Ep17 (Unicode)

1K 115 61
                                    

အပိုင်း -(၁၇) : မရီးကိုတွေ့ဖို့ဆို ကျွန်တော်လည်းလိုက်မယ်။

အမှုဖြေရှင်းပြီးသွားတဲ့ ရလဒ်ကတော့ အားလပ်ခြင်းပါပဲ။ ရက်အနေနဲ့ များပြားပြီး သိပ်ကြာရှည်တဲ့ အချိန်ကာလမျိုးမဟုတ်ပေမယ့် ကိုယ်ရေးကိုယ်တာတွေအတွက်တော့ လုံလောက်တဲ့ အချိန်ကာလတစ်ခုပေ။

တိုက်ခန်းငယ်လေးထဲက ကောင်လေးသုံးယောက်ကတော့ သိုးနေအောင်အိပ်နေကြလေသည်။

သူတို့သည် အိပ်စက်အနားယူခြင်းဟာ စိတ်ပိုင်းကော ရုပ်ပိုင်းဆိုင်ရာကိုပါ ကုသပေးသော ဆေးနည်းတစ်မျိုးမဟုတ်ပေဘူးလား ဟူသည်ကို လက်ကိုင်ထားကြသူများဖြစ်ကြသည်။

အရပ်အရှည်ဆုံး၊ ဆံပင်အနီနှင့် ကလန်ကလားအနိုင်ဆုံးသူသည် တီဗီကြည့်ရင်းအိပ်ပျော်တတ်သူပီပီ အိမ်‌ရှေ့ခန်းက ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်အိပ်နေလေသည်။
ပြီးရင် ခါးနာသည်ဟု ညည်းတွားတတ်သူပင်။

အခန်းထဲက ကုတင်တစ်ခုတွင်တော့ ကိုယ်တစ်ဝက်က ကုတင်အောက်ရောက်နေသော အသားဖြူစွတ်စွတ် အရပ်ရှည်ရှည်သူတစ်ဦးရှိလေသည်။ဘေးကုတင်တွင်တော့ ဆေးလိပ်ပြာခွက်ထဲ လက်‌ထားကာ အိပ်နေသူတစ်ဦးလည်းရှိသေးသည်။

တစ်အိမ်လုံးတွင် သုံးဦးသားတို့၏ ဟောက်သံတို့က ညံနေလေသည်ကိုတော့ အခန်းစောင့်နတ်ကလွဲ မသိနိုင်။

အိမ်ရှေ့ကဘဲလ်သံက အအိပ်မက်သောသူတို့အတွက် စာသင်ခန်းအတွင်းငိုက်နေသောသူတို့ဖို့ ထမြည်သော ကျောင်းခေါင်းလောင်သံလိုပင် ကျယ်လောင်လှသည်။

ဘောင်းဘီတိုတို ဆံပင်ခပ်ဖွာဖွာနဲ့ကောင်လေးက "လာပြီ လာပါပြီ"အော်ကာ အိမ်ရှေ့ခန်းသို့ထပြေးလေသည်။

ဆိုဖာတွင် အိပ်နေသောသူကို ကန်ကြောက်ကာ တံခါးကိုသွားဖွင့်ပေးလိုက်သည်။

"အန်တီပါလား။ အိမ်လခကအစ်ကိုပေးပြီးပြီမဟုတ်ဘူးလား။"

"မုန့်ဟင်းခါးလာပို့တာကွဲ့။ မင်းတို့စားဖို့ ...။ ယောက်ျားလေးတွေချည်းနေကြတာ ဆိုတော့"
ရှားက ချိုင့်ကိုဆွဲတော့ အန်တီကြီးက မပေး။

Blind Date (OC) (Completed)Where stories live. Discover now