Part-27

4.5K 363 16
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-27
••••••••••••••••••••••

"ပါး...ကျန်းမာရေးဂရုစိုက်နော်...အလုပ်တွေလည်းတအားမလုပ်နဲ့...ကျွန်တော်လည်းပါးစီမကြာခဏလာလည်မယ်..."

ရှောင်းကျန့်နဲ့ရိပေါ်ချုံ့ချင်းပြန်မည့်ဝမ်ပါးအားရထားဘူတာလာပို့ပေးကြခြင်း။အဖေတခုသားတခုမို့ဝမ်ငယ်ကဝမ်ပါးကိုမှာလို့မဆုံး။

"အင်းပါ...ပါးအတွက်စိတ်ချ သားငယ်သာအစစအရာရာအဆင်ပြေအောင်နေနော် လူလေးရှောင်းကျန့်နဲ့လည်းရန်မဖြစ်နဲ့ တခုခုဆိုသားငယ်ကအကြီးဆိုတော့နားလည်ပေးရမယ်နော်...ပါးပြောတာကြားတယ်နော်သားငယ်..."

"ဟုတ်ပါး...ကျွန်တော်သိပါတယ်မောင်ဆိုးသမျှကျွန်တော်လက်ခံမှာပါ..."

"လူလေးရှောင်းကျန့်ဒါဆိုဦးလေးသားငယ်ကိုစိတ်ချမယ်နော်..."

"ဟုတ်ကဲ့ဦးလေး...ဝမ်ငယ့်ကိုကျွန်တော်မျက်နှာမငယ်အောင်ထားမှာပါ..."

"အင်း...ဒီလိုဆိုဦးလေးပြန်ပြီနော်သားငယ်ဂရုစိုက်..."

"ဟုတ်ပါး..."

ရှန်ဟိုင်းဘူတာကနေရထားထွက်သွားတော့မှရှောင်းကျန့်နဲ့ရိပေါ်ရှောင်းအိမ်တော်ကိုပြန်လာလိုက်တယ်။

"မင်းမြင်ပြီမလား...ဟမ်!...မင်းသားယူထားတဲ့ကျောင်းဆရာကဘယ်လိုတောင်အရှက်မဲ့လည်းဆိုတာ..."

"မဟုတ်ပါဘူးအကိုရယ်...ရိပေါ်လေးကအရမ်းအရှက်အကြောက်ကြီးတာညကကိစ္စမှာတခုခုမှားနေ..."

"ဘာမှမှားစရာမရှိဘူး...အဲ့လိုအဆင့်မရှိတဲ့လူတန်းစားတွေကအဆင့်အတန်းမရှိတဲ့လုပ်ရပ်လုပ်ရမှာကိုရှက်ရကောင်းမှန်းသိတာမဟုတ်ဘူး...မင်းရော မင်းသားရောအဲ့လိုအောက်တန်းစားတွေကိုဘယ်လိုစိတ်နဲ့လက်ခံနိုင်တာလဲငါတကယ်အံ့သြတယ်...တောက်စ်!!!..."

အိမ်ထဲဝင်ဝင်ချင်းဧည့်ခန်းထဲကဟိန်းထွက်လာသည့်ဦးရှောင်းချန်၏အထင်သေးသိမ်သည့်စကားလုံးတွေကြောင့်ရိပေါ်ခြေထောက်တွေပင်မခိုင်ချင်တော့။ရိပ်ခနဲမူးနောက်သွားသည့်ခေါင်းကြောင့်တံခါးဘောင်ကိုမှီရက်ထားလိုက်တယ်။

မောင်သာလျှင်...[Complete]Where stories live. Discover now