Ling Xiao က သူ၏ ပဟေဋ္ဌိဖြစ်နေသော မျက်နှာကို မြင်တော့ သူ့မျက်လုံးထဲက အရိပ်အယောင်များကို ဖုံးကွယ်ကာ ရုတ်တရက် ပြုံးလိုက်ပြီး "အဲဒါက ဘာမှ မဟုတ်ဘူး။ ငါ့ ရဲ့ မွေးရာပါ လုပ်နိုင်စွမ်းတွေထဲက တစ်ခုပဲ"

မွေးရာပါ လုပ်နိုင်စွမ်း ? You XiaoMo က အဲလို ပြောတာကို အနည်းငယ် ထူးဆန်းသည်ဟု ထင်သည်။

"အို့ ဟုတ်သားပဲ အကြီးအကဲJiang က မိစ္ဆာLuo Shan နဲ့ တူတူပဲလား။ မိစ္ဆာတွေက TianXinဂိုဏ်းထဲကို လျှိုဝင်ပြီးတော့ သလျှို လွှတ်ထားတာလား"

"အင်း အကြီးအကဲJiang က Tian Xin ဂိုဏ်းမှာ ပုန်းကွယ်နေတာ နှစ် တစ်ရာ ကျော်သွားပြီ။ အစတုန်းကလဲ တကယ်ပဲ Jiang မျိုးရိုးနာမည်နဲ့ လူငယ်လေး တစ်ယောက် ရှိတယ်။ ဒါပေမယ့် အဲဒိလူက သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေ တိုးတက်မလာသေးခင်မှာ အခုလက်ရှိ အကြီးအကဲJiang နဲ့ အစားထိုးခံလိုက်ရတာ။ နှစ်တစ်ရာလုံး သူက သူ့စည်းကနေ မကျော်ပဲ သဲလွန်စ တစ်ခုတောင် မပြထားဘူး။ ဒီတစ်ကြိမ်တောင် အမြင့်ပိုင်းက အမိန့်တစ်ခု ကြောင့်သာ မဟုတ်လျှင် သူက ငါ့ရဲ့ အမြစ်ဖြုတ်ခြင်း ခံရမှာတောင် မဟုတ်ဘူး"

Ling Xiao က လက်တန်းရှင်းပြလိုက်သည်။

"ဘာလို့ သူတို့က အစ်ကို့ကို ဖယ်ထုတ်ချင်ရတာလဲ" You XiaoMo က အလွန်စပ်စုချင်နေပြီ။

မိစ္ဆာများက တကယ်ပဲ Ling Xiao ကို ဖယ်ထုတ်နိုင်ရန်အတွက် သူတို့၏ တန်ဖိုးရှိသော နယ်ရုပ်လေးတစ်ခုကို တောင် ပေါ်သွားစေနိုင်သည့်ကို စွန့်စားနိုင်နေသည်။ အဲဒါက သူတို့ မျက်လုံးထဲမှာ Ling Xiao ကို ဘယ်လောက်တောင် မျက်စိ စပါးမွှေး စူးနေသလဲ ဆိုတာ ဖော်ပြနေသည်။

Ling Xiao က နှုတ်ခမ်းစွန်းများ မြင့်တက်ကာ ပြုံးပြီး "မှန်းကြည့်လေ"

You XiaoMo က ချက်ချင်း အပြုံးတွေ ပျောက်ဆုံးကာ သူ့ကို ဖျတ်ခနဲ ကြည့်ပြီး တုန့်ဆိုင်းစွာနှင့် "Luo Shan ကို အစ်ကို သတ်လိုက်လို့ ဖြစ်နိုင်လား"

"နီးစပ်တယ်"

Ling Xiao က ပြုံးကာ ယောင်ယောင်လေး ခေါင်းညိမ့်ပြလိုက်သည်။ သူ့ရဲ့ နှိုင်းယှဉ်မရသော ချောမောသော မျက်နှာက သူ့ကို စိတ်ပျက်သလို ကြည့်နေသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now