"အစ်ကိုဘာလို့ ဒီမှာရှိလဲ မေးတာလား? အစ်ကိုက မေးရမှာ မဟုတ်ဘူးလား ညီမလေး ပြောပြပါဦး ဒီမှာ ဘာလုပ်နေတာလဲ"

သူ့(မ)ကို အေးစက်စက် တဖျတ်ဖျတ်တောက်ပနေသော မျက်လုံးများက ခြုံငုံကြည့်နေကာ ဒါက အမှန်ပဲ တိုက်ဆိုင်တာလား ဆိုတာ သူ(မ) အမူအယာကနေ စောင့်ကြည့်နေသည်။ သူကတော့ သူ(မ)ကို ပိုပိုပြီးတောင် စက်ဆုပ်ရွံ့ရှာ လာရသည်။

ထိုစကားများကို ကြားသောအခါ Tang YunQi မျက်နှာပေါ်က အပြုံးက ချက်ချင်းပျောက်ကွယ်သွားကာ သူ(မ) ဘာကြောင့် ဒီကို ရောက်နေမှန်း မှတ်မိသွားသည်။

သူတို့ စောင့်နေသော You XiaoMo က မပေါ်လာပဲနှင့် သူ့အစား Ling Xiao ပေါ်လာသည်။ အဲဒါ ဘာအဓိပ္ပါယ်လဲ? ပုံမှန် အခြေအနေမျိုးဆိုလျှင်တော့ Tang YunQi က Ling Xiao နှင့် မတော်တဆတွေ့ဆုံ မိသည့်အပေါ် သေချာပေါက် အလွန်အမင်း ပျော်ရွှင်မှာ ဖြစ်သည်။ သို့သော် အခုဒီအချိန်မှာတော့ သူ(မ)က You XiaoMo ကို ထိခိုက်အောင် လုပ်ဖို့ ဆိုသော ရည်ရွယ်ချက်သာ သူသိသွားပါက ဖြစ်လာမည့် အကျိုးဆက်ကို .... သူ(မ) မှန်းတောင် မမှန်းဆရဲပေ။ "ဒါ... ညီမက ညီမဂိုဏ်းသားတွေနဲ့ လမ်းလျှောက်ထွက်လာတာ ပြီးတော့ မမျှော်လင့်မိပဲ ဒီနားကို လျှောက်နေမိသွားတာ"

Tang YunQi က အမောတကော ရှင်းပြသည်။ သူ(မ) အကျီလက် အောက်က လက်ချောင်းဆယ်ချောင်းလုံးက တင်းကြပ်နေအောင် ဆုပ်ထားမိလို့ ဖြူဖျော့နေကာ သိသွားမှာကို သေလောက်အောင် ထိတ်လန့်နေသည်။

ကြမ်းတမ်းရက်စက်လှသော သိမြင်နိုင်ရန် ခက်ခဲလှသော အာရုံခံစားမှုတစ်ခု တစ်ခုက Ling Xiao မျက်လုံးထဲ ဖျတ်ခနဲ ဖြတ်သွားပြီး တော့ ချက်ချင်း အဝေးကို လွှင့်ပြယ်သွားသည်။ ချက်ချင်းကို သူ့ရဲ့ နူးညံ့ သိမ်မွေ့သော အရှိန်အဝါ ပြန်ပေါ်လာကာ "ညီမငယ်လေး က တကယ်လမ်းလျှောက်ထွက်လာတာလား၊ တောင်အနောက်ဖက်က တားမြစ်ထားတဲ့ နေရာလေ။ တကယ်ကြီး တောင်အနောက်ဖက်ကို လှည့်လည်သွားလာနေကြတယ်။ တောင်အနောက်ဖက်မှာမှ လုပ်ရမယ့် ကိစ္စတွေများ ရှိနေလို့ များလား"

"ဟင့်အင်း မဟုတ်ဘူး အစ်ကိုXiao။ အစ်ကိုက စိတ်ပူလွန်းနေပါပြီ။ ညီမတို့က တကယ်ကြီး လမ်းလျှောက်ထွက်လာ တာပါ"

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now