Part-11

5.4K 428 10
                                    

(Unicode)

🌺မောင်သာလျှင်🌺
••••••••••••••••••••

💬"ဝမ်ငယ်...မောင်ရောက်နေပြီ..."

ရိပေါ်ဖုန်းလေးကိုစားပွဲအောက်ဝှက်ကာရှေ့ကကျောင်းသားတွေကိုတချက်ဝေ့ကြည့်လိုက်တယ်။တွေ့ပါပြီ ဇွတ်တရွတ်မနိုင်စိန်မောင်ကအတန်းရှေ့မှာစမတ်ကျကျရပ်ရင်းရိပေါ်ကိုလက်လှမ်းပြနေလေရဲ့။

💬"အင်း...တအောင့်နေမှအတန်းပြီးမှာ ခဏစောင့်နှင့်..."

ရှောင်းကျန့်ဆိုတဲ့ကိုလူချောလေးကိုချစ်သူတော်ရမှရိပေါ်မှာဆရာတန်မဲ့စာသင်ခန်းထဲဖုန်းခိုးသုံးနေရတဲ့အဖြစ်။ခဏနေတော့ကျောင်းသားတွေလှုပ်လှုပ်ရွရွဖြစ်လာကြပြီမို့ရိပေါ်ခုံနံပါတ်အစဥ်အတိုင်းအ​ဖြေလွှာတွေလိုက်သိမ်းလိုက်တယ်။

"SeeU...ဆရာဝမ်..."

"အော်...အမ် see uတပည့်တို့...ဖြေနိုင်ကြတယ်မလား..."

ရိပေါ်မေးတော့ကျောင်းသားတိုင်းလိုလိုခေါင်းကုတ်ဖင်ကုတ်နဲ့အလျိုလျိုထွက်သွားကြတာမို့ရိပေါ်အဖြေစာရွက်တွေစီရင်းပြုံးလိုက်မိတယ်။ကျောင်းသားဘဝဆိုတာဒီလိုပါပဲ၊စာသင်နှစ်တလျှောက်လုံးကစာတွေကိုဖြေခါနီးမှone night one subjectလုပ်သူကလုပ်၊တုံးတိုက်တိုက်ကျားကိုက်ကိုက်နဲ့ဖြေကြတာများတာမို့လေးစားလောက်သည့်heroကျောင်းသားကြီးတွေပင်။

"အမေ့...ရှောင်းကျန့် လန့်လိုက်တာ ဘာလုပ်တာလဲလွှတ် စာသင်ခန်းထဲမှာလေ..."

"ဘယ်သူမှမရှိတော့ပါဘူးဝမ်ငယ်ရဲ့..."

ရှောင်းကျန့်ပြောမှစာသင်ခန်းထဲမှကျောင်းသားတွေမရှိတော့မှန်းရိပေါ်သတိထားမိတော့တယ်။ခါးကိုရစ်သိုင်းထားသည့်ရှောင်းကျန့်လက်တွေကိုတွန်းဖယ်ဖို့ကြိုးစားမနေတော့ပဲစားပွဲပေါ်ကစာအုပ်တွေအိပ်ထဲကောက်ထည့်နေလိုက်တယ်။ဒီကောင်လေးကပြောလည်းပေတေတေနဲ့လေကုန်တာပဲအဖက်တင်မှာမို့ရိပေါ်ကိုယ့်အလုပ်ကိုယ်လုပ်နေလိုက်တယ်။

"ဝမ်ငယ်...မောင့်ကိုနာမည်တပ်မခေါ်ပါနဲ့ဆို..."

"အာ...ငါမေ့သွားလို့ပါမောင်ရာ ခုနကလည်းရုတ်တရက်ဆိုတော့လန့်သွားလို့...ပြီးတော့အဲ့အခေါ်ဝေါ်ကဆရာ့တွက်စိမ်းနေသေးတယ်လေနှုတ်ကျိုးဖို့လိုသေးတယ်..."

မောင်သာလျှင်...[Complete]Opowieści tętniące życiem. Odkryj je teraz