Part-3

7.5K 585 5
                                    


(Unicode)

ရှောင်းကျန့် တစ်ယောက်ကျောင်းသွားဖို့အရေးမှန်ရှေ့ရပ်ရင်းအပီရှိုင်းနေတာတစ်နာရီလောက်ပင်ရှိရော့မည်။နဂိုကတည်းကကြည့်ကောင်းတဲ့ရှောင်းကျန့်ကဘာမှထွေထွေထူးထူးပြင်ဆင်စရာမလိုပါပဲPerfectဖြစ်လွန်းနေတာကြောင့်ကျောင်းသူမလေးတွေအကြည့်မလွှဲနိုင်မှာဧကန်ပင်။ဒါမဲ့ရှောင်းကျန့်ကဝမ်ငယ်လို့သူတစ်ဦးတည်းသာခေါ်နိုင်တဲ့နာမ်စားလေးနဲ့မှန်ကြောင်ဆရာလေးရဲ့အာရုံကိုသာဖမ်းစားလိုတာ။

"အဟွန်း...ကြွေစမ်းကျောင်းဆရာလေးရေ ဒီကိုလူချောရဲ့ရူပကာမှာအရူးအမူးကြွေဆင်းလိုက်စမ်းပါ ဟင်း ဟင်း..."

ရှောင်းကျန့်ရှေ့ကမှန်မှာပေါ်နေတဲ့ကိုယ့်ပုံကိုယ်ကြည့်ကာတစ်ယောက်တည်းရေရွတ်ရင်းသဘောတကျပြုံးလိုက်မိတယ်။နောက်ဆုံးခြေဆုံးခေါင်းဆုံးစိတ်ကျေနပ်အောင်ပြင်ဆင်ပြီးမှမှန်တင်ခုံပေါ်ကchannelရေမွှေးပုလင်းလေးယူကာလက်ဖမိုးနဲ့ယူပြီးဂုတ်သားကိုအနည်းငယ်ဆွတ်လိုက်တယ်။

"ဟဲ့...ရှောင်းကျန့် အခန်းထဲကခုချိန်ထိထွက်မလာသေးဘူးလား မနက်စာလာစားချေတော့..."

"မားကျွန်​ေတာ်မနက်စာမစားသွားတော့ဘူး ဒီမနက်ကျောင်းမှာ tutorialဖြေရမှာမို့..."

အခန်းပြင်ကရှောင်းမားခေါ်သံကြောင့်ရှောင်းကျန့်စားပွဲပေါ်ကစာအုပ်တွေလွယ်အိပ်ထဲကောက်ထည့်ရင်းပြန်ပြောလိုက်တယ်။

"ဒါဆိုလည်းမားထမင်းချိုင့်ထည့်ပေးလိုက်မယ်...ထမင်းစားပွဲမှာတင်ထားပေးမယ်ကျောင်းမသွားခင်ဝင်ယူသွားချေ..."

"ဟုတ်မား..."

ရှောင်းကျန့် အကုန်ပြင်ဆင်လို့ပြီးတော့စားပွဲပေါ်ကကားသော့လေးဆွဲကာအောက်ထပ်ဆင်းလာလိုက်တယ်။ပါးကတော့စောကတည်းကကုမ္ပဏီသွားပြီမို့ရှောင်းကျန့်မားကိုသာနှုတ်ဆက်ပြီးကားဂိုထောင်ထဲကပြိုင်ကားအနီလေးစီးကာကျောင်းသို့သာအရောက်သွားမိတယ်။ရှောင်းကျန့်ကျောင်းရှေ့ရောက်တော့အထဲမဝင်သေးဘဲကားလေးကိုမှီရပ်ရင်းသူအချစ်တော်ကျောင်းဆရာလေးအလာကိုကျောင်းပေါက်ဝမှာရပ်စောင့်နေလိုက်တယ်။အချိန်ကလည်းစောသေးတာမို့ဝမ်ငယ်မရောက်နိုင်သေးဘူးလို့တထစ်ကျတွေးရင်းစိတ်ရှည်ရှည်နဲ့ဆက်စောင့်နေတုန်းရောက်လာပါပြီသူမျှော်နေတဲ့ဆရာလေးတော့မဟုတ်။မကြာသေးခင်ကမှရှောင်းကျန့်ရဲ့EXရာထူးကိုရရှိသွားတဲ့လုရီ။

မောင်သာလျှင်...[Complete]Where stories live. Discover now