Part-18

4K 369 14
                                    

UNICODE💫

🌺မောင်သာလျှင်🌺
••••••••••••••••••••

"ယွီပင်း...ဒါဆိုငါမစောင့်တော့ဘူးနော်ဝမ်ငယ့်အတန်းချိန်ပြီးလောက်ပြီ ငါသွားနှင့်မယ်..."

"အာ...ရတယ်ရှောင်းကျန့်တအောင့်နေကျန်းချန်နဲ့ပဲcanteenသွားလိုက်မယ်...သွားစရာရှိတာသွားသားကြီးရေ..."

ရှောင်းကျန့်ယွီပင်းကိုနှုတ်ဆက်ပြီးတာနဲ့အတန်းထဲကအမြန်ထွက်ခဲ့လိုက်တယ်။ဒီနေ့မှအတန်းဆင်းချိန်နောက်ကျနေတာမို့ဝမ်ငယ်တော့စောင့်နေရတော့မယ်လို့တွေးရင်း​ခြေလှမ်းတွေကဆုံနေကျခုံတန်းဖြူလေးရှိရာစီခပ်သွပ်သွပ်လျှောက်လာခဲ့လိုက်တယ်။ဒါမဲ့ခုံတန်းဖြူလေးရှိရာစီရောက်တော့သူထင်ထားသလိုဝမ်ငယ်ကရှိမနေခဲ့။လက်ထဲကနာရီလေးကိုငုပ်ကြည့်ကာဟိုကြည့်ဒီကြည့်နဲ့ဝမ်ငယ့်အလာကိုစောင့်နေလိုက်တယ်။နောက်၁၅မိနစ်လောက်နေမှသူ့စီရောက်ချလာတဲ့ကျောင်းဆရာလေးကတကိုယ်လုံးရေတွေစိုရွှဲလို့။နှုတ်ခမ်းလေးတွေတဆက်ဆက်တုန်နေကာရှောင်းကျန့်ရှေ့မှာ​ခြေစုံရပ်တယ်။

"ဝမ်ငယ်...ဘာဖြစ်လာတာလဲ...ဝမ်ငယ်ဘယ်လိုဖြစ်လာတာလဲလို့..."

ရှောင်းကျန့်ရိပေါ်ပုခုံးနှစ်ဖက်ကိုကိုင်လှုပ်ကာမေးမိတော့တအီအီနဲ့ထငိုပါလေရော။

"အင့်...အဟင့်...မောင်...အီး...ဟီး...ဟီး..."

ရိပေါ်မငိုမိအောင်ထိန်းချုပ်ထားပေမဲ့မောင့်ရှေ့ရောက်တော့မျက်ဝန်းအိမ်ကမျက်ရည်ကြည်တွေကအထိန်းကွပ်မဲ့စွာအဆက်မပြတ်တော့။သူကအကြီးလေမောင့်ထက်သန်မာနေရမှာဒါမဲ့ဒီအခြေနေကြီးကိုရိပေါ်ခံနိုင်ရည်မရှိဘူး။ရှောင်းကျန့်ရင်ခွင်ထဲပြိုဆင်းလာတဲ့ဝမ်ငယ့်ကိုပြန်လည်ပွေ့ဖက်ရင်းအပေါ်ကကုဒ်လေးချွတ်ကာခြုံပေးလိုက်တယ်။

"ဝမ်ငယ်...တခုခုဖြစ်လာတာမလားမောင့်ကိုပြော..."

"အီး...ဟီး...ဟအင်း...ငါဒီတိုင်းငိုချင်လို့..."

"ကျစ်...ဝမ်ငယ် အဓိပ္ပါယ်မရှိတာ ဒါဆိုဒီလိုပုံဖြစ်လာတာကရော ဝမ်ငယ်ဒီလောက်ထိစိုရွှဲနေတာဘာမှမဟုတ်ဘူးပြောဦးမလို့လား...ဟမ်!..."

မောင်သာလျှင်...[Complete]Where stories live. Discover now