- ၂ . ၃ -
468 74 0
တိုင်းပြည် ဝန်ကြီးချုပ်မင်း "နန်းကုန်းယန်" မှာ အရာရှိ အယောက်တိုင်း၏ တောင်းဆိုမှုများကိုဖြေကြားနေရသည်....။သူ့လုပ်ဖော်ကိုငခဖက်ဖြစ်သော
"လုကျွင်း" နှင့် အပြင်းအထန် ငြင်းခုန်ပြီးနောက် လက်ရှိဘုရင်မင်းမြတ်ထံ "​ကောက်ကျစ်ဥာဏ်များသည့် ကိုယ်လုပ်တော်"အား အပြစ်ပေးရန်....၊ ပြည်သူတို့၏ အမြင်ကို နားထောင်ပေးရန်အားတက်သရောတောင်းဆိုကြသည်....၊၊ ကံမကောင်းစွာ....မီးလောင်မှုတစ်ခုက ပရမ်းပတာ အခြေအနေတွေဖြစ်စေခဲ့ပြီး...... ဧကရာဇ်နှင့် ကိုယ်လုပ်တော်နှစ်ယောက်စလုံးမှာ... တော်ဝင်နန်းဆောင်မီးလောင်မှုတွင်.. သေဆုံးသွားခဲ့သည်..။ နတ်ရွာစံ ဧကရာဇ်မှာ ငယ်ရွယ်သေးသည့်အပြင်...နန်းလျာအမွေဆက်ခံသူမရှိသေး...။ဒီအဖြစ်အပျက်များဖြစ်ပွားပြီး မကြာမီပင် ဘုရင့်အစ်မတော်မှာလည်း.... ထူးဆန်းစွာပျောက်ဆုံးသွားခဲ့သည်..။ တိုင်းပြည်မှာ အုပ်ချုပ်မည့်ဧကရာဇ်..... မရှိရန် မဖြစ်နိုင်......။ "၄၉ရက်"တာမျှ ညီလာခံရပ်စဲပြီးနောက်တွင်..... တိုင်းပြည်စစ်သူကြီး "လုကျွင်း" နှင့် အယောက်တစ်ရာသော အရာရှိမှူးမတ်တို့၏... အားပေးထောက်ခံ့မှုများဖြင့် ဝန်ကြီးချုပ်
"နန်းကုန်ယန်" မှာ ဧကရာဇ်မင်းမြတ် အဖြစ်....
ရာဇပလ္လင်အား ဆက်ခံရသည်.......။
မြောက်ပိုင်း "ကျင်း".........မြက်ခင်းပြင်တွင်..
ချန်းလီမျိုးနွယ် အခြေစိုက် စခန်းအဝင် တွင်စောင့်ကြပ်နေသော အစောင့်မှာ.. ရုတ်တရပ် သတိအနေအထားဖြစ်သွားသည်...၊ သူ့မျက်လုံးများကို ကျဉ်မြောင်းကာ ဝေးလံသော ရှေ့တူရူမှ မြင်းခွာသံများ ထွက်
ပေါ်လာရာဆီ... စိုက်ကြည့်နေသည်...။ တဖြည်း
ဖြည်းပီသလာသော ပုံရိပ်ကို တွေ့မြင်သွားသောအခါမှ.... သူ့ခါးတွင် ဆွဲချိတ်ထားသော ဓါးမောက်ရှည်ကို ကိုင်ထားသည့်လက်ကို လွှတ်လိုက်သည်.....။
ရှေ့ဆုံးတွင် ဦးဆောင်လာနေသည့် ကလေး၏
အသက်မှာ ၅နှစ်၆နှစ်ထက်မပိုသေး....။ အဝါရောင်သန်းနေသည့် လည်ဆံမွှေးတွေနှင့် မြင်းတစ်ကောင်ကို မောင်းနှင်လာသည်..၊၊ သက်တောင့်သက်သာဟန်ဖြင့် မြင်းစီးလာသည့်သူ့ပုံကို ကြည့်ခြင်းဖြင့်
ငယ်ရွယ်သေးပေမဲ့ လည်း ကျွမ်းကျင်သည့်အရည်အချင်းရှိနေပြီ ဖြစ်သည်....။ သူ့ခါးတွင်တော့ ချိတ်ဆွဲထားသည့်.... သေးငယ်သော ဓားမောက်ရှည် တစ်လက်...နှင့် ကျောနောက်တွင် လေးကိုလွယ်ထားသေည်..၊ ဖွတ်မြီးထိုးထားသည့်.. ပျော့ပျောင်းသည့် ဆံပင်တို့က.... လျော့တိလျော့ရဲဖြင့် လေထဲတွင် လွင့်ဝဲ
နေသည်....။ ဘယ်ဘက်နားတွင်ဝတ်ဆင်ထားသည့်
ငွေရောင်နားဆွဲက...... နေရောင်ကြောင့် တောက်ပနေသည်...။
ဒါဇင်ကျော်ခန့်ရှိသည့် မြင်းများမောင်းနှင်လာသည့်လူငယ်အုပ်စုက ထိုကောင်လေး၏ နောက်တွင်
လိုက်ပါလာသည်...။ သူတို့ထဲ မှ အသက်အကြီးဆုံးကောင်လေးက ၁၄နှစ်ပင်မပြည့်သေး...အငယ်
ဆုံးကောင်လေးမှာ ထိုကောင်လေး၏ အသက်နှင့်မ
တိမ်းမယိမ်းပင်..........။
ဦးဆောင်လာသည့် ကောင်လေးမှာ khagan
ဘုရင်၏ တစ်ဦးတည်းသောသား ဖြစ်သည့်......
"ချီယန်းအာဂူလာ"......။ မျက်စိတစ်မှိတ်အတွင်း...
ထိုအုပ်စုမှာ စခန်းချတဲအဝင်ဝရှေ့သို့ ရောက်ရှိလာသည်..။ ချီးယန် အာဂူလာက မြင်းဇက်ကြိုးထိန်းထားသည့်.. လက်အားနောက်လက်တစ်ဖက်ဖြင့် တွဲထိန်းလိုက်သည်...။ ထွက်ပေါ်လာသည့်မြင်းဟီသံ
များနှင့်အတူ အုပ်စုပါ ရောက်လာကြသည်..။
"အားလုံး မင်းတို့အိမ်ကို ပြန်ကြတော့.."
"ဟုတ်ကဲ့ပါ... မင်းသား..."
ထိုအုပ်စုမှာ လျင်မြန်စွာပင် လူစုခွဲလိုက်ကြသည်..။
အာဂူလာနှင့် မတိမ်းမယိမ်းအသက်တူသည့် ကောင်လေးတစ်ယောက်သာ ကျန်နေခဲ့သည်....။
" ဘာယင်း...?မင်းဘာဖြစ်လို့ မပြန်သေးတာလဲ..?"
"အန်ဒါ.. ,ငါ နိုမင်ဆီသွားလည်ချင်လို့ သူမဖျားနေတယ်သတင်း ကြားလို့.."
"သွားရအောင်...." "ဘာယင်း.." အမည်ရသည့်
လူငယ်မှာ ဂူကျွီမိသားစု ၏ သားအငယ်ဖြစ်သည်..။
အာဂူလာ နှင့် အတူကြီးပြင်းလာသူဖြစ်ပြီး...သူ့ရဲ့
အန်ဒါလည်း ဖြစ်သည်....။(အန်ဒါ ဆိုတာက ညီအစ်ကိုဖွဲ့ထားသလိုမျိုးကို ပြောတာထင်တယ် သေချာတော့မသိဘူး)
အာဂူလာ မှာ သူမကိုယ်သူမ အဆင့်အတန်းမြင့်သူတစ်ဦး ဖြစ်ကြောင်းနားလည်ပြီး... တခြားသူများ
နှင့် ရင်းနှီးခဲလှသည်..။ သူမနှင့် အတူတူ ကြီးပြင်းလာသူ အန်ဒါကလွဲရင်ပေါ့...။
နှစ်ယောက်သားမြင်းပေါ်မှ ခုန်ဆင်းပြီး..အပေါက်ဝတွင် စောင့်နေသည့် စစ်သားများဆီ မြင်းဇက်ကြိုးကို
လှမ်းပေးလိုက်ကာ ရွက်ဖျင်တဲ ကြီး၏ အဝင်ဝဆီ
လျှောက်လာခဲ့သည်..။
"ကောကော..... ကောကော"....
"ရှောင်သယ့်...မြန်မြန်မပြေးရဘူးလေ....!"
ဖူရုန် ရွက်ဖျင်တဲ အဝသို့ ပြေးသွားသည့် သူမ သမီးငယ်နောက် မီအောင် အမြန်ပြေးလိုက်သွားရင်း
အာဂူလာ လာနေသည်ကို မြင်လိုက်ရသည်....။
သူမ သမီးငယ်မှာ အမြဲ လိုလိုပင် သူမ၏ကောကောနောက်သို့ လိုက်လံကပ်တွယ်နေလေ့ရှိသည်...။