Part-10

6.2K 476 12
                                    

(Unicode)

🌺မောင်သာလျှင်🌺
••••••••••••••

ရှောင်းကျန့် ဝမ်ငယ့်အမေးစကားကြောင့်သဘောတကျပြုံးရင်းဝမ်ငယ့်ကိုယ်လေးကိုပိုတိုးလို့ဖက်လိုက်တော့ကမ်းခြေနားမှာရှိနေပေမဲ့နှစ်ယောက်လုံးရဲ့အနွေးဓာတ်ကကူးလူးနေကာလေပင်မတိုးနိုင်လောက်အောင်သိပ်သိပ်သည်းသည်းပူးကပ်နေသည့်ခန္ဓာနှစ်ခုကတသားတည်း။

"အဟင်း...ဒါပေါ့ဝမ်ငယ်ကျွန်တော်နဲ့အတူရှိနေရင်ရင်ခုန်တယ်မှတ်လား...အဲ့ဒါဝမ်ငယ်ကျွန်တော့်ကိုချစ်နေပြီဆိုတာဝမ်ငယ့်နှလုံးသားလေးအချက်ပြတာ...ကျွန်တော့်အချစ်ကိုယုံတယ်မလားဟင်..."

ရှောင်းကျန့် မေးတော့ဝမ်ငယ်ကခေါင်းလေးငုပ်ကျသွားပြီး

"အွန်း...ယုံတော့ယုံပေမဲ့ ရှောင်းကျန့်နဲ့ဆရာကအဲ့လိုဆက်ဆံရေးမျိုးဘယ်လိုလုပ်ဖြစ်နိုင်..."

"ရှူးးးး...အဲ့ဒါတွေတွေးပူမနေနဲ့ကျွန်တော့်စီကိုသာခြေတလှမ်းလောက်တိုးလာပေးကျန်တာကျွန်တော်ဘာသာဆက်လျှောက်မှာမို့ဝမ်ငယ်ကျွန်တော့်ကိုယုံယုံကြည်ကြည်ချစ်လို့ရတယ်..."

"အင်း...ဆရာ့လက်ကိုမလွှတ်လိုက်နဲ့နော်ရှောင်းကျန့်..."

"စိတ်ချ ကျွန်တော့်နောက်ဆုံးထွက်သက်အထိဒီလက်ကလေးကိုစုပ်ကိုင်ထားမှာ...ဝမ်ငယ်သာကျွန်တော့်အနားမှာရှိနေပေး..."

ရှောင်းကျန့် စကားအဆုံးသူ့ရင်ဘက်ပေါ်မှီနွဲ့လာသည့်ဝမ်ငယ့်ခေါင်းလုံးလုံးလေး၊အဓိပ္ပါယ်ကဝမ်ငယ်သူအချစ်ကိုလက်ခံလိုက်ပြီ။ရှောင်းကျန့်ဝမ်ငယ့်ဆံသားတွေကြားတိုးဝှေ့နမ်းရှိုက်လိုက်ရင်း

"ခုဝမ်ငယ်ကျွန်တော့်ကောင်လေးဖြစ်ပြီလားဟင်...."

"အင်း...ခုထိမသိသေးဘူးလားရှောင်းပိန်းဥရဲ့...."

ရှောင်းကျန့် မှာရိပေါ်ရဲ့အရွတ်တိုက်အခေါ်ဝေါ်ကြောင့်ဟက်ဟက်ပက်ပက်ထရယ်မိတော့တယ်။

"ဟား...ဟား...ဘယ်လိုဘယ်လိုရှောင်းပိန်းဥ အဲ့ရှောင်းပိန်းဥကခုဝမ်ငယ့်ချစ်သူပါနော်...အာ...ဝမ်ငယ်မောင့်ကိုမောင့်လိုခေါ်ကြည့်ပါလားဟင်..."

မောင်သာလျှင်...[Complete]Where stories live. Discover now