Ep-29 (Uni & Zawgyi)

1K 125 14
                                    

အပိုင်း-(၂၉)

ဆံပင်အဝါရောင် မျက်လုံးအပြာရောင်နှင့်ကလေးငယ်ကို ဘေးက ဆံပင်ပိတုန်းရောင်မျက်လုံးအညိုလေးနဲ့ကလေးက မြတ်မြတ်နိုးနိုးကြည့်နေလေသည်။

မှိုင်းလေးကလဲသူ့ကိုကြည့်နေသော ကလေးငယ်ရဲ့ပါးကိုဆွဲဖျစ်လိုက်လေသည်။

ဘေးကကလေးပိစိက မှိုင်းလေးပန်းကန်ဘေးက အသားအူချောင်းကို ပါးစပ်ထဲကောက်ထည့်လိုက်လေသည်။

"အဟွတ် အဟွတ်..."

ကလေးငယ်က လည်နင်ပြိီးမျက်ရည်တို့ပင်စို့လာသည်မို့ မှိုင်းလေးကရေတိုက်ပြီးကျောကုန်းကို ပွတ်ပေးလေသည်။

"လျှမ်းလေး ဘာဖြစ်သွားသေးလဲ"

ဘေးက အမျိုးသမီးက လျှမ်းလေးဆိုသောကလေးငယ်ကိုကောက်ချီလိုက်လေသည်။ ဘေးကကလေးအဖေဆိုသောသူက ယုန်သူငယ်လိုအပြစ်ကင်းစင်ဟန်ရှိနေသော ကလေးငယ်ကိုစက်ဆုပ်ရွံရှာဖွယ် အကြည့်တို့နှင့်ကြည့်လေသည်။

"ကျစ်...မင်းငါ့သားကိုဘာလုပ်လိုက်တာလဲ"

"သူ..သူက"

မှိုင်းမိုချန်းက မျက်နှာငယ်လေးနှင့် သနားကြင်နာမှုကိုလိုချင်သောမျက်ဝန်းတို့နှင့်ကြည့်နေရင်း မျက်လုံးစွန်နားတွင်မျက်ရည်စတို့ပင်စို့လို့လာလေသည်။

လင်းမိုချန်းဆိုသောသူကတော့ သနားကြင်နာမှုအလျှင်းမရှိသောမျက်လုံးတို့ဖြင့် ကလေးငယ်ကိုကြည့်ကာ ရိုက်ဖို့လက်ရွယ်လိုက်တော့ ဘေးကအမျိုးသမီးကဝင်တားလေသည်။

"ကိုရယ် ကလေးအချင်းချင်းပဲဟာ...လျှမ်းလေးလဲဘာမှမဖြစ်တာပဲကို"

မှိုင်းလေးထိုအမျိုးသမီးကိုကြည့်ပြီး မေမေ့ကိုသတိရသွားလေသည်။ ဝမ်းနည်းစိတ်တို့လျှံကျလာကာ မျက်ရည်တို့ကျလာလေသည်။

"မေမေ...မေမေ"

ထိုအမျိုးသမီးရဲ့ စကပ်စကိုဆွဲကာ ​ငိုလေသည်။

"မငိုပါနဲ့ကွယ် ဦးကဒီတိုင်းအော်လိုက်တာ...သားသားကလိမ်မာပါတယ် သားနာမည်ကဘယ်လိုခေါ်လဲ"

"မှိုင်း...မှိုင်းမို."

"နာမည်လေး​ကော လူကောချစ်စရာလေး"

Blind Date (OC) (Completed)Where stories live. Discover now