Ep-33 (uni & zawgyi)

820 97 15
                                    

အပိုင်း-(၃၃)

"Hello အစ်ကို ကိုနန်ဒီးလား"

ဖုန်းခွက်တစ်ဖက်ကသူရဲ့အသံကိုနားစွင့်တော့မှရင်းနှီးနေသလိုလို။

"အစ်ကို ကျွန်တော်ပါ ဒိုလန်"

"ပြော ဒိုလန်"

"တစ်ခုလောက် အကူညီတောင်းစရာရှိလို့"

တစ်ဖက်ကကောင်လေးရဲ့စကားတွေကိုနားထောင်ပြီးနောက် သူသက်ပြင်းရှည်ကြီးချကာ ပြန်ပြောလိုက်လေသည်။

"အဲ့တာက မဖြစ်နိုင်ဘူးထင်တယ် သူကငါ့ရဲ့အမှုသည်ဖြစ်နေလို့"

"ကျွန်တော်တကယ် အနူးညွတ်တောင်းဆိုနေတာပါ အစ်ကိုရယ် ကျွန်တော့်မျက်နှာကိုထောက်ပြီးပဲဖြစ်ဖြစ်လုပ်ပေးလို့ရမလား"

"ဒိုလန် ငါအချိန်ယူစဥ်းစားလိုက်ဦးမယ် လုပ်ငန်းခွင်ဆိုတာကိုယ်ရေးကိုယ်တာနဲ့မရောယှက်ဘဲစည်းထားရတာမို့"

"ဟုတ် ကျွန်တော်တို့တွေ့မှပဲ အစ်ကိုအလုပ်လက်ခံမခံပြန်ပြောပေးနော် ကျွန်တော်တို့အစ်ကိုတို့ဆီလာလည်ဦးမှာပါ
ဒါနဲ့ အစ်ကိုရှားကောနေကောင်းရဲ့လား"

"အိမ်ပေါ်ကကန်ချခံရပြီး ဖျားနေလေရဲ့..."

"ဘယ်လို... ဟိုကောင်ဖျားနေတာလား ငါ့ကိုလွမ်းနာကျလို့လားလို့မေးလိုက်စမ်းပါ"

ဖုန်းခွက်ထဲက အန်ဂျလိုရဲ့အသံကကျယ်ကျယ်လောင်လောင်ထွက်လာသည်။

"ငါမင်းနဲ့ဖက်ရန်မဖြစ်နိုင်သေးဘူး ရန်ဖြစ်ချင်ရင်အိမ်လာခဲ့"

"လာမှာ ငါ့အချစ်မအားသေးလို့"

"သြော်...မင်းကြောက်ရမယ့်သူရှိတယ်ပေါ့လေ"

"မင်းလဲတူတူပဲကိုများ အဟက်...ငါ့ကိုလာခလုတ်တိုက်နေတယ်
ဟိုက ရှားဆိုတာနဲ့ ပိပြားနေပြီးတော့များ"

"တော်ပြီ မင်းနဲ့အဖက်လုပ်မပြောတော့ဘူး ...အဟွတ်အဟွတ်!!"

"ရှား ချောင်းတွေဆိုးနေပြန်ပြီ အေးနေတာကို အနွေးထည်ဝတ်ထားလေကွာ အဲ့ဖုန်းကိုချလိုက်တော့"

ကိုနန်ဒီးစိုးရိမ်ပူပန်စွာပြောတော့ ဖြူလျော့လျော့မျက်နှာလေးက လျော့ရဲရဲပြုံးပြလေသည်။

Blind Date (OC) (Completed)Where stories live. Discover now