ထိုစာကြောင်းက ပါးပါးနင်ကို အရှိုက်ထိစေသလို သူ့စိတ်ကိုလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်သွားစေသည်။ ပါးပါးနင်သည် ဖုန်းကို ထုတ်လိုက်ပြီးနောက် သူ့လက်ထောက်ဆီ ဖုန်းဆက်လိုက်တော့၏။

"မုန့်မုန့်ရဲ့ ရှယ်ယာတွေကို အကုန်ဖျက်သိမ်းပြီး သူ့bank accတွေကိုလည်း ပိတ်ပစ်လိုက်တော့။ ပုံမဆွဲနိုင်ရင် အိမ်ပြန်မလာနဲ့လို့ သူ့ကိုပြောလိုက်!"

ထိုစကားတို့ကို နားထောင်ရင်း စုထျန်းထျန်းသည် ပျော်ရွှင်နေလေ၏။

အောင်မြင်တယ်!

သူမ အပြုံးတို့မပီပြင်သေးမှာပဲ မမျှော်လင့်ထားသော စာကြောင်းတစ်ကြောင်းကို ကြားလိုက်ရ၏။

"ငါ ပုံမဆွဲတတ်ဘူးလို့်  ဘယ်သူပြောလဲ?"

စုထျန်းထျန်း အပြုံးတွေသည် အေးခဲသွားသလို ပါးပါးနင်၏ အာရုံစိုက်မှုသည် တိုက်ရိုက်ထုတ်လွှင့်မှုဆီ ပြန်ရောက်သွားလေ၏။ နင်မုန့် အလုပ်သည် Comicဆွဲတာဖြစ်သည်မို့ ဘယ်လိုဆွဲရမလဲ မသိဘူးဆိုတာ မဖြစ်နိုင်ပေ။ အစောက သူမ အချိန်တချို့ရနေတုန်း ဘဝဖူးပွင့်ချိန်အား အနည်းငယ် ဖတ်ကြည့်သည့်အခါ ပုံတွေက ရိုးရှင်းလေသည်။ သူမရဲ့စွမ်းရည်နဲ့သာဆို  အသာလေး ပြန်ကူးဆွဲလို့ရနိုင်လေ၏။ နောက်တကြိမ် လူတိုင်းသည်လည်း ဆွံ့အသွားရပြန်သည်။

"ငါတို့အနုပညာကျောင်း စတက်ကတည်းက နင်က အမြဲတမ်းကျောင်းပြေးနေတာလေ။ နင့်ရဲ့အိမ်စာအမှတ်တွေက အမြဲ ဥတောင်မကွဲဘူး! ပုံ ဘယ်လိုဆွဲရမလဲသိတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ငါဒီတနှစ်လုံးမှာ ကြားဖူးသမျှထဲ အရယ်ရဆုံး ဟာသပဲ!" အမျိုးသမီး fanသည် ပြောလေ၏။

ချက်ချင်းပင် fanအားလုံးသည်လည်း သူမအား မယုံသင်္ကာကြည့်လာကြတော့သည်။

ဝန်ထမ်းသည်ပင် သူမအနားရောက်လာပြီး နားနားကပ်ပြောလာ၏။

"သူဌေး မလုပ်ပါနဲ့! သူဋ္ဌေးက.."

သူ့စကားမဆုံးသေးခင်မှာပင် နင်မုန့်က ဖြတ်ပြောလိုက်သည်။

"Penတစ်ချောင်းနဲ့ စာရွက်တစ်ရွက် ယူခဲ့ပေး"

ဝန်ထမ်းသည် shockရသွားရသည်။ တစ်လှမ်းပင် ထိုဝန်ထမ်းက မလှုပ်လာသည်မို့ နင်မုန့် ကိုယ်တိုင်သာ Penတစ်ချောင်းနှင့် စာရွက်တစ်ရွက် ယူလိုက်လေတော့၏။ ပြီးနောက် စတင်ကာ ချဆွဲတော့သည်။ ရှိရှိသမျှ သတင်းထောက်တိုင်း၏  ကင်မရာတွေသည်လည်း သူမဆီမှာသာ။ အမှန်တကယ် စတင်အလုပ်လုပ်သည့်အခါ နင်မုန့်ရဲ့ပုံစံက တကယ်ကိုကွာခြားသွားသည်။ စာရွက်ပေါ်မှာ ရွေ့လျားနေသော Pen၏ လှုပ်ရှားမှု အချိန်တိုလေးအတွင်း ဘဝဖူးပွင့်ချိန် ရဲ့ အမျိုးသမီးဇာတ်ဆောင်ပုံက စတင်ပြီးရုပ်လုံးပေါ်လာလေသည်။ မြန်ဆန်သောနှုန်းနှင့် အာရုံထားမှုက အမှန်တကယ်ကို masterအဆင့် Comic artistတစ်ယောက်လို့  သတ်မှတ်နိုင်သည်အထိဖြစ်၏။ ဒါ့အပြင် သူမဆွဲလိုက်သည့်ပုံက သုရုံထက်တောင် ပို၍ကောင်းနေသေးသည်။ fanအားလုံးသည်လည်း သူတို့ရဲ့အာရုံတွေကို သူမဆီမှ လွှဲပြောင်း၍ မရတော့။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now