Ling Xiao က သူ စာကြည့်တိုက် သွားချင်နေတယ် ဆိုတာ သိသည်။ ဒါ့ကြောင့် သူလည်း လိုက်လာခဲ့သည်။ စာကြည့်တိုက်က ပင်မဆောင်မှာ ရှိတာ မဟုတ်ဘူး။ ဒါ့ကြောင့် တစ်ယောက်ယောက်က သူကို လိုက်ပို့ ပေးရမယ်။ မဟုတ်ရင် သူအရံအတားရဲ့ အပြင်ဘက်မှာ သောင်တင်နေလိမ့်မည်။

"မင်းဘယ်လို စာအုပ်မျိုး ငှားချင်တာလဲ?"

Ling Xiao ကခဏလောက် စဉ်းစားပြီးတော့မေးလိုက်သည်။

"ဝိဉာဉ်စွမ်းအားနဲ့ ပတ်သတ်တဲ့ဟာ။ မှော်ဆေးလုံးတွေ၊ မှော်ဆေးပင်တွေနဲ့ ပတ်သတ်တဲ့ ရှေးဟောင်းစာအုပ် တွေရောပဲ။ စာကြည့်တိုက်က အထပ်တွေ အများကြီးရှိတာ။ ကျွန်တော်က ပထမထပ်ပဲ ရောက်ဖူးသေးတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက် ဒုတိယထပ်ကို တစ်ချက် လောက်သွားကြည့်မလို့။"

You XioaMo ကသူ့ရဲ့ တကယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်ထားလိုက်သည်၊ အမှန်တရားရဲ့ ခုနစ်ဆယ်-ရှစ်ဆယ်ရာခိုင်နှုန်း လောက်ပဲ ပြောလိုက်သည်။

"ဝိဉာဉ်စွမ်းအား? အခု ဝိဉာဉ်စွမ်းအား ကျင့်နေတာ မဟုတ်ဘူးလား? ဘာလို့ စာအုပ်တွေလိုတာလဲ?"

Ling Xiao က You XioaMo ကို တည့်တည့် ကြည့်လိုက်သည်။ မှော်ဆေးလုံးတွေနဲ့ မှော်ဆေးပင်တွေ အကြောင်း ဖတ်တာက ဗဟုသုတ တိုးစေတယ်။ ဒါပေမယ့် ဝိဉာဉ်စွမ်းအားအတွက်တော့ စာအုပ်ဖတ် ဖို့ လိုအပ်တယ်လို့ သူမထင်ဘူး။

You XioaMo က မလုံမလဲနဲ့ အဝေးကို ကြည့်လိုက်သည်၊

"အာ၊ကျွန်တော် သိပ်နားမလည်တဲ့ဟာ နည်းနည်းရှိ လို့ပါ။"

Ling Xiao က သူ့ရဲ့ မျက်နှာအမူအရာကို ကြည့်လိုက်ပြီး သူ့မျက်ခုံးတွေကို ပင့်လိုက်တယ်။ သူ့နှုတ်ခမ်းမှာတော့ အပြုံးတစ်ခု ပေါ်လာတော့တယ်။ လိမ်ပြောနေတဲ့အချိန်မှာ သူ့မျက်နှာအမူအရာကို ထိန်းထားရမယ် ဆိုတာ မသိဘူး။ Ling Xiao ကသူ့ကို တမင်သက်သက် စလိုက်သည်၊

"မင်း နားမလည်တာရှိရင် အခု ငါ့ကို မေးလို့ရပါတယ်။ အချိန်လည်း တော်တော်စောသေးတယ် ဆိုတော့လေ။"

သူ့နဖူးပေါ်မှာ ချွေးစေးတွေ ဖြစ်ပေါ်လာတော့သည်။ သူတကယ်ပဲ သိလိမ့်မယ် လို့  You XioaMo ထင်မထားဘူး။ သူ့ကို မကျေမချမ်းနဲ့ ဖျတ်ကနဲ ကြည့်လိုက်ပြီး သူ့ရဲ့တကယ့် ရည်ရွယ်ချက်ကို မပြောခင် သူ့ဒေါသကို ချိုးနှိမ်ဖို့အတွက် ခေါင်းငုံ့လိုက်ပြီး

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now