Part-13

4.9K 423 16
                                    

(Unicode)

🌺မောင်သာလျှင်🌺
•••••••••••••••••••

ခုဆိုစားမေးပွဲတွေလည်းပြီးသွားပြီမို့ရှောင်းကျန့်နဲ့ရိပေါ်မှာလေလှိုင်းပေါ်ကတဆင့်အလွှမ်းသည်ရုန်မှတပါးမတက်နိုင်ချေ။စားမေးပွဲပြီးလျှင်ပြီးချင်းပဲဝမ်ငယ်ကချုံချင်းကိုချက်ချင်းပြန်သွားတာမို့ရှောင်းကျန့်ဘယ်လိုမှဆွဲထားလို့မရတဲ့အဆုံးရထားဘူတာရုံကိုသာလိုက်ပို့ပေးခဲ့ရသေးတယ်။သို့သော်အဆက်သွယ်မပြတ်ဝမ်ငယ့်အသံလေးကိုဖုန်းလေးထဲမှတဆင့်ကြားနေရသေးတာမို့ရှောင်းကျန့်ရဲ့လွှမ်းဖျားလွှမ်းနာကခံသာသေးသည်ဟုပြောရမည်။

📲📲📲📲📲

"ဝမ်ငယ်...ဘာလုပ်နေလဲ နေ့လည်စာစားပြီးပြီလား..."

[အွန်း...ပြီးပြီ ခုကဆေးရုံမှာပါးအိမ်ပြန်သွားလို့မားကိုတလှည့်လာစောင့်ပေးနေတာ...]

"အဟွန်း...မောင့်ချစ်သူလေးကသားလိမ္မာလေးပဲ ဒီလောက်ထိချစ်ဖို့ကောင်းတာယောက္ခမကြီးကဘာတွေစားပြီးမွေးထားပါလိမ့်..."

[အဟက်...မောင်ကတော်တော်စကားတတ်တာပဲ အဲ့လိုအပြောလေးတွေနဲ့ကောင်မလေးဘယ်နှယောက်ကိုခြွေခဲ့တာလဲ...ဟမ်...]

"ဟာ...ဝမ်ငယ်ကလည်းမောင်ကအရင်ကရည်းစားများတာမှန်ပေမဲ့ ဘယ်ကောင်မလေးကိုမှအဲ့လိုဖွဲ့နွဲ့ပြီးပြောဖူးတာမဟုတ်ဘူး ဝမ်ငယ်နဲ့တွေ့မှမောင့်နှလုံးသားလေးကစာစီတတ်လာတာသိရဲ့လား..."

[ဟုတ်ပါပြီ...ကိုလူချောလေးရယ်...အာ...မောင် ပါးပြန်လာပြီငါဖုန်းချလိုက်တော့မယ်နော်...seeuမောင်...]

"SeeUဝမ်ငယ်...​မောင်ဝမ်ငယ့်ကိုချစ်တယ်နော်..."

[အင်း...ငါရောမောင့်ကိုချစ်...ဗျာပါး...ဟုတ်လာပြီပါး...]Call End📱

ချစ်စကားလေးတောင်ဆုံးအောင်မပြောနိုင်ရှာပဲပြာယာခပ်ကာဖုန်းချသွားသည့်ဝမ်ငယ်ကြောင့်ရှောင်းကျန့်ဖုန်းscreenပေါ်က(မောင့်ရဲ့ဝမ်ငယ်💕)ဆိုတဲ့contantလေးကိုကြည့်ကာခေါင်းခါရမ်းရင်းပြုံးလိုက်မိတယ်။

"အဟက်...တကယ့်မအူမလည်လေးပါလားဝမ်ငယ်ရာ..."

"အံမယ်...သားရှောင်းကျန့်ပြုံးရွှင်လို့ပါလား...ဘာတွေအူမြူးနေတာလဲမားကို​ပြောပြပါဦး..."

မောင်သာလျှင်...[Complete]Where stories live. Discover now