Part-34

4.1K 362 21
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-34
•••••••••••••••••••

"ရှောင်းကျန့်!..."

ရှောင်းကျန့်ရုံးခန်းမရောက်မီဓာတ်လှေကားရှေ့အရောက်ခေါ်သံကြောင့်နောက်ကိုလှည့်ကြည့်လိုက်တယ်။

"အာ...လုရီ..."

"အဟက်...တော်ပါသေးတယ် နင်ငါ့ကိုတော့မေ့မသွားလို့..."

ပေါင်တဝက်လောက်ရှိသည့်တိုကပ်ကပ်စကပ်ကိုဝတ်ထားသည့်လုရီ၊တထွှာလောက်ခွဲထားသေးသည်မို့အတော်ဟော့ဟော့ရမ်းရမ်းနိုင်လှသည်။ခြောက်လက်မလောက်ရှိသည့်ထောက်မြင့်ဖိနပ်ကြီးနဲ့ရှောင်းကျန့်နားကိုလျှောက်လာပုံကအတော်အမြင်ရိုင်းသည်မို့ရှောင်းကျန့်ချက်ချင်းပဲအကြည့်လွှဲလိုက်ရတယ်။

"လုရီ...နင့်အိမ်မှာဘယ်လိုနေနေကုမ္ပဏီလာရင်ဒီလိုအမြင်ရိုင်းတာတွေဝတ်မလာသင့်ဘူး...ငါကနင့်ကိုသူငယ်ချင်းတစ်ယောက်အနေနဲ့သတိပေးတာ..."

"အဟင်း...ရှောင်းကျန့် နင်အတော်လူကြီးဆန်လာတယ်နော် ကျောင်းတောကဆိုငါ့လိုခပ်လန်းလန်းကောင်းမလေးတွေကိုပဲ နင်ရွေးတွဲတာမဟုတ်လား..."

ခနဲ့တဲ့တဲ့ပြောရင်းရှောင်းကျန့်အနားပိုတိုးကပ်လာသည့်လုရီကြောင့်ပြင်းရှရှရေမွှေးနံ့ကနှခေါင်းထဲစူးခနဲ။ရှောင်းကျန့်ခေါင်းတောင်ကိုက်ချင်လာတယ်။ဓာတ်လှေကားပွင့်လာတာမို့ရှောင်းကျန့်အမြန်ဝင်လိုက်ပေမဲ့လုရီကပါမရမကလိုက်ဝင်တယ်။

"အာ့!...ရှောင်းကျန့်..."

"လုရီ...သတိထား!..."

ဓာတ်လှေကားဝမှာတင်ခြောက်လက်မဒေါက်ဖိနပ်ကြီးနဲ့လုရီကတမင်တကာလားမတော်တဆပဲလားမပြောတတ်။ခြေခေါက်ကာရှောင်းကျန့်ရင်ခွင်ထဲပစ်ဝင်လာသည်မို့ရှောင်းကျန့်အမြန်ပြန်ထိန်းပေးလိုက်ရတယ်။ရုတ်တရက်မို့ရှောင်းကျန့်လက်နှစ်ဖက်ကလုရီခါးပေါ်ရောက်နေပြီးဖရိုဖရဲနှင့်သူတို့ပုံစံကတမျိုးတမည်ထင်မြင်စေနိုင်သည်။

"လုရီ...ရလား မတ်တပ်ရပ်လိုက်..."

"အင်း...ကျေးဇူးပဲရှောင်းကျန့်...အဟင်း..."

မောင်သာလျှင်...[Complete]Where stories live. Discover now