Part-32

4K 358 29
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-32
•••••••••••••••••••

"မား...ကျွန်တော်ဟိုလူနဲ့တခန်းတည်းအတူနေရမှာလား..."

"ရှောင်းကျန့်...မင်းဘယ်လိုမေးလိုက်တာလဲ ရိပေါ်လေးနဲ့သားကလက်ထပ်ထားပြီးသားလေ တခန်းထဲအတူမအိပ်လို့အခန်းခွဲအိပ်ချင်တာလား...မားခွင့်မပြုဘူးနော် သားမှတ်ဉာဏ်တွေပြန်ရလာအောင်ရိပေါ်နဲ့နီးနီးကပ်ကပ်ပိုနေသင့်တယ်..."

"ဒါမဲ့ကျွန်တော်မှယောက်ျားတွေနဲ့အတူမအိပ်တတ်တာ..."

"ဒါဆိုမင်းကမိန်းမတွေနဲ့အတူအိပ်ချင်တာလားရှောင်းကျန့်...ဟမ်!!!..."

ရှောင်းပါးကပါဝင်ပြောလာသည်မို့ရှောင်းကျန့်မှာတကယ့်ဘေးကျပ်နံကျပ်။သူစိမ်းလိုဖြစ်နေသည့်ယောက်ျားတစ်ယောက်နဲ့ရုတ်တရက်ကြီးတစ်ကုတင်တည်းအတူအိပ်ရမှာကိုအနည်းငယ်တော့ကသိကအောင့်ဖြစ်မိတာအမှန်။အရမ်းကြီးမဟုတ်ပေမဲ့သူနဲ့လက်ထပ်ထားတဲ့သူကယောက်ျားတစ်ယောက်ဆိုတော့နည်းနည်းတော့တမျိုးကြီးပဲ။

"ပါး...ကျွန်တော်ပြောတာအဲ့သဘောမဟုတ်ဘူး...ကျွန်တော်အဲ့လူနဲ့အတူမအိပ်နိုင်..."

"ဟင့်!..."

"ဟင်...ရိပေါ်..."

ရှောင်းကျန့်စကားမဆုံးသေးဧည့်ခန်းတံခါးဝကနေပြေးထွက်သွားသည့်အရိပ်လေး။ဟင့်ခနဲရှိုက်သံနဲ့အတူထိုလူ့ပါးပြင်ပေါ်ကမျက်ရည်တွေကိုရှောင်းကျန့်မြင်ဖြစ်အောင်မြင်လိုက်ပါသေးတယ်။သူတို့ပြောနေတာတွေကြားသွားပုံပဲ။ဒါမဲ့ကျွန်တော်ပြောတာမပြီးသေးဘူးလေခများရယ်။

"တောက်စ်!!!...ရှောင်းကျန့် သူများသားသမီးကိုလက်ထပ်ယူထားပြီးစိတ်ဆင်းရဲအောင်လုပ်ရတာ မင်းကျေနပ်လား...ဟမ်!!!!..."

"ပါး...ကျွန်တော်က..."

"တော်တော့!!!...မင်းဘာသာမင်းရိပေါ်ကိုလက်ခံမခံခံ ရှောင်းအိမ်တော်ရဲ့သားမက်ကဝမ်ရိပေါ်ပဲ...မင်းဘာသာအတူအိပ်ချင်အိပ်မအိပ်ချင်အခန်းပြင်မှာထွက်အိပ်..."

ရှောင်းပါးကဒေါသတကြီးပြောပြီးဧည့်ခန်းထဲကအရင်ထထွက်သွားတယ်။

မောင်သာလျှင်...[Complete]Unde poveștirile trăiesc. Descoperă acum