Ep42 (Uni & Zawgyi)

642 76 19
                                    

အပိုင်း-(၄၂)

ရုံးခန်းထဲက ရှားနှင့် သူစိမ်းမိန်းကလေးထွက်လာတာကိုမြင်တော့ ကိုနန်ဒီးနှုတ်ခမ်းကို ဖိကိုက်လိုက်မိလေသည်။
သူတို့နောက်ကို တိတ်တိတ်လေးလိုက်ဖို့ကြံရွယ်လိုက်၏။

သူ့ကားနှင့်လိုက်လျှင်သေချာပေါက် ရှားကမျက်စိလျှင်သူမို့သတိထားမိသွားနိုင်သည်။
ထို့ကြောင့် တက္ကစီတစ်စီးကိုတားလိုက်ပြီး ကားသမားကိုခပ်လှမ်းလှမ်းကနေ ခွာကာလိုက်ခိုင်းလိုက်သည်။
ယခုသူ့ပုံစံက မိန်းမကနောက်မီးလင်းသည့်အတွက်လိုက်စောင့်ဖမ်းသည့် ယောက်ျားပုံစံနှင့်တူညီနေလေသည်။
ကြံကြံဖန်ဖန် မင်းနဲ့မှ...ငါ့မှာလဲမလုပ်စဖူးတွေလုပ်နေရပါလား ရှားရယ်

ပုဂ္ဂိလကနာမည်ကြီးဆေးရုံတစ်ခုတွင်ရပ်ပြီး သူတို့နှစ်ယောက်ဆင်းသွားသည်ကိုမြင်မှ သူရင်ဘတ်ကို ဖွဖွဖိထားလိုက်မိ၏။

ဟိုတယ်မဟုတ်ဘူး ဆေးရုံတဲ့ နန်ဒီးရေ စိတ်လျှော့စိတ်လျှော့...

မိမိကိုယ်ကိုအားပေးလိုက်ပြီး အသက်ကိုပြင်းပြင်းရှူလိုက်သည်။

အဖြူရောင်မီးဆိုင်းတွေနဲ့ အကျယ်အဝန်းကလည်း မြင်နေကျဆေးရုံတွေထက်ကျယ်ဝန်းပြီး အထက်တန်းဆန်ဟန်ပေါက်သည့်အသွင်ပြင်ရှိလှသည့် ဤဆေးရုံကြောင့်သူမှင်သက်နေမိသည်။

အာ ဒီဆေးရုံက ဟိုတစ်လောက medical checkupယူဖို့ သူတို့နှစ်ယောက် စုံစမ်းထားတဲ့ဆေးရုံပဲ။
ထိုင်းကနေ လာဖွင့်ထားတာဖြစ်ပြီး ပိုင်ရှင်ကလည်းနိုင်ငံခြားသားဖြစ်သည့်အပြင် စျေးလည်းကောင်းသည့်ဆေးရုံဖြစ်၏။
သို့ပေသိ ဆေးရုံတွေအများကြီးထဲမှ ဘာလို့ဒီဆေးရုံလဲ
ဤဆေးရုံ၏ နာမည်ကြီးသည့်ခေါင်းစဥ်က သားဖွားမီးယပ်ပင်။
နာမည်ကြီးနိုင်ငံခြားပြန်သားဖွားမီးယပ်ဆရာဝန်အများစုက ဒီမှာထိုင်ကြသည်။

မဟုတ်မှလွဲကော...ဟိုတယ်မဟုတ်ပေမယ့် ဟိုလိုမျိုးလား။ ဟိုတစ်နေ့ကငါကြားလိုက်တဲ့ကလေးဆိုတဲ့ကိစ္စ
မဖြစ်နိုင်တာ ရှားကဒီလောက်သစ္စာမဲ့တဲ့လုပ်ရပ်မျိုးတော့သူ့အပေါ်လုပ်မယ်မထင်။

နာရီအတော်ကြာသွားသည့်တိုင်သူတို့ထွက်မလာသေး။
ရှားက ငါ့အပေါ်တကယ်ပဲ စိတ်မရှိတော့တာလား။
ငါရန်ကုန်ကိုစရောက်လာတည်းက နေ့ရက်တိုင်းမှာသူရှိခဲ့တယ်
သူနဲ့အတူရှိတဲ့အချိန်တိုင်းမှာ အတူတူပြုံးရယ်နိုင်ခဲ့တယ်
တစ်ယောက်အတွက်တစ်ယောက်မရှိမဖြစ်လိုပြုမူနေခဲ့ကြတယ်
တကယ်တမ်း မရှိမဖြစ်သူ့ကိုလိုအပ်နေသူက ကျွန်တော်ကိုယ်တိုင်ဖြစ်လို့နေတယ်

Blind Date (OC) (Completed)Where stories live. Discover now