Part-33

4.2K 381 32
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-33
•••••••••••••••••••••

"မောင်...ဆေးသောက်ရအောင်..."

"အင်း..."

ဖန်ခွက်လေးနဲ့ဆေးခွက်လေးထိုးပေးလာသည်မို့ရှောင်းကျန့်ကုတင်ပေါ်ကျောမှီထိုင်နေရာကနေယူသောက်လိုက်တယ်။နေ့တိုင်းသောက်နေရသည့်ဆေးတွေကိုသူကသာအတော်ငြီးငွေ့နေပေမဲ့ဆေးတိုက်ပေးသည့်ထိုလူကတော့အချိန်မှန်ပင်။ဆေးဗန်းလေးကိုင်ကာအခန်းထဲကထွက်သွားဖို့လုပ်နေတဲ့လူကြောင့်ရှောင်းကျန့်မှာခါးပင်မတ်ပြီးမေးလိုက်မိတယ်။

"ကျွန်တော် နေ့လည်ကပြောထားတယ်နော်...ခများဒီအခန်းမှာလာ..."

"လာအိပ်မှာပါမောင်ရဲ့...ငါသားသားကိုချော့သိပ်ပြီးပြန်လာခဲ့မယ်...မောင်ဆေးသောက်ပြီးပြီဆိုတော့အိပ်နှင့်လေ..."

"အွန်း...ဒါဆိုလည်းပြီးရော..."

ရိပေါ်အိပ်ခန်းထဲကထွက်သွားတော့မှရှောင်းကျန့်ကုတင်ပေါ်လှဲအိပ်ဖို့ပြင်လိုက်ပြီးမှတခုခုကိုသတိရသွားဟန်ပြန်ထထိုင်လိုက်တယ်။

"အမ်...ဒါကိုဒီမှာထားရမလားဒီမှာဆိုပိုကောင်းမလား..."

ဖက်ခေါင်းအုံးကြီးကိုမွေ့ယာအလယ်မှာနေရာချလိုက်ကုတင်စွန်းမှာထားလိုက်နဲ့ရှောင်းကျန့်အလုပ်ရှုပ်ကောင်းတုန်း။နောက်ဆုံးရှည်ရှည်ဝေးဝေးစဥ်းစားမနေတော့ပဲဖက်အိပ်ထားလိုက်တယ်။

"အင်း...ဒါကအဆင်ပြေဆုံးလို့ထင်တယ်..."

တမင်သတ်သတ်မဟုတ်ပေမဲ့ထိုလူလာနိုးနိုးနဲ့ရှောင်းကျန့်တော်တော်နဲ့မအိပ်ဖြစ်။သောက်ထားတဲ့အထဲမှာအိပ်ဆေးပါတာမို့နောက်ဆုံးမှာမှေးခနဲအိပ်ပျော်သွားတော့တယ်။

ဂျလောက်!

တံခါးဖွင့်သံသဲ့သဲ့ကြားပေမဲ့ရှောင်းကျန့်မျက်လုံးဖွင့်မကြည့်မိ။လမ်းလျှောက်သံမကြားရအောင်တိတ်ဆိတ်နေပေမဲ့နှခေါင်းထဲတိုးဝင်လာသည့်အမျိုးအမည်မသိသည့်အနံ့သင်းသင်းလေးကပိုနီးကပ်လာသလိုပဲ။တအောင့်နေတော့သူ့ကိုယ်ပေါ်လွှမ်းခြုံပေးလာသည့်စောင်ကအရင်ကထက်ပင်နွေးနေသလားလို့။ကလစ်ဆိုတဲ့အသံကြောင့်စားပွဲပေါ်ကညမီးအိမ်လေးပိတ်လိုက်မှန်းသိတယ်။နားထဲတိုးဝင်လာသည့်ချစ်တယ်မောင်ဆိုသည့်စကားသံလေးကတကယ့်တိုးတိုးလေးမှတိုးတိုးလေး။နှဖူးပေါ်ကျရောက်လာသည့်နွေးခနဲအနမ်းတပွင့်။ပြီးနောက်တဖြေးဖြေးဦးတည်ရာပြောင်းသွားသည့်ကိုယ်သင်းနံ့လေးကသူ့ကျောဘက်ကကုတင်တဖက်စီရောက်သွားတယ်။ငြိမ့်ခနဲဖြစ်သွားသည့်ကုတင်ကြောင့်ထိုလူအိပ်သွားပြီလို့ထင်လိုက်ပေမဲ့တအင့်အင့်ရှိုက်သံကတစွန်းတစထွက်လာပြန်တယ်။ဒီတခါလည်းဝမ်ရိပေါ်ကိုသူငိုအောင်လုပ်မိပြန်ပြီလား။ကျောပေးထားရာမှမသိမသာလှည့်ကြည့်လိုက်တော့ကုတင်စွန်းမှာထိုင်ရင်းတအင့်အင့်ကြိတ်ငိုနေသည့်လူကလက်ထဲမှာစာအုပ်ကြီးလိုအရာတခုကိုင်ထားတယ်။သူ့ဘက်ကမီးအိမ်ကိုတော့ပိတ်ထားပေးပေမဲ့ထိုလူ့နဘေးကညမီးအိမ်လေးကတော့ထိန်လို့။

မောင်သာလျှင်...[Complete]जहाँ कहानियाँ रहती हैं। अभी खोजें