Ep16 (Unicode)

1.1K 123 14
                                    

အပိုင်း - (၁၆)

မှိုင်းပျပျကောင်းကင်ရှိ တိမ်တိုက်တွေထဲတွင် ကြယ်တစ်လုံးတစ်စတို့ကနေရာယူကာ ဖြည့်စွက်ပေးနေသည့်ပုံပင်။
ကောင်လေးတစ်ယောက်က ကောင်းကင်ကိုကြည့်ရင်း ဝရန်တာရှိခုံလေးတွင် ထိုင်နေပေမယ့်
အခန်းထဲက မှန်ရှေ့တွင် ဆံပင်ကိုသလိုက်၊ ဖွလိုက်၊ ပြန်ချလိုက်နှင့်လုပ်နေသူတစ်ဦးလည်းရှိလေသည်။ ထိုသူကတော့ angeloပင်။

ကြေမွနေသောရှပ်အင်္ကျီကိုချွတ်ပြီး၊ မီးပူကော့ပြန့်အောင်တိုက်ထားသောတီရှပ်တစ်ထည်ကိုကောက်စွပ်လိုက်သည်။

ကွန်ပျူတာရှေ့ထိုင်ပြီး တစ်ဖက်ကဖုန်းကောကိုစောင့်ဆိုင်းရင်း ဒူးတနှံ့နှံနှင့် စိတ်မငြိမ်သက်စွာရှိနေသည်။
ဒီနေ့က ပါးပါးဖုန်းခေါ်မယ့်နေ့မို့ တတ်နိုင်သမျှ ကြည့်ကောင်းအောင်လုပ်ထားပြီးပြီဖြစ်သည်မို့ စိတ်တော့မပူလှ။

နာရီကိုတစ်ချက်ရှိုးလိုက်တော့ ရှစ်နာရီ ၁၄မိနစ်ဆိုတော့ ပါးပါးဆီတွင် နေ့လည်အချိန် နှစ်နာရီ၄၅မိနစ်ဝန်းကျင်လောက်ရှိမည်။သူ့အဖေနေသော နေရာက ပြင်သစ်ရှိ ဆိပ်ကမ်းမြို့တစ်မြို့ (မာစေးလီ)ဟုခေါ်သော မြို့ပင်။

သူ့အဖေသည် မေမေဆုံးပြီးတည်းက ကျွန်တော်တို့မောင်နှမနှစ်‌ယောက်လုံးကို သူတစ်‌ယောက်တည်းသာစောင့်‌‌ရှောက်ခဲ့သည်။

မမဆုံးသွားချိန်တွင်တော့ ဒယ်ဒီသည် အထီးကျန်သည့်ဒဏ်ကိုမခံနိုင်ပေ။ သူနှင့် အသက်ဆယ်နှစ်လောက်ကွာသော အန်တီဆာရာနဲ့ နောက်အိမ်ထောင်ပြုလိုက်လေသည်။

ကျွန်တော်အနေနဲ့ လူလွတ်အချင်းချင်းမို့ ကိစ္စမရှိပေ။ ကျွန်တော်သည်ပင် ကျွန်တော့အချစ်ရှိရာသို့လာခဲ့သည်မဟုတ်ပါလော။ မပြီးပြတ်သေးသော အချို့ကိစ္စများအတွက်လည်း တာဝန်ယူမှုပြုပေရမည်။

Cameraကိုဖွင့်လိုက်ပြီးတစ်ဖက်က video callကိုလက်ခံလိုက်သည်။

"BONJOUR Mons fils"

"BONJOUR papa"
(ပြင်သစ်လို Helloဟူသောအသုံးနှုန်း)

"Comment cava" (နေကောင်းလား)

"Le temps ici est chaud"(ဒီမှာတော့ ရာသီဥတုကပူတယ်)

"Tu es sous les tropiques" (မင်းရောက်နေတာအပူပိုင်းဒေသကိုး ပူမှာပေါ့)

Blind Date (OC) (Completed)Onde histórias criam vida. Descubra agora