- ၃ . ၁ -
424 69 1
မြင်းခွာသံများက တဲအပြင်ဘက်မှထွက်ပေါ်လာ
သည်..။ကလေးသုံးယောက်၏နားရွက်များအလိုလို
ထောင်ကာ နားစွင့်ပြီးသားဖြစ်သွားသည်...။
အရင်ဦးဆုံးရောက်ရှိလာသူက ဆာက်ဘာယူ၏
အနီးကပ်သက်တော်စောင့်ဖြစ်သည်..၊လွန်ခဲ့သော
ရက်အနည်းငယ်က ဆာက်ဘာယူလူစုပြီး မြက်ခင်း
ပြင်အတွင်းပိုင်းသို့ အမဲလိုက်ထွက်သွားခြင်း ဖြစ်သည်။ သူပြန်လာခြင်းဖြစ်သည်...။
"Khatun.....Khaganက မင်းသားအာဂူလာကို
ခေါ်လာဖို့ မှာလိုက်ပါတယ်.."
"ဘာဖြစ်လို့လဲ .."
"စိတ်အေးအေးထားပါ...Khatun...Khaganက
အဖိုးတန် ferghanaမြင်းတစ်ကောင်ဖမ်းမိလာတာ
သူ့သဘာဝက နည်းနည်းကြမ်းတမ်းလို့...ကျွမ်းကျင်တဲ့မြင်းသမားတွေတောင်... ဒီမြင်းကိုယဉ်အောင်မလုပ်နိုင်ဘူးဖြစ်နေတယ်..."
ဖူရုန်နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်..
လာခေါ်သူပင်မစောင့်ပဲ.. အာဂူလာရှောင်သယ့်လက်ကိုဆွဲယူ ပြီး... ဘာယင်း နဲ့အတူ တဲအပြင်သို့ ခြေလှမ်း
ပြင်ရင်း...
"မယ်တော်.... ရှောင်သယ့် ကိုလည်းခေါ်သွားချင်တယ်..."
ဖူရုန်တုံ့ဆိုင်းနေသည်ကို ကြည့်ပြီး အာဂူလာ
ရှောင်သယ့်လက်အား မသိမသာ လေးဖျစ်လိုက်သည်..တစ်ယောက်ကလည်းနားလည်စွာဖြင့်..သူမမိခင်ကို ချွဲနွဲ့ကာ.."နော်..မယ်တော်..နော်..."
"ဒါဆို...လည်း...သတိထားအုန်း..."
"မယ်တော်စိတ်မပူပါနဲ့..ကျွန်တော်ရှိနေသ၍ဒီမြင်း
ဘယ်သူ့ကိုမှ မထိခိုက်စေရပါဘူး..ပြီး..ခမည်းတော်လည်းရှိတယ်လေ..."
ဘာယင်းကပါ.." Khatunစိတ်အေးအေးထားပါ..
ဒီဒေသတစ်ခုလုံးမှာ.. ငါတို့အန်ဒါအနိုင်မယူနိုင်တဲ့
မြင်းတစ်ကောင်မှမရှိသေးဘူး...."
ချန်းလီမျိုးနွယ် တစ်ခုလုံးသိကြသည်...သူတို့မင်းသား အာဂူလာမှ မိုးနတ်မင်းထံမှ အံ့အားသင့်ဖွယ်
လက်ဆောင်တစ်ခုလက်ခံရရှိ ဟူ၍...။ ဘယ်
လောက်ကြမ်းတမ်းသည့်မြင်းတစ်ကောင်ဖြစ်နေပါ
စေ...၊ အာဂူလာလက်ထဲရောက်သွားလျှင်.. လုံးဝကို
နာခံတတ်သည့်မြင်းတစ်ကောင်ဖြစ်သွားသည်..။
အာဂူလာအသက်သုံးနှစ်အရွယ် ပထမဆုံးမြင်းစီး
သင်ချိန်တွင် ဆာက်ဘာယူ က သူမအတွက် မြင်း
ငယ်တစ်ကောင်ယူလာပေးသည်...။ဒါပေမဲ့ အာဂူ
လာ သူမအဖေရဲ့ စစ်မြင်းဖြစ်သော "တိမ်မည်း"ကိုသာ တောင်းဆိုသည်..။ဆာက်ဘာယူ၏ အဖိုးတန်
စစ်မြင်းမှာ သခင်တစ်ယောက် သာ အသိအမှတ်ပြု
ပြီး အနားကပ်လာသူတိုင်း အကန်ခံရသည်ချင်းဖြစ်
သည်..။ ဆာက်ဘာယူတစ်ယောက်တည်းသာ
စိးပိုင်ခွင့်ရှိသည်..။ သားဖြစ်သူ၏ တောင်းဆိုမှုကို
မလွန်ဆန်နိုင်သော ဆာက်ဘာယူမှာ အာဂူလာကို
ဖက်ပြီး သူ့မြင်းထံခေါ်ဆောင်လာသည်..။ လုံးဝမမျှော်လင့်ထားသည်က အာဂူလာ မြင်း၏လည်ပင်း
အား အသာအယာပွတ်သပ်ရုံနှင့် တစ်ဖက်မှာ
အမှန်တကယ် ဒူးကွေးချကာ လိုလိုလားလားနှင့် အာ
ဂူလာအား သူ့ကျောပေါ်တင်ပြီး မောင်းနှင်စေသည်..
ပထမတုန်းကတော့ ဆာက်ဘာယူတွေးသည်က
သူ့မြင်း က မှတ်ဥာဏ်ကောင်းသဖြင့် သူ့မိသားစုဝင်
များအားမှတ်မိသည် ဟူ၍....။ သို့ပေမဲ့လည်း...အာဂူ
လာကြီးပြင်လာသည်နှင့်အမျှ ....ဆာက်ဘာယူမှာ အမှန်ပင် အံသြရသည်...။ဘယ်လိုကြမ်းတမ်းသည့်..
မြင်းဖြစ်နေပါစေ သူ့သားဖြစ်သူလက်ထဲ တစ်ကြိမ်
ရောက်ရှိသွားသည်နှင့်... နာခံတတ်သောမြင်းတစ်ကောင် မြင်းတစ်ကောင်ဖြစ်သွားစမြဲ......အာဂူလာ
ပြောသည်ကတော့.. သူမကမြင်းတွေရဲ့နှလုံးသား
ကို နားထောင်နိုင်သည်ဟု....။
ချိုင့်ဝှမ်း တစ်ခုထဲတွင် လူစုတစ်အုပ်စုဝေးနေပြီး...
အလယ်တွင်...မောပမ်းနေသော မြင်းတစ်ကောင်အား စစ်သားတစ်စုက လက်ထဲတွင် မြင်းရိုင်းထိန်းသည့် ကြိုးနှင့် ဝှေ့ယမ်းနေသည်..။
အာဂူလာသေချာအောင်ကြည့်လိုက်သည်....။
အဲ့ဒါမှာ... ကိုယ်ဝန်ရှိနေသည့် ကြမ်းတမ်းစိတ်ရိုင်း
ဝင်သည့် မြင်းတစ်ကောင်ပင်....။သူ့ကိုယ်က တင့်တယ်လှပပြီး... ခြေဆံလက်ဆံတို့မှာသန်မာပြီး....ရှည်လျားသည်..။ ၎င်းမှာ မောပမ်းနွယ်နယ်နေသော်လည်း... မလိုလားဟန်မုန်းတီးရိပ်က သူ့မျက်လုံးထဲတွင်ပေါ်နေသည်..။ အာဂူလာရင်ထဲတွင်
ပျော်ရွှငိမှု များဖြင့် ပြည့်နှက်သွားသည်...။
" အဲ့ဒါက.... တကယ့်ကို ferghanaမြင်း..အစစ်
ပဲ...!"
အာဂူလာကိုမြင်သွားသော လူအုပ်မှာ အလျိုလျို
လမ်းဖယ်ပေးလိုက်သည်...။ အာဂူလာ ​ရှောင်တိုင်း ကိုဖက်ထားသည့် လက်များကို တင်းကြပ်လိုက်သည်...၊ သူမ မြင်း၏ဝမ်းဗိုက်ကို တစ်ချက်ဖျစ်လိုက်ပြီး
အလယ်သို့ မောင်းနှင်သွားသည်။
စစ်သည် တစ်ယောက်ရှေ့သို့ထွက်လာကာ
ရှောင်သယ့်အား ပွေ့ချီသွားသည်..။ အာဂူလာနှင့်
ဘာယင်းနှစ်ယောက်သား မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်..၊ ဆာက်ဘာယူရှေ့တွင်..ဒူးထောက်ကာ
"ခမည်းတော်..." .."Khagan.."
ဆာက်ဘာယူ ​ရှောင်တိုင်းအားလက်တစ်ဖက်ဖြင့်
ပွေ့ချီယူလိုက်သည်...သူ့မေးကို ရှေ့သို့တချက်ဆတ်
လိုက်ပြီး...အာဂူလာပြောသည်..."မင်း အမြဲတမ်း..
အပါး ကို ပြောပြောနေကျမဟုတ်လား...မင်းမြင်းက
မမြန်သေးဘူးဆိုပြီးတော့လေ....?ဒီမှာ.... အခုအဲ့ဒီ
ကောင်ကို ထိန်းနိုင်ပြီဆို...ရင် မင်းဟာပဲ.....!"
အာဂူလာ ပျော်သွားသည်...
"Khaganခမည်းတော်ကို ကျေးဇူးတင်ပါတယ်".....
ဘာယင်း လက်ပိုက်ပြီး သူ့မေးများကို ဂုဏ်ယူဟန်
ချီမော့ထားသည်....။ သူ့အကြည့်များက အာဂူလာ
နောက်ဘကပ်ပါသွားသည်...၊ မြင်းရိုင်းကို ထိန်းချုပ်ထားသည့် စစ်သည်များ သူတို့ လှုပ်ရှားမှု ကိုရပ်
လိုက်ပြီး နေရာဖယ်ပေးလိုက်သည်....။
ပွက်လောရိုက်နေသည့် လူအုပ်အား စစ်သား
များက ရှေ့တွင် ပိတ်ကာထားသည်..။ ကောင်းကင်ဘုံ၏ ချီမြှင့်ခြင်းကို ခံရသည့် သူ့တို့မင်းသားမှာ
လူဒါဇင်မျှ ပင်မထိန်းချုပ်နိုင်သော ကြမ်းတမ်းရိုင်းစိုင်း
သည့်မြင်းအား မည်သို့ ကိုင်တွယ်မည်ကို သူတို့
ကိုယ်တိုင်မျက်လုံးဖြင့် တပ်အပ်ကြည့်ချင်နေသည်...၊
အာဂူလာ Ferghana မြင်း၏ သုံးမီတာ အကွာတွင် ရပ်လိုက်သည်...၊ သူမခါးတွင်ချိတ်ထားသည့်
ဓားရှည်နှင့် ကြာပွတ်နှစ်ခုစလုံးကို မြေကြီးပေါ်
ပစ်ချလိုက်သည်...၊ Ferghanaမြင်း၏ မျက်လုံးများ
က သတိအနေအထားဖြင့် အာဂူလာအားကြည့်နေ
သည်..။ သတိပေးသည့် အနေဖြင့်.... နှာတစ်ချက်
မှုတ်ထုတ်ပြီး ......ရှေ့ခွာများကို တစ်ချက်ကန်လိုက်သည်....။
အာဂူလာ သူမကိုယ်အောက်ပိုင်းကို... အနည်ငယ်ကွေးညွှတ်ပြီး .....လက်မောင်းများဖွင့်ဟဆန့်
တန်းလိုက်ကာ ဖြည်းညှင်းစွာ ချဉ်းကပ်သွားသည်..။