Part-28

4.2K 341 28
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-28
••••••••••••••••••••

ဒေါက်! ဒေါက်! ဒေါက်!

"ဆရာ...ဧည့်သည်ရောက်နေတယ် SHAME companyကလို့ပြောတယ်..."

"အင်းသိပြီ...ရုံးခန်းထဲလွှတ်လိုက်..."

ရှောင်းကျန့်အတွင်းရေးမှူးမလေး၏အသိပေးသံကြောင့်laptopပေါ်အကြည့်ပို့ထားရင်းအမိန့်ပေးလိုက်တယ်။ခဏအကြာရုံးခန်းထဲတံခါးမခေါက်ပဲဝင်လာသည့်မိန်းကလေးတစ်ယောက်။

"ဟယ်လို...Mr.Xiao မတွေ့ရတာကြာပြီနော်..."

"ဟင်!...လုရီမင်းကဘယ်လို..."

ရှောင်းကျန့်မှာမမျှော်လင့်ထားပဲတွေ့လိုက်ရသည့်လုရီကြောင့်ထိုင်နေရာမှမတ်တပ်ထရပ်လိုက်မိတယ်။အရင်တိုင်းမ​ပြောင်းလဲရှိနေသည့်လုရီကခါတိုင်းလိုအဖော်အချွတ်တွေဝတ်ထားပေမဲ့အရင်ကထက်တော့ရင်ကျက်လာပုံရတယ်။

"အဟက်...ရှောင်းကျန့်နင်ကကလေးအဖေဖြစ်တော့မှာတောင်အရင်လိုကြည့်ကောင်းတုန်းပဲနော်...မဟုတ်သေးဘူး အရင်ကထက်တောင်ကြည့်ကောင်းလာသေးတယ်..."

"လုရီ...မင်းအရေးမပါတာတွေလာပြောမနေနဲ့ ငါ့Companyကိုဘာကိစ္စလာတာလဲ..."

"အာ...ဟုတ်သားပဲ ငါ့ရဲ့ငယ်ချစ်ကြီးကိုတွေ့လိုက်ရတော့လာရင်းကိစ္စတောင်မေ့သွားတယ်...အဟင်း...SHAME companyနဲ့ဆောက်လုပ်ရေး projectအတွက်ခုကစပြီးနင်ငါနဲ့လက်တွဲရလိမ့်မယ်...အဲ့ကိစ္စကိုကိုင်တွယ်ဖို့အတွက်daddyကငါ့ကိုလက်လွှဲပေးထားတယ်ဘယ်လိုလဲpartnerအသစ်ကြောင့်တော်တော်မှအံ့သြသွားလား..."

"ဒါဆိုအန်ကယ့်ကိုယ်စားငါ့စီလွှတ်လိုက်မယ်ဆိုတဲ့လက်ထောက်ကနင်ပေါ့...ဘာလို့လဲ နင်ကဖက်ရှင်ဒီဇိုင်းမေဂျာနဲ့ကျောင်းပြီးထားတာမဟုတ်ဘူးလားစီးပွားရေးလောကထဲရုတ်တရက်ကြီးဝင်လာတယ်ဆိုတော့နင့်အတွက်အခက်တွေ့မှာပဲ.."

"အမှန်ပဲ...ဒါမဲ့ငါဒယ်ဒီ့ကိုပြောပြီးပြီ ငါနီးချင်တဲ့သူနဲ့နီးရဖို့ဒီလောက်တော့ပေးဆပ်ရမှာပေါ့...နင်တောင်ဆရာဝမ့်ကိုရဖို့ဘာမဆိုလုပ်ခဲ့တာပဲ ငါလည်းငါချစ်တဲ့သူကိုအခြားသူနဲ့ပျော်နေတာမကြည့်နိုင်လို့အစွမ်းကုန်ကြိုးစားမှာပဲ..."

မောင်သာလျှင်...[Complete]Where stories live. Discover now