Ep7: အမည်ခံရည်းစားထက် အစ်ကိုကပိုအရေးကြီးတယ်

1.3K 167 15
                                    

BD
အပိုင်း၇

စက်တင်ဘာလရဲ့ မိုးကအပြင်မှာသည်းထန်စွာ ရွာသွန်းနေပေမယ့် လုပ်ငန်းခွင်တာဝန်တို့သည်ကား မိုးရွာလို့ရပ်တန့်သည်ကားမရှိ။
လေကလည်း အေးလိုက်တာ အစ်ကို တစ်‌ယောက် အိမ်မှာ အဆင်မှပြေပါ့မလား မသိ။

တစ်မနက်လုံးကျွန်တော် ဖုန်းခေါ်နေသည်ကိုလည်းမကိုင်။ မနေ့ကအလုပ်စောပြီးလို့ အိမ်ကို စောစောပြန်ပြီး သူကြိုက်တတ်သည့် နဂါးမောက်သီးနဲ့ ရွှေရင်အေးတွေကို ဝယ်သွားကာ မျက်နှာလုပ်ပေမယ့် ကျွန်တော့်ကိုအဖက်ပင်မလုပ်။
သူအမြဲလိုလို စားတတ်သည့် ‌ရွှေရင်အေးကိုပင် ထိကိုမထိ။

ဘယ်သူမှားသလဲ ကျွန်တော် တကယ် မသိတော့။ မူးလို့လုပ်မိတယ်ဆိုပေမယ့် တကယ်တမ်းက ဗီဒီယိုကြောင့်ပင်။

ဟိုသကောင့်သားစိုးဝေလွင်ကြောင့်ပင်
ရိုက်ထားလျှင်လည်း အချင်းချင်းရှိသည့်အချိန်ကျမှပြပါ့လား ဘယ်နဲ့ ကာယကံရှင်ရှေ့တွင်ပြကာကျတော့ ခက်‌‌ရောပေါ့။ တကယ်လို့ ဒီနေ့မှ အစ်ကိုစိတ်မပြေဘူးဆိုရင် အစ်ကို့အိမ်မှာနေလို့မဖြစ်တော့၊ အိမ်ကို ပြန်မှပါ...

'ဟေ့ ဟိုကလူသစ် မင်းမျဉ်းတောင် ဖြောင့်အောင်မဆွဲနိုင်ဘူးလား''

အထက်လူကြီးက မနေ့တနေ့ကမှပြောင်းလာသော လူသစ်လေးအားအော်သံကြားမှ ရှားသတိပြန်ဝင်လာတော့တယ်။ 

နေ့လည်စာစားချိန်လောက်ကျတော့ စိုးဝေလွင်ကစပ်ဖြဲဖြဲရုပ်နှင့်
"ရှား အခြေနေဘယ်လိုလဲ မင်းကိုကိုနဲ့"

"မင်းမေကြီးတော် ကိုကို မင်းအညှောင့်
ကောင်းလို့ ဟိုကဖြင့်ငါ့ကို စကားတောင်မပြောတော့ဘူး
ငါအိမ်ပြန်တော့မှာ...."

"ငါလဲမင်းညီမနဲ့နီးဖို့ ကြံမိကြံရာကြံလိုက်တာပါကွာ ဒါပေမယ့် ငါ​မေ့သွားတာ အစ်ကိုဒီးရှေ့မှာမပြသင့်တာကို"

"ဟေ့ဟေ့ ဟိုကယောက်ဖနှစ်ကောင်ကိုက်ပြီးပလား"
စိုးမြင့်ရဲ့အသံကြားတော့ သူတို့နှစ်ယောက်တိတ်ဆိတ်သွားကြသည်။
ဒီဇာတ်လမ်းကိုမသိသော တစ်ဦးတည်းသောသူမှာ ကိုစိုးမြင့်မို့ စကားစကိုရပ်ပစ်လိုက်ခြင်းပင်။

Blind Date (OC) (Completed)Waar verhalen tot leven komen. Ontdek het nu