးဖြစ်တယ်..။ သူမကိုယ်ဝန်ရှိမှန်း သူမကိုယ်သူမ စရိပ်မိပြီးကတည်းက
အဝတ်အစားအသစ်တွေ ချုပ်လုပ်ထားသည်..။
အာဂူလာ့ အဝတ်အဟောင်းများနဲ့ပါဆိုလျှင်.. သူမတတိယရင်သွေးလေးအတွက်.. အဝတ်အစားလုံလောက်လေပြီး...။
ဆာက်ဘာယူနဲ့ ဖူရုန်တို့နှစ်ယောက်လုံး..ခံစားချက်ကတစ်ထပ်တည်းပင်...။"ဒီကလေးသာ... ယောက်ကျားလေးတစ်ယောက်ဆိုလျှင်...,သူရဲ့ အစ်မကြီး
ဟာ... ယောက်ကျားလေးတစ်ယောက်အဖြစ်နေထိုင်နေရသည့်...သူမ၏တာဝန်ကနေ... လွတ်လပ်
သွားလိမ့်မယ်.....!"
ပထမအကြိမ် နှင်းကျခြင်းက...ဆောင်းဦးရာသီစကတည်းက....ရက်အတော်ကြာထိဆက်နေတုန်း..။
ပုံနေသည့်...နှင်းထုကအနည်းဆုံး...ဆယ့်ငါးစင်တီ
မီတာ အထူလောက်ရှိလာသည်...။ဆာက်ဘာယူ
ပျော်ရွှင်စွာ ဖြင့်..အာဂူလာအား..
"အာဂူလာ... လာကြည့်စမ်းအုန်း...။" နှင်း" ဆိုတာ
ကောင်းကင်ရဲ့ ကောင်းချီး ပေးအပ်ခြင်းပဲ.....ငါတို့တွေရယ်..မြက်ခင်းပြင်ကလူတွေရယ်...ဒီပုံအတိုင်းဆို
နောက်နှစ်ကျရင်..စားကျက်မြေတွေ..ကြွယ်ဝအုံးမှာ
အသေအချာပဲ...။"