Part-30

4.3K 338 47
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-30
••••••••••••••••••

"သားရိပေါ်ဘယ်လိုဖြစ်ရတာလဲကွယ်..."

"ဆရာဝမ်...ရှောင်းကျန့်accidentဖြစ်လို့ဆို..."

အရေးပေါ်အခန်းရှေ့အပြေးအလွှားရောက်လာကြသည့်ရှောင်းပါး၊ရှောင်းမားနဲ့ကျန်းချန်တို့အဖွဲ့မှာထိတ်ထိတ်ပြာပြာဖြင့်အမောတဂေါမေးခွန်းထုတ်နေကြသည်ကိုလည်းရိပေါ်ဘာမှပြန်မပြောမိ။လက်သည်းထိပ်တွေကိုတတိတိကိုက်ရင်းမျက်ရည်တွေသာအလိုလိုစီးကျလာရတယ်။မျက်ဝန်းအိမ်တွေကတခုခုကိုစိုးရွံ့နေပြီးoperationခန်းကိုသာတစိုက်မတ်မတ်ကြည့်နေမိတယ်။ကျန်းချန်တို့မှာဘာတခွန်းမှမေးမရဘဲအသားတွေတဆက်ဆက်တုန်နေသည့်ရိပေါ်ကိုကြည့်ပြီးသက်ပြင်းချနေရုန်မှတပါးမတက်နိုင်ကြ။ဆရာဝမ်ရှောင်းကျန့်ကိုသိပ်ချစ်တာသူတို့အသိဆုံး။ရှောင်းကျန့်သာတခုခုဖြစ်ရင်ဆရာဝမ်ဒီထက်ဆိုးတဲ့အခြေနေထိဖြစ်သွားနိုင်တယ်။

"ယွီပင်း...ဘာတဲ့လဲ...ဘယ်ကောင်လုပ်တာလဲတရားခံသိရပြီလား..."

ခုမှကားaccidentဖြစ်သည့်နေရာကိုလိုက်သွားသည့်ယွီပင်းကဆေးရုံလိုက်လာခဲ့ခြင်း။ယွီပင်းကျန်းချန်အမေးကိုခေါင်းရမ်းပြလိုက်မိတယ်။

"ဟအင်း...ကျန်းချန် car savingကင်မရာကaccidentကြောင့်လုံးဝကြည့်မရတော့ဘူး...ဆရာဝမ့်ကိုမေးမှပဲရလိမ့်မယ်...ဒါလုပ်ကြံမှုဆိုတာလုံးဝသေချာတယ်ကားဘရိတ်လည်းအဖြတ်ခံထားရတယ်..."

"တောက်စ်!...ယုတ်မာလိုက်ကြတာ..."

ကျန်းချန်မှာယွီပင်းစကားကြောင့်ကြိတ်မနိုင်ခဲမရ။ကားဘရိတ်ဖြတ်ထားတယ်ဆိုကတည်းကရှောင်းကျန့်တို့မိသားစုကိုတမင်ဒုက္ခပေးချင်လို့ဆိုတာအသိသာကြီး။

"လူနာရှင်..."

"doctor!!!...သားရှောင်းကျန့် အဆင်ပြေရဲ့လား..."

"ကျွန်တော့်သားဘာမှမဖြစ်ဘူးမလားdoctor..."

"ကျွန်တော်တို့သူငယ်ချင်းအဆင်ပြေရဲ့လားdoctor..."

ခွဲစိတ်ခန်းရှေ့ကလူအားလုံးအခန်းထဲကထွက်လာသည့်ဆရာဝန်ထံစုပြုံသွားကာစိုးရိမ်တကြီးမေးနေကြပေမဲ့ရိပေါ်မှာထိုင်နေရာမှမတ်တပ်ထရပ်လိုက်မိကာအသက်ပင်အောင့်ပြီးdoctorအဖြေစကားကိုစောင့်ဆိုင်းနေမိတယ်။

မောင်သာလျှင်...[Complete]Where stories live. Discover now