အကြောက်တရားတို့ကို ထားခဲ့လိုက်ပြီး နင်မုန့် နောက်တခါ ထပ်ပြောလိုက်သည်။

"နောက်တခါ မရှိစေရဘူးဆိုတာ ကျွန်မ ကတိပေးနိုင်ပါတယ်။ မစိုးရိမ်ပါနဲ့။ အကယ်၍ နောက်တခါ ဆိုတာရှိလာခဲ့ရင် ရှင် ဘောလုံးလို ကန်ဖို့အတွက် ကျွန်မခေါင်းကို ကိုယ်တိုင်ဖြတ်ပြီးပေးမယ်!" ဟော်ပေ့ချန်၏ ပြန်ပြောလာမည့်စကားကို စောင့်နေရင်း နင်မုန့် ပြောလိုက်သည်။

သူ နောက်ဆုံးတော့ သူမအား လွှတ်ပေးလိုက်သည်။ ဟော်ပေ့ချန် သူမလက်အား ညင်သာစွာ ဆေးကြောပေးပြီးနောက် အပြင်သို့ ထွက်သွားလေတော့၏။

"သူဋ္ဌေး ကျွန်တော့ဘက်က လုပ်စရာရှိတာ လုပ်ပြီးသွားပါပြီ။ သူဋ္ဌေးရဲ့ဇနီးအနားကို အဲ့ကလေး ဘယ်တော့မှ ကပ်ရဲမှာမဟုတ်တော့ဘူး!" သူတို့ဆီပြေးလာရင်း ချီရှန် ပြောလိုက်သည်။

သုရုံ ဆိုးရွားစွာ ပညာပေးခံနေရချိန်တွင် ဟော်ပေ့ချန် သူမကိုလုပ်ခဲ့တာက လက်ကလေးပဲ ဆေးပေးတာမို့ ဝမ်းတော့သာမိလေသည်။ သုရုံအား ပညာပေးပြီးနောက် အဖြစ်အပျက်တစ်ခုလုံးကို သူမအား ဟော်ပေ့ချန်က ရှင်းမပြချက်သည့်ပုံစံရှိလေသည်။ သူလုပ်သွားသည်က ထိုနေရာမှ ထွက်သွားခြင်းသာ ဖြစ်လေ၏။ ချီရှန်သည်လည်း သူ့သူဋ္ဌေးနောက် လိုက်သွားချင်ပေမယ့် အချိန်ခနယူုပြီးနောက် နင်မုန့်အား စူးရဲစွာ ကြည့်လျက် အော်ငေါက်တော့သည်။

"ဒီလိုကိစ္စမျိုးကို ဘယ်လိုများ လုပ်ရဲရတာလဲ? မင်းဆီကို မနက်ဖြန် ကွာရှင်းစာချုပ် ယူလာခဲ့မယ်!"

နင်မုန့် မျက်မှောင်တို့ကြုပ်လိုက်သည်။ ဒီကိစ္စ ဘယ်တော့မှ ဖြစ်မလာစေရ။

"ကျွန်မ မနက်ဖြန် မအားဘူး"

"..."

"သန်ဘက်ခါဆိုရင်လည်း ကျွန်မ မအားဘူး! ရှင့်အတွက်ဆို တသက်လုံး မအားဘူး!"

"..."

နင်မုန့်ရဲ့ ဟာသဆန်သော ရည်ရွယ်ချက်က ချီရှန်ကို ပို၍  ဒေါသထွက်လာစေ၏။

"ငတုံးမ! ငါ့ကိုတသက်လုံး ရှောင်လို့ရမယ်များ ထင်နေတာလား? ဥပဒေအရဆို ယောက်ျားနဲ့ မိန်းမ 2နှစ်လောက်  ခွဲနေတာနဲ့ နှစ်ယောက်ထဲက တစ်ယောက်က ကိုယ့်တွဲဖက်ရဲ့ ခွင့်ပြုချက်မလိုပဲ ကွာရှင်းလို့ရတယ်!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now