Part-39

4.9K 403 47
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-39
••••••••••••••••••••

ရိပေါ်နှင်းမှုန်တွေကြောင့်မှိုင်းဖျဖျသာမြင်ရသည့်တောင်းတန်းကြီးကိုရထားပြတင်းပေါက်ကနေအကြောင်းမဲ့ငေးနေမိတယ်။နဘေးကမှီနွဲ့စရာပုခုံးမရှိတာကြောင့်ရထားခုတ်မောင်းသည့်တဂျုံ့ဂျုံ့တဂျက်ဂျက်အသံတွေကပင်ရိပေါ်ကိုမှေးစက်နိုင်အောင်မစွမ်းဆောင်နိုင်တော့ဘူး။အေးစက်နေသည့်လက်တွေကိုအချင်းချင်းထွေးယှက်ထားရင်းအမှတ်မရှိသည့်နှလုံးသားကကုဒ်အက်ျီနွေးနွေးနဲ့စုပ်ကိုင်ပေးမည့်လက်တစ်ရံကိုတောင်းတမိတယ်။လည်တိုင်ကမာဖလာလေးကိုသူဘာကြောင့်မပါပါအောင်ယူခဲ့ရသေးတာလည်း။ပိုင်ရှင် မာဖလာပိုင်ရှင်ကိုရိပေါ်လုံးဝမေ့သွားမှာ။ဟုတ်တယ် အချိန်တွေကြာရင်မောင့်ကိုသူလုံးဝမေ့သွားမှာပါ။တွေးငေး ငေးရင်း ရိပေါ်အလိုလိုနေရင်းဆွေးနေမိတယ်။နာကျည်းမှုတွေပွင့်အံကျလာသည့်ဦးနှောက်ကြောင့်ရိပေါ်လည်တိုင်ကမာဖလာကိုဆဲွဲဖြုတ်ကာမျက်နှာချင်းဆိုင်ကထိုင်ခုံလွတ်ပေါ်ပစ်ပေါက်ပလိုက်တယ်။

"အင့်!...အဟင့်...မချစ်ချင်တော့ဘူး..."

"ပါးပါး...ဒယ်ဒယ်ကသားသားတို့စီဘယ်တော့လိုက်လာမှာလဲဟင်..."

တရေးနိုးလာသည့်သားသားကရိပေါ်အက်ျီစကိုလက်ကလေးနှစ်ဖက်နဲ့ဆွဲရင်းမေးလာတယ်။ရိပေါ်မှာသားသားအတွက်အဖြေရှိမနေခဲ့ဘူး။သားသားပါးဖောင်းဖောင်းလေးတွေကိုအုပ်ကိုင်ရင်းရိပေါ်နာနာကျည်းကျည်းပြောမိတယ်။

"ခုချိန်ကစပြီးသားသားမှာပါးပါးတစ်ယောက်ပဲရှိတယ်...နောက်ဆိုသားသားဒယ်ဒယ်အကြောင်းမမေးမိစေနဲ့...ကြားလား..."

"ဘာရို့ယဲဟင်ပါးပါး...သားသားကဒယ်ဒယ်ရောပါးပါးရောနှစ်ယောက်လုံးနဲ့တူတူနေချင်တာ..."

ငိုမဲ့မဲ့လေးပြောလာသည့်သားသားကြောင့်ရိပေါ်မျက်ရည်တွေထိန်းချုပ်ရလွန်းလို့ရင်ဘတ်တွေပါအောင့်လာတယ်။သားသားမျက်နှာလေးကိုဖွဖွပွတ်သပ်ရင်းမထိန်းချုပ်နိုင်စွာမျက်ရည်ကြည်တွေကတာကျိုးသလိုတသွင်သွင်။

မောင်သာလျှင်...[Complete]Where stories live. Discover now