- ၂ . ၁ -
524 80 1
ညမမှောင်ခင်ချိန်လေးတွင် ဆာက်ဘာယူမှာ မွေးမြူရေးစားကျက်များဆီ ကိုယ်တိုင်သွားရောက်စစ်ဆေးပြီး
ညကင်းစောင့် စစ်သည်များအား ပိုမိုသတိရှိဖို့ ညွှန်ကြားပြီး ရွက်ဖျင်တဲ ဆီ အသော့လျင်ပြီးပြန်လာခဲ့သည်။
မွေးမြူရေးစားကျက်က ချန်းလီမျိုးနွယ်စုတစ်ခုလုံး၏
ဆောင်းတွင်းရှင်သန်ရေးအတွက် ရိက္ခာဖြစ်သည်။
ဘယ်လိုအရေးဖြစ်နေပါစေ ဆောင်းရာသီရောက်ပြီဆိုလျှင်တော့ မွေးမြူရေးလုပ်ငန်းများဆီ သို့နေ့တိုင်း မပျက်မကွက်စစ်ဆေးရသည်။အထူးသဖြင့် ချန်းလီမျိုးနွယ်နှင့် တူဘာမျိုးနွယ်၏ဆက်ဆံရေးမှာ ပြီးခဲ့သည့်နှစ်တွေကတည်းက ကောင်းမွန်သည့် အခြေအနေမဟုတ်ခဲ့။ မျိုးနွယ်စုနှစ်ခုလုံးက ဆက်ဆံရေးက
အဆက်ဖြတ်ထားသော်လည်း နွေရာသီရောက်ပြီဆိုသည်နှင့် တူဘာလူမျိုးစုအားမှီခိုနေသော မျိုးနွယ်စုအငယ်များမှာ ချန်းလီမျိုးနွယ်အားရန်စ လာလေ့ရှိသည်။
ထိုသေးငယ်သည့်မျိုးနွယ်က တစ်စုံတစ်ယောက်၏
အထောက်အပံ့မရပဲ ရန်စရဲမှာလဲ....။
တွေးရင်း....ဆာက်ဘာယူမှာ အထင်အမြင်သေးစွာဖြင့် အေးစက်စွာ နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
လွန်ခဲ့သည့်သုံးနှစ်ကတည်းက တူဘာမျိုးနွယ်နှင့်
လက်ထပ်ပွဲဖြင့် ပူးပေါင်းသည့်ဆက်ဆံရေးအား
ငြင်းပယ်ပြီး အဆက်ဖြတ်ပြီး ဖြစ်သည်....။လောလောဆယ်တွင်... လည်း ထိုမင်းသမီးမှာ " ဝေကဲမျိးနွယ်မင်းသား" အား လက်ထပ်ပြီးဖြစ်သည်။ တဲထဲတွင်
စောင့်ဆိုင်းနေသည့် ဇနီးသည်ဖြစ်သူကို သတိရမိသွားချိန်မှာတော့ နွေးထွေးသည့် အပြုံးက သူ့မျက်နှာတွင်ပေါ်လာသည်..။သူ့ခြေလှမ်းများကို နောက်ထပ်အလျင်စလို လှမ်းလိုက်သည်...။
တဲထဲတွင် အလင်းရောင် ကျန်နေသေးသည်...။ဆာက်ဘာယူ အေးစက်နေသောသူ့ရဲ့ အပေါ်ဝတ်ကို အဝင်ဝနားကချိတ်တွင် လှမ်းရင်း ချိတ်လိုက်သည်....။ဆီမီးခွက်အလင်းရောင်အောက်တွင် အဝတ်အစားများချုပ်နေသော ဖူရုန်ကို မြင်လိုက်ရသည်..။သူလှမ်းပြောလိုက်သည်.."မင်း ကိုယ်ဝန်ရှိနေတာ..ဒီကိစ္စတွေကို.. မျိုးနွယ်ထဲကတချို့အမျိုးသမီးတွေကို... လုပ်ခိုင်းလိုက်ပါလား...."
ဖူရုန် သူမခေါင်းကိုမော့ပြီး သူ့အားတချက်လှမ်းကြည့်သည်...။ သူမ၏လှုပ်ရှားမှုကို မရပ်ဘဲ တိုးညှင်းသည့်လေသံဖြင့်... "နည်းနည်းတိုးပြောလေ....အာဂူလာ အိပ်ပျော်နေတယ်...."
ဆာက်ဘာယူ တိတ်ဆိတ်စွာ အိပ်မောကျနေသောသူ့သမီးဆီ လှမ်းကြည့်ပြီး ပြုံးကာ.."စိတ်ချပါ... မိန်ကျီရယ်....သူဒီလောက်တောင်အိပ်ပျော်နေပုံနဲ့
ခုနေ မိုးချိန်းလိုက်ရင်တောင်.. သူမနိုးမယ့်ပုံ မဟုတ်ဘူး....။"
တုံ့ပြန်စကားကို နားထောင်နေသော ဖူရုန်၏မျက်ဝန်းတွင် မိခင်တစ်ယောက်၏ မေတ္တာ ထင်ဟပ်နေသည်..။တဝက်တပျက်ပြီးလက်စ ချုပ်လက်စ သားမွေးအင်္ကျီသေးသေးလေးအား ချလိုက်ပြီး သူမဗိုက်ကို အသာအယာပွတ်ကာ...
"ဒီကလေးကို ယောက်ကျားလေးဖြစ်ပါစေလို့ မျှော်လင့်နေတယ်.."
ဆာက်ဘာယူ သူ့ဇနီးသည်၏ စကားကို စိတ်ပူပေါ်မပေါ်.....။ဘေးနားတွင် ကပ်ထိုင်ချုပြီး.. စိတ်လှုပ်ရှားနေသည့်လေသံဖြင့်..."မိန်ကျီ.. ဒီနေ့ အာဂူလာ လေးကိုဆွဲပြီး မြှားပစ်ချလိုက်တာ.. ငါးဆအကွာမှာ ရှိနေတဲ့... ကျားရဲ့နှလုံးကို ထိသွားတာ..၊ ကိုယ်တစ်ယောက်ယောက်နဲ့မြင်းပေါက်လေး.. တစ်ကောင်ကို ခေါ်လာခိုင်းပြီး....သူမကိုပေးတာ..ဒါပေမဲ့ ကိုယ့်ရဲ့ တိမ်မည်းကို ပဲ စီးမယ် ဆိုပြီး စီးလိုက်တာ.."
ပြောရင်း..... ဆာက်ဘာယူမှာ ဝင့်ကြွားသည့်အမူအရာဖြင့်... သူက ဆက်သည်...."ကိုယ့်တုန်းက လေးနှစ်အရွယ်နဲ့ လေးကို ဆွဲနိုင်တာ ဒီမျိုးနွယ်စုက ကလေးအများစုက အသက်ခြောက်နှစ်မှ ဆွဲနိုင်တာ
တကယ်လို့ သူတို့ဆွဲနိုင်ခဲ့ရင်တောင် မှ ကျားရဲ့ နှလုံးသားကိုတော့ မှန်အောင်မပစ်နိုင်ကြဘူး...။ကိုယ်တို့ရဲ့ အာဂူလာလေးကတော့.... သုံးနှစ်ပဲရှိသေးတယ်...! ကိုယ်ထင်တာတော့ အနာဂတ်မှာ ဂျဲ ဘီ ဆိုတဲ့ ဂုဏ်ပုဒ် ကို သူမကလွဲပြီး ဘယ်သူနဲ့မှ ထိုက်တန်မယ် မထင်ဘူး....."
ဖူရုန် မှာ တိတ်ဆိတ်စွာ သက်ပြင်းချပြီး..."ဒါတော့
မဟုတ်သေးဘူး....ဒီကလေးက နေ့တိုင်းအရွယ်ရောက်လာတာ... အရင် ငါချုပ်ထားတဲ့ အဝတ်အစားတွေက တဖြည်းဖြည်း တိုလာပြီ.."
ဖူရုန်မှာသူမ ဗိုက်ထဲက.. တွန်းကန်မှု ကို တခါခံစားမိပြန်သည်..။ကောင်းကင်ကသာ ဒီကလေးအား
ယောက်ျားလေးဖြစ်စေခဲ့မယ်ဆိုပါက.... သူမ သမီးလေးကို စောစီး စွာသူမပုံစံအမှန်ကို ပြန်ရလာမည်ဖြစ်
သည်...။
"ကျွန်မတို့သမီးလေးက သုံးနှစ်ပဲရှိသေးတယ်..
ဖြစ်နိုင်ရင်... မနက်ဖြန် မြစ်စပ်နား သွားတဲ့အခါ...
သူမကို.. မခေါ်သွားသင့်ဘူး....."
ဆာက်ဘာယူ မျက်ခုံးတချက်ပင့်လိုက်သည်..။
"ဘာကြောင့်လဲ..."ဖူရုန်မှာ တစ်စုံတစ်ခုကို ပြောချင်နေသည်..ဒါပေမဲ့ သူမကိုယ်သူမအကြိမ်ကြိမ်ပြန်ရုတ် လိုက်သည်..။သို့သော်လည်း....စိတ်ရှည်ရှည်ဖြင့်စောင့်နေ.သော သူမခင်ပွန်းသည်ကိုကြည့်ကာ
နောက်ဆုံးတွင်... ပြောလာသည်..။"ဒီနေ့ အာဂူလာ ဂူကျွီမိသားစု ရဲ့ သားအငယ်နဲ့ တွေ့လာတယ်.."
ဖူရုန်ရဲ့ မျက်နှာက တဖြည်းဖြည်းနီလာသည်..။သူမပုံက ဆက်ပြောရန် အခက်ကြုံနေသည်..။
ဆာက်ဘာယူ ပြန်မေးလိုက်သည်.. "ဘာဖြစ်လို့လဲ?.. သူ အာဂူလာကို အနိုင်ကျင့် လို့လား...?"