Ep27 (Uni+Zawgyi)

962 127 36
                                    

အပိုင်း-(၂၇)

ကားကိုအရှိန်တင်မောင်းနေရင်းက ကားရှေ့ကိုခြေကားယားလက်ကားယားပြေးဝင်လာသူကြောင့် ဘရိတ်ကိုနင်းလိုက်ရလေသည်။
ဒိုးဒိုးတစ်ယောက် တောက်တစ်ချက်ခေါက်လိုက်ကာ အကြည့်စူးစူးတွေနဲ့ထိုလူကိုပြေးဆင်းထိုးရန်ကားပေါ်ကအလျင်မြန်ဆင်းလိုက်လေသည်။

"ခင်ဗျားသေချင်နေလို့ကားရှေ့ပြေးဝင်လာတာလား။"

မချိုမချဥ်အပြုံးနှင့်ပြုံးနေသောမျက်နှာနုနုကိုမထိုးရက်သည့်အတွက် ဆွဲထားတဲ့အင်္ကျီစကိုလွှတ်ပေးလိုက်သည်။ ထိုသူကစကားကိုခွန်းတုံ့မပြန်ဘဲ ကားတံခါးကိုဆွဲဖွင့်ကာ Lover seatတွင်အခန့်သားသွားထိုင်နေလေသည်။

ဒိုးဒိုးစိတ်ရှုပ်ထွေးစွာ ခဲရောင်ဆံပင်တွေကို လက်ဖြင့်ထိုးဆွလိုက်မိသည်။ အနီးဆုံးကော်ဖီဆိုင်လေးထဲကိုနှစ်ဦးသားဝင်လာလိုက်တော့ Ariana Grandeရဲ့ Decemberဆိုတဲ့သီချင်းသံလေးမြူးလွင့်လို့နေသည်။
ထိုသူက ဒိုးဒိုးကိုကြည့်ကာ မျက်နှာချင်းဆိုင်ခုံတွင်နေရာယူလိုက်သည်။ ကော်ဖီပူပူ၂ခွက်ကိုမှာယူလိုက်ပြီး တစ်ယောက်ကိုတစ်ယောက်သာ ကြည့်နေကြလေသည်။

"ကဲ ခင်ဗျားဘာကိစ္စနဲ့ကျွန်တော့်နောက်ကိုတောက်လျှောက်လိုက်နေရတာလဲ"

"အင်း...မင်းကိုမြင်တာနဲ့မလိုက်ရမနေနိုင်လို့။"

"အဟမ်း ကျွန်တော့်ကိုကျွန်တော်ချောမှန်းသိပေမယ့် အဲ့လောက်ထိပွင့်လင်းတာမျိုးတော့မတွေ့ဖူးသေးဘူး။
ခင်ဗျားကပထမဆုံးပဲ။"

"ကိုယ်လဲ မင်းအတွက်ပထမဆုံးပဲဖြစ်ချင်တာပါ။"

"ကျစ် ဆိုလိုရင်းကိုတည့်ပဲပြော..."

"လွန်ခဲ့တဲ့ခရစ်စမတ်တုန်းကလိုမျိုး တစ်ညတာကိုထပ်ပြီးတူတူကုန်ဆုံးပေးလို့ရမလား"

"ဘာ... လူကိုဘာများမှတ်နေလဲ။ ဒီမှာ ကျွန်တော်ကမိန်းမတွေပဲကြိုက်တယ်လို့ပြောပြီးပြီလေ။"

"ဒါမဲ့ မင်းငါနဲ့တူတူအိပ်ခဲ့တယ်လေ။"

"အဟက်...ဒါကခင်ဗျားပုံစံကအဲ့တုန်းကအရမ်းသနားစရာကောင်းနေလို့ နှစ်သိမ့်ပေးခဲ့ရုံပါ။"

Blind Date (OC) (Completed)Donde viven las historias. Descúbrelo ahora