Part-7

5.9K 491 8
                                    


(Unicode)

ဒီနေ့မေဂျာပေါင်းစုံကျောင်းလေ့လာရေးခရီးထွက်ရမှာမို့ရှောင်းကျန့်တို့သူငယ်ချင်းတစုရယ်ရယ်မောမောနဲ့စကားပြောရင်းကျောင်းဝန်းတနေရာမှာရပ်ထားတဲ့လေ့လာရေးခရီးတွက်ကျောင်းကစီစဥ်ပေးတဲ့မှန်လုံကားကြီးတွေစီလျှောက်လာကြတယ်။

" ဟေ့ရောင်တွေ...ဒီတခေါက်ကအရင်နှစ်တွေကနဲ့မတူဘူးကွ မေဂျာတွေအကုန်စုထွက်ရဆိုတော့ ဂျူနီယာစကီချောချောလေးတွေကိုငမ်းလို့ရပြီ...ဟိ...ဟိ..."

ယွီပင်းကမုန့်ထုပ်ကြီးကတဖက်ဆွဲရင်းကောင်မလေးတွေကိုငမ်းဖို့လည်းမမေ့ရုပ်ကိုကစပ်ဖြီးဖြီးနဲ့ဖြတ်ရိုက်ပစ်ချင်စရာ။

" ယွီပင်း...မင်းဟာလေ စားဖို့နဲ့ ဘူးဖို့ပဲသိတယ်...ငါတို့သူငယ်ချင်းဆိုတာယုံတောင်မယုံချင်ဘူး...ငါ့လိုတည်တည်တံ့တံ့နဲ့တစ်ယောက်တည်းကိုပဲအတည်ချစ်ကြည့်ပါလား...ဟုတ်တယ်နော်ဝမ်ချင်...အဟီး..."

ကျန်းချန်ကပြောပြီးဝမ်ချင်ကိုမျက်နှာချိုသွေးသလိုစစ်ကူးတောင်းတော့ဝမ်ချင်ကမျက်စောင်းဗုံးကျဲကာ

" အမလေး...ကျန်းချန် နင်လားတည်တည်တံ့တံ့ ဟုတ်မှလည်းပြောစမ်းပါဟယ်...နင်ငါ့တစ်ယောက်တည်းကိုကြိုက်တာနင့်ကိုပြန်ကြိုက်မယ့်သူမှမရှိတာ...ဟွန့်...အပိုတွေကြီးကြီးကျယ်ကျယ်လာပြောနေတယ်..."

ဝမ်ချင့်အပြောကြောင့်ကျန်းချန်မျက်နှာဇီးရွက်လောက်သာကျန်တော့သည်။

"ဟာ...ဝမ်ချင်ကလည်း ကိုယ့်ကိုဆိုတခါမှအကောင်းမ​ပြောဘူး..."

"ဟား..ဟား..ကျန်းချန် တစ်ယောက်ဆိုတစ်ယောက်ပိတောက်ဆိုပိတောက်ဆိုတဲ့ငါ့ကောင်ကြီး...congratulationပါ မယကရာထူးလေးရသွားလို့...ဟား..ဟား..."

" ယွီပင်းမင်းနော် မင်း...ငါ့ကိုနှိပ်ကွပ်နေတာများနေပြီ...အမ် ဒါနဲ့ရှောင်းကျန့်တစ်ယောက်ငြိမ်လှချည်လား..."

အခုမှကျန်းချန်တို့အဖွဲ့တလမ်းလုံးသူ့အတွေးနဲ့သူပါးစပ်ကြီးနားရွက်တက်ချိပ်တော့မတက်ပြုံးရင်းငြိမ်ပြီးလိုက်လာတဲ့ရှောင်းကျန့်ကိုသတိပြုမိကြတယ်။

မောင်သာလျှင်...[Complete]Место, где живут истории. Откройте их для себя