ဒါကြောင့် မနက်လင်းတာနဲ့ သတင်းအနည်းငယ်ဖြန့်ဖို့ ကျမရဲ့ပွဲရုံကလူတွေကို လက်သိပ်ထိုးခိုင်းထားပြီးသားလေ။ အဟင်းဟင်း.... အခုလောက်ဆို သားအမိတွေအားလုံး ရှက်လွန်းလို့ မျက်နှာတောင်ဖော်ရဲမှာမဟုတ်တော့ဘူး။ ကိုဗညားဆက်သွယ်ရင်လည်း သူတို့ရဲ့မရှိတဲ့ဂုဏ်သိက္ခာအတွက် လက်ခံရဲမှာ မဟုတ်တော့ဘူးလေ။)

(အရှင်ဘုရား။ ဒီမိသားစုလေးကို အေးချမ်းအောင်စောင့်ရှောက်ပါ။ ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး တစ်သက်လုံးပျော်နိုင်ကြပါစေ။) (ဦးရီးငယ်)

(အရှင်ဘုရား။ ကို သွားလမ်းသာလို့ လာလမ်းဖြောင့်အောင် စောင့်ရှောက်တော်မူပါ။ တပည့်တော်မရဲ့မေတ္တာတွေကို ကို မြင်အောင်ချပြချင်သေးတာမို့၊ တပည့်တော်မတို့မိသားစုလေးကို ဥမကွဲ၊သိုက်မပျက်အောင်စောင့်ရှောက်ပေးပါဘုရား)
(မေလေး)

(အရှင်ဘုရား။ ငယ်လေးဘာမှမဖြစ်ပါစေနဲ့။ အပြစ်ရှိလို့ခံယူရစတမ်းဆို တပည့်တော်တစ်ယောက်တည်းသာ အပြစ်ရှိတာမို့ တပည့်တော်ကိုသာ အပြစ်ပေးတော်မူပါ။) (ဗညား)

.............

တရိပ်ရိပ်မောင်းနေတဲ့ကားလေးဟာ ကျောက်ပန်းတောင်းအပြန် အမြန်လမ်းမပေါ်မှာပါ။ ကျောက်ပန်းတောင်းမှ ဆွေမျိုးများက နေ့လည်စာစားပြီးမှပြန်ရမယ်ဆိုလို့ ပြန်လာချိန်ဟာ နေ့ခင်းတောင်ရောက်လို့နေပါပြီ။ ဖုန်းပါလာတော့ မင်းမင်းတို့နဲ့ချိန်းဆိုဖို့လွယ်ကူသွားတာပေါ့လို့တွေးရင်းပဲ လိုင်းမိတဲ့နေရာရောက်ရင် ကားရပ်ပြီး ဖုန်းဆက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ကျောက်ပန်းတောင်းလမ်းပေါ် မောင်းနှင်နေရင်း ငယ်လေးနဲ့ပျော်ခဲ့ရတဲ့ပုဂံခရီးစဉ်လေးကို တွေးပြီး လွမ်းဆွတ်မိသွားပြန်တယ်။

ခရီးထွက်တိုင်း လမ်းမှာကားပေါ်မအိပ်ရလို့ ဂျီကျတဲ့ကလေးလေး၊ လက်မောင်းကိုဖတ်၊ ပုခုံးကိုမှီပြီး ချွဲလို့ တစ်လမ်းလုံးလိုက်တဲ့ကလေးလေး၊ ကားမောင်းရင်းပင်ပန်းပြီး အိပ်ချင်လာတိုင်း 'ဦးအတွက် အန်နာဗွန်စီ'ဆိုပြီး မွခနဲလာလာနမ်းတက်တဲ့ကလေးလေး၊ အရမ်းလွမ်းတာပဲ ဦးရဲ့ပေါက်စလေးရယ်...။

ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Where stories live. Discover now