Part-20🔥

8.8K 446 20
                                    

UNICODE💫

🌺မောင်သာလျှင်🌺
••••••••••••••••••••••

ရှန်ဟိုင်းမြို့နဲ့အနည်းငယ်အလှမ်းဝေးတဲ့ဟိုင်းဝေးလမ်းနဘေးတနေရာမှာပြိုင်ကားအနီလေးတစ်စီးထိုးရပ်သွားတယ်။မိနစ်အနည်းငယ်ကြာသည်အထိကားထဲကလူသားနှစ်ဦးဟာကားမှန်တဖက်တချက်ကိုကိုယ်စီအကြည့်ပို့ထားရင်းနှုတ်ဆိတ်နေကြဆဲ။ထိုဆိတ်ငြိမ်ရပ်ဝန်းကိုဖြိုခွင်းလိုက်သည်ကရှောင်းကျန့်၏မဝံ့မရဲအမေးစကား။

"တကယ်ပဲလား..."

မေးသာမေးလိုက်တာတကယ်သာဆိုရှောင်းကျန့်ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ရှောင်းကျန့်အမေးစကားကြောင့်ဝမ်ငယ်ရဲ့အဝေးတနေရာကအကြည့်ကရှောင်းကျန့်အပေါ်ကျရောက်လာတယ်။

"ဘာကိုလဲ..."

"လုရီပြောတဲ့ဝမ်ငယ့်မှာမောင့်အပြင်တခြားတစ်ယောက်ရှိနေတယ်ဆိုတာတကယ်ပဲလား...ခုနကမိန်းကလေးကဝမ်ငယ်နဲ့ဘယ်လိုပတ်သပ်နေတာလဲ..."

"ငါနဲ့မင်းကဘာဆိုင်လို့ဒါတွေရှင်းပြနေရမှာလဲ...မင်းနဲ့ငါ့ဇာတ်လမ်းကပြီးပြီပဲဟာ..."

"ဝမ်ငယ့်!!!..."

ရှောင်းကျန့်ရဲ့ဒေါသတကြီးအော်သံကြောင့်ခေါင်းငုပ်ထားတဲ့ဝမ်ငယ်ကိုယ်လေးကတုန်တက်သွားတယ်။ရိပေါ်ကျဆင်းလာတဲ့မျက်ရည်တွေကိုဖုံးကွယ်နိုင်ဖို့ခေါင်းကိုတွင်တွင်ငုပ်ထားမိတော့မျက်မှန်ဝိုင်းပေါ်ခိုတွဲလာသည့်မျက်ရည်ကြည်တွေကိုမောင်ကတွေ့ဖြစ်အောင်တွေ့လိုက်သေးတယ်ထင်ပါရဲ့။ရုတ်တရက်မျက်မှန်ကိုချွတ်ယူကာကုတ်အက်ျီစနဲ့သုတ်ပေးနေသည့်မောင်ကြောင့်ရိပေါ်မော့ကြည့်လိုက်တော့ပါးပြင်ပေါ်ပွတ်သပ်လာသည့်လက်အစုံကရိပေါ်မျက်ရည်တွေကိုခြောက်သွေ့စေပြန်တယ်။

"မောင်သိပါတယ်...ဝမ်ငယ်ဘာကြောင့်မောင့်ကိုလမ်းခွဲချင်တာလဲဆိုတာ...ဝမ်ငယ်...မောင့်ကိုကြည့်..."

"ဖယ်...ငါ့ကိုမထိနဲ့မင်းကိုမချစ်တော့ဘူးလို့ပြောထားပြီးသား..."

"ဟာကွာ!!!..."

ဒုတ်!💢

ရိပေါ်ခေါင်းကိုမေးကပင့်မြှောက်လာသည့်မောင့်လက်တစ်ဖက်ကိုရင်နာနာနဲ့ပုတ်ထုတ်လိုက်တော့ကားစီယာတိုင်ပေါ်ကျရောက်သွားသည့်လက်သီးချက်ကြောင့်မောင့်ဒေါသကချိန်ကိုက်ဗုံးတလုံးကဲ့သို့ဖြစ်နေမယ်ဆိုတာရိပေါ်သိလိုက်တယ်။

မောင်သာလျှင်...[Complete]Where stories live. Discover now