Part-22

4.4K 382 19
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-22
••••••••••••••••••••

ရှောင်းကျန့်လက်ဆွဲအိပ်လေးကိုရထားခေါင်းမိုးထက်မှာနေရာချကာရထားထိုင်ခုံမှာဝမ်ငယ်နဲ့နှစ်ယောက်သားဝင်ထိုင်လိုက်တယ်။ခုကရိပေါ်မိဘတွေရှိတဲ့ချုံချင်းပြန်မယ့်ရထားပေါ်မှာဖြစ်ပြီးရှောင်းကျန့်နဲ့ရိပေါ်နှစ်ယောက်ပေါင်းမှလက်ဆွဲအိပ်လေးတလုံးတည်းရယ်။ဝမ်ငယ့်ပစ္စည်းတွေကရွမ်ရွမ်နဲ့တပါတည်းထည့်ပေးလိုက်တာမို့များများစားစားသယ်စရာမလိုပဲပေါ့ပေါ့ပါးပါးပင်။

"ဝမ်ငယ်...အေးတယ် မောင့်မာဖလာလေးပတ်ထားနော်..."

အရင်တခါဝမ်ငယ်ပေးထားတဲ့မာဖလာလေးအပါအဝင်ရှောင်းကျန့်တွက်အဝတ်တစ်စုံနှစ်စုံမားကကျန်းချန်တို့နဲ့လာပို့ခိုင်းလိုက်တာမို့ရှောင်းကျန့်ဝတ်ဖို့အတွက်အဆင်ပြေနေခြင်း။မျက်မှန်ဝိုင်းလေးနဲ့ဝမ်ငယ့်ကိုမာဖလာလေးမျက်နှာတဝက်မြုပ်သည်အထိပတ်ပေးလိုက်တယ်။အအေးကဲလာသည့်ဆောင်းဥတုကြောင့်နှာထိပ်လေးတွေနီရဲနေသည့်ဝမ်ငယ်ကရှောင်းကျန့်ကိုမျက်လုံးမှေးမှေးလေးတွေမှိတ်ကျသည်အထိပြုံးပြတယ်။ရထားစထွက်တာနဲ့စာအုပ်လေးတတစ်အုပ်ကိုလက်ကမချတမ်းစိတ်ဝင်တစားဖတ်နေသည့်ဝမ်ငယ့်လက်လေးတစ်ဖက်ကိုယူကာလက်ချောင်းလေးတွေအချင်းချင်းထွေးယှက်ပြီးအပေါ်ထပ်အနွေးထည်အိပ်ကပ်ထဲထည့်ထားလိုက်တယ်။ရထားပြတင်းပေါက်ကလှမ်းမြင်နေရတဲ့လယ်ကွင်းတွေ၊စိမ်းညှို့ညှို့တောင်တန်းကြီးတွေကိုနှင်းဖုံးနေသည့်ကြားမှခပ်ရေးရေးလှမ်းမြင်နေရတယ်။

"မောင်...ချမ်းတယ် ပြတင်းပေါက်တွေဘာလို့ဖွင့်ထားတာလဲ..."

"အာ...sorryမောင်မေ့နေတာ..."

ပြောပြီးပြတင်းပေါက်လေးကိုစေ့ပိတ်လိုက်ကာမှေးချင်နေပုံရသည့်ဝမ်ငယ်ကြောင့်ကိုယ်လုံးအိအိလေးကိုတိုးဖက်ကာပုခုံးထက်ခေါင်းလေးမှီထားစေလိုက်တယ်။မကြာပါဘူးဘုတ်ခနဲအသံကြားလို့ကြည့်လိုက်တော့ဝမ်ငယ့်လက်ထဲကစာအုပ်လေးကကြမ်းပြင်ပေါ်ပြုတ်ကျနေပြီးအသက်ရှူသံမှန်မှန်နဲ့အိပ်ပျော်နေသည့်ဝမ်ငယ်ကရထားခုတ်မောင်းသည့်ဂျုပ်ဂျက်ဂျုပ်ဂျက်အသံကိုသားချော့တေးမှတ်နေသလားပဲ။ရှောင်းကျန့်ဘာရယ်မဟုတ်ဝမ်ငယ့်ကိုယ်လေးကိုထိန်းဖက်ထားရင်းကြမ်းပြင်ကစာအုပ်လေးကိုပျင်းပျင်းနဲ့ကောက်ဖတ်နေလိုက်တယ်။တနေရာအရောက်စာအုပ်ကြားထဲကမိသားစုဓာတ်ပုံလေးတစ်ပုံထွက်လာတယ်။သေချာကြည့်မှဓာတ်ပုံထဲကကလေးလေးပါးကိုတဖက်တချက်စီကနမ်းရှိုက်နေကြသည့်မိဘတွေကသူ့ယောက္ခမနဲ့ယောက္ခထီးမှန်းသိတော့တယ်။ရှောင်းကျန့်ဓာတ်ပုံထဲကပါးလေးတွေဖောင်းကားနေသည့်ကလေးလေးကိုကြည့်လိုက်ရင်ခွင်ထဲကဝမ်ငယ့်ကိုပြန်ကြည့်လိုက်နဲ့သဘောတကျပြုံးလိုက်မိတယ်။

မောင်သာလျှင်...[Complete]Where stories live. Discover now