Ep9:Idiot Brother(Unicode)

1.2K 140 19
                                    

အပိုင်း-(၉)
Idiot Brother

ကောင်လေးတစ်ယောက်ကတော့ စိတ်ကူးတွေ
အယဥ်လွန်ကာ အိပ်ပျော်နေပေမယ့် တစ်ယောက်သောသူကတော့ တက်ကြွစွာ မနက်ပိုင်းထပြေးခြင်းအလုပ်ကို ပြုနေပြီဖြစ်သည်။

ရှားသည် မနက်ငါးနာရီခွဲ alarmမြည်တာနှင့် ခြေစွပ်ရယ် Shoeဖိနပ်ရယ်ကို ကောက်စွပ်ပြီးသားပဲ။ အနည်းငယ်မိုးအေးသောကြောင့် အနွေးထည်အပြာရောင် ထူထူထဲထဲကိုဝတ်လိုက်၏။

အိမ်တွင် ထမင်းချက်သော အန်တီကြီးက
" အစ်ကိုလေးရယ် အပြင်မှာမိုးရွာမယ်ထင်တယ်
မပြေးပါနဲ့ "

" အန်တီရယ် ကျွန်တော်ပြေးနေကျပါ ဘာမှမဖြစ်ဘူး စိတ်မပူနဲ့ မာမီနဲ့ ဒယ်ဒီနိုးရင်သာ ပြောပေး။
ဝီရိယရှိတဲ့ သားလိမ္မာကလေး ထပြေးနေပါတယ်လို့တိုင်ပေး"

"ဟေ့ကောင် လူကြီးကိုဘာမှမပြောနဲ့ ငါလဲ နိုးပြီ။ ခဏစောင့် ငါပါလိုက်မယ်"

"ဒယ်ဒီပါ လိုက်မလို့လား ဒါဆို ကျွန်တော် ​ဖြည်းဖြည်းပြေးရတော့မှာပဲ။"

သူ့ဒယ်ဒီသည် သူ့စကားကိုမကြားချင်ယောင်ဆောင်ကာနေလေသည်။
ကြည့်ရတာ ဒယ်ဒီက မာမီ့သဘောကျ သားနှင့်စစ်ပြေးငြိမ်းချင်သည့်သဘောဖြစ်မယ်ထင်သည်။

သားအဖနှစ်ယောက် စကားတပြောပြောနဲ့ လမ်းလျှာက်တဲ့အခါလျှောက်၊ ပြေးတဲ့အခါပြေး၊ မောသည့်အခါ နားကြသည်။
သူ့ဒယ်ဒီကိုငဲ့ကာ ရှားသည် joggingလုပ်ကာစောင့်လေသည်။

"ပါးပါးက ကြာလိုက်တာ"

ပါးပါးဆိုတာက ရွေးလေးခေါ်နေကျအသုံးနှုန်းမို့ ဒယ်ဒီသည် သူ့ကိုမျက်လုံးလှန်ကြည့်လေသည်။

"ဟေ့ကောင် မင်းနဲ့တော့ခက်သား။ အဖေကတစ်ယောက်တည်းကို ဖေဖေ ဒယ်ဒီ ပါးပါးနဲ့ "

"ဆိုလိုတာက မာမီယောက်ျားပဲလေ"

"ဒီကောင် ခွေးသား"

သားအဖနှစ်ယောက် မတွေ့တာကြာပေမယ့် ပြေလည်တဲ့သဘောသို့ရောက်နေပြီဆိုရမည်။

ဒယ်ဒီရဲ့ သူ့အပေါ်မကျေနပ်ချက်ကတော့
တစ်အချက် သူ့သားရွေးချယ်တဲ့အလုပ်ကိုသဘောမကျခြင်း၊ နှစ်အချက် သူ့ချွေးမဖြစ်မဲ့သူကိုပါ ဆုံးရှုံးလိုက်ခြင်းဖြစ်မယ်ဆိုတာ ကျွန်တော်ကောင်းကောင်းကြီးသိပါ၏။

Blind Date (OC) (Completed)Where stories live. Discover now